09 June, 2020

သင်ယူမှုကို အကဲဖြတ်ခြင်း


မြန်မာနိုင်ငံကျောင်းတွေမှာ စာမေးပွဲစနစ်ကို ပြင်ဖို့ ပြောတဲ့အခါတိုင်း “စာမေးပွဲမရှိရင်ဘယ်ဖြစ်မလဲ၊ နာနာစစ်ရမယ်” စတဲ့တုံ့ပြန်မှုတွေ မကြာခဏ ကြားရပါတယ်။

အစဉ်အလာစစ်နေကြတဲ့ စာမေးပွဲတွေဟာ သင်ထားသမျှစာတွေကို ကျောင်းသားက ဘယ်လောက်မှတ်မိသလဲဆိုတာ တခြားသူ (ဆရာ၊ ကျောင်း၊ ပညာရေးဌာနတို့) က တိုင်းတာခြင်း ဖြစ်ပါတယ်။ များများမှတ်မိသူကို အမှတ်များများ ပေးပါတယ်။ ဒီစစ်ဆေးနည်းက ကျောင်းသားရဲ့ သင်ယူမှုနည်းလမ်းတွေ ဖွံ့ဖြိုးလာတာ၊ အသိဥာဏ်အဆင့်ဆင့်တိုးတက်လာတာတွေကို တိုင်းတာခြင်းမပြုပါဘူး။ ရမှတ်ကိုဘဲ အခြေခံတဲ့ စာမေးပွဲတွေကြောင့် ကျောင်းသားတွေကလည်း အမှတ်များများရဖို့သာ အာရုံစိုက်ကြပါတယ်။ ဒီနည်းစနစ်က ကျောင်းသားရဲ့ သင်ယူမှုကို ဖျက်ဆီးရာရောက်ပါတယ်။ 

လေ့လာသင်ယူမဲ့ အကြောင်းအရာကို ကျောင်းသားကိုယ်တိုင် စူးစမ်းရှာဖွေ၊ ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး အသိဥာဏ်ကို ကိုယ်တိုင် တည်ဆောက်ခြင်းက အထိရောက်ဆုံးသော သင်ယူမှု ဖြစ်ပါတယ်။

ကျောင်းသားတစ်ဦးစီရဲ့ အတွေ့အကြုံ၊ အတွေးအခေါ် အယူအဆတွေကို အတန်းဖေါ် သူငယ်ချင်းတွေနဲ့ရော ဆရာနဲ့ပါ တိုင်ပင် ဆွေးနွေးခြင်းအားဖြင့် အသိဥာဏ်အသစ်တွေ ထပ်မံ ရရှိပါတယ်။ ဒီလိုနည်းနဲ့ သင်ယူခြင်းက သင်ယူမှုနည်းလမ်းတွေ ဖွံ့ဖြိုးလာပြီး ရာသက်ပန်သင်ယူမှုကို အားပေးပါတယ်။
ကျောင်းသားကိုယ်တိုင် အားထုတ်သင်ယူတဲ့အခါ ဆရာတွေက ကျောင်းသားရဲ့ သင်ယူမှုပန်းတိုင် ချမှတ်နိုင်ဖို့ အကူအညီ ပေးပါတယ်။ ကျောင်းသားတွေ သင်ယူမှုမှာ အခက်အခဲ ရှိလာတဲ့အခါ အတွေ့အကြုံရှိတဲ့ ဆရာက နည်းလမ်းပြပါတယ်။ ပညာရေးဌာနနဲ့ စာသင်ကျောင်းက ကျောင်းသားတွေရဲ့ သင်ယူမှုကို အားပေးဖို့ သင်ယူမှုပါတ်ဝန်းကျင် Learning Community တည်ဆောက်ပေးပါတယ်။

အောက်မှာဖေါ်ပြထားတဲ့ ဇယားက စစ်ဆေးနည် (၃) မျိုးကို နှိုင်းယှဉ်ထားပါတယ်။ စစ်ဆေးနည်း တစ်မျိုးစီမှာ ကျောင်းသား၊ ဆရာနဲ့ ပညာရေးဌာနတို့ရဲ့ ပါဝင်မှုကိုလည်း ဖေါ်ပြထားပါတယ်။

 Credit : Dr Thein Lwin (TCF)

29 April, 2020

The Sniper

အိုင်ယာလန်ပြည်တွင်းစစ်ကို အခြေခံထားတဲ့ The Sniper ဝတ္ထုတိုလေးဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ဆင်ခြင်မိစေပါတယ်။ The Sniper ဝတ္ထုက “ပြည်တွင်းစစ်မှာ အနိုင်ရသူ မရှိပါ” ဆိုတဲ့ သင်ခန်းစာကို ပေးပါတယ်။ (Moral lesson of the story is no one wins in a civil war.)
စာရေးသူ Liam O’Flaherty (1896-1984) ဟာ အိုင်းရစ်လူမျိုး စာရေးဆရာ ဖြစ်ပါတယ်။ ငယ်စဉ်က စစ်သားတစ်ဦးဖြစ်ပြီး စစ်ပွဲမှာ ဒါဏ်ရာရခဲ့ပြီးနောက် စာရေးဆရာ ဖြစ်လာပါတယ်။
ဝတ္ထုကောင်းဖြစ်ပါတယ်။ သုံးမျက်နှာပဲရှိပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။
Credit : https://www.facebook.com/Dr.TheinLwin






 

17 April, 2020

၁၃၈၂ ခု ၊ သင်္ကြန်စာ ၂၀၂၀ ခုနှစ်




မဟာသင်္ကြန် ကျချိန် - ၁၃၈၁ ခု ၊ နှောင်းတန်းခူလပြည့်ကျော်(၆)ရက် ၊ ၂၀၂၀ခုနှစ်၊ဧပြီလ(၁၃)ရက် တနင်္လာနေ့ မြန်မာစံတော်ချိန် ညစက်(၁၁)နာရီ၊ (၃၄) မိနစ်၊ (၁၈) စက္ကန့်။

မဟာသင်္ကြန်အကြတ်မနေ့ - ၁၃၈၁ ခု၊ နောင်းတခူးလပြည့်ကျော်(၇)ရက် ၊ ၂၀၂၀ ခုနစ်၊ဧပြီလ(၁၄)ရက်၊ အင်္ဂါနေ့နှင့် နှောင်းတန်ခူးလပြည့်ကျော်(၈)ရက်၊ ခရစ်နှစ် ၂၀၂၀ခုနှစ် ဧပြီလ(၁၅)ရက် ၊ ဗုဒ္ဓဟူးနေ့(ဤတွင် မဟာသင်္ကြန်အကြတ်နှစ်ရက် ဖြစ်သည်)

မဟာသင်္ကြန်အတက်ချိန် - ၁၃၈၁ ခု၊ တန်ခူးလပြည့်ကျော် (၉)ရက်၊ ခရစ်နှစ် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆)ရက်၊ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက်စက် (၃)နာရီ (၃၉)မိနစ် (၀) စက္ကန့်။

နှစ်ဆန်းတစ်ရက် - ၁၃၈၂ ခုနှစ် ၊ တန်ခူးလပြည့်ကျော်(၁၀)ရက် ၊ ခရစ်နှစ် ၂၀၂၀ ခုနစ်၊ဧပြီလ(၁၇)ရက် ၊ သောကြာနေ့။ သုဒ္ဓဒိန်-၁ ဤနှစ်သည် ၀ါငယ်ထပ်သောနှစ်ဖြစ်သည်။

ဇယျတု သဗ္ဗမင်္ဂလံ။ အချင်းယူဇနာ(၅၀)၊ လုံး၀န်းယူဇနာ (၁၅၀)အတွင်းကားရွှေ၊အပကား ဖလ် အတိပြီးသော ရောင်ခြည်တစ်ထောင်ဆောင်သော ၊ ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် တပေါင်းဖြစ်သော မိရာသီ ရေ၀တီနက္ခတ် စုတ္ထပါဒ် အ၀ဿန်န၀င်းမှ တန်ခူးဖြစ်သော မိဿရာသီ အဿ၀နီနက္ခတ် ပထမပါဒ် အာဒိန၀င်းထက်သို့ တွက်စစ် ကောဇာနှစ်သင်္ချာကား၊ ၁၃၈၁ ခု ၊ နှောင်းတန်းခူလပြည့်ကျော်(၆)ရက် ၊ ၂၀၂၀ခုနှစ်၊ ဧပြီလ(၁၃)ရက် တနင်္လာနေ့ မြန်မာစံတော်ချိန် ညစက်(၁၁)နာရီ၊(၃၄) မိနစ်၊(၁၈) စက္ကန့်။ မြန်မာပဟိုလ်ညဉ့် -၁ ချက်တီးကျော် ၆-နာရီ၊ ၀-ပါဒ်၊ ၆-ဗီဇနာ၊ ၂၁-ခရာအချိန် ဓနုရာသီစန်း၊ တနင်္ဂနွေဟောရက် ၊ အင်္ဂါတြင်း၊ တနင်္လာန၀င်း၊ အင်္ဂါဒွါဒသင်း၊ ကြာသပတေးတိံသင်း၊ နက္ခတ်-၁၈လုံး၊ ၃-ပါဒ်၊ ၁-ဃဋီ၊ ၁၃-၀ိဃဋီ၊ ၅၃-အနုဃဋီ ပြည့်ထက်လဂ်စီးလျက်၊ ထိုနာရီ၏ မွန်းတည့်နက္ခတ်သော်ကား စိတြနက္ခတ် ၁၇၈-အံသာ၊၃၅-လိတ္တာတွင် ဗိသျှတိကရိုဏ်းနှင့်ယှဉ်လျက်၊ ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် နွားနို့သစ် အဆင်းနှင့်တူသော အ၀တ်တန်ဆာကို၀တ်ဆင်လျက် ၊ မြွေကိုစီး၍၊ လက်တစ်ဖက်ကား အဲမောင်း၊ ကျန်လက်တစ်ဖက်ကား ချွန်းတောင်းကိုကိုင်၍ ၊ အနောက်‌မြောက်ထောင့်ကသည် တောင်သို့၀င်၏ ။ ကညာ‌ဒေ၀ီနတ်သမီးကား အလှည့်စေ့၍ ပရမိသွာနတ်မင်း၏သား & အာသီ &အမည်ရှိသော ဗြဟ္မာမင်း၏ဉီးခေါင်းကို ကမ်းသည်ရှိသော်ဓံသီနတ်သမီးကား ရွှင်သောမျက်နှာဖြင့်၊ လှမ်းလင့်၏ ၊ ဃောရသဒေ၀ီနတ်သမီးကား အဖြူ အနီ အစိမ်း အပြာ အ၀ါအားဖြင့် ငါးပါးသောအဆင်းဖြင့် ပြီးသော အ၀တ်တန်ဆာကို၀တ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏ ။

ထို့ကြောင့် မိုးဉီး တံ့အံ့၊ မိုးလယ် မိုးနှောင်းကောင်းအံ့၊ မိုးတဖျင်းသုံးရွာအံ့၊ လူတို့အနာအဖျားများကုန်အံ့၊ အဆိပ်ထန်သောမြွေထူအံ့၊ မြွေခဲ၍ သတ္တ၀ါတို့ဘေးဖြစ်ကုန်အံ့၊ပြည်ရွာဟူသမျှ ဉပါဒ်ဖြစ်အံ့၊ ကုန်သည်တို့၌ကား ဒဏ်ရှိအံ့၊ ပြည့်ရှင်မင်းနှိပ်စက်အံ့၊ ညမင်း မိန်းမတို့ အမှုအခင်းဖြစ်သည်များအံ့၊ ဗြဟ္မာပြည်ပျက်အံ့၊ ဆား ၊ ဆေးရှားအံ့။ (ဤကား မဟာသင်္ကြန်အကျအဟောတည်း)

သင်္ကြန်သုံးပါးတို့တွင် သမန္တမဟာသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် ၂၄ မိနစ် ရောက်သောအချိန်၌ ဉီးခေါင်းဆေးမင်္ဂလာပြုရာ၏။ ဤကားအများနှင့်သက်ဆိုင်သောအခါပေတည်း။ အသီးအသန့် ၀ိသေသအခါပေကား သင်္ကြန်ကျသည့်အချိန်တွင် သင်္ကြန်ကျမြေခံသည် တိထီ ၆-လုံး ၂-ဃဋီ၌ ဣဌ အင်္ဂါမြေခံဖြစ်သည်။ သင်္ကြန်ကျသည်ရက်မှာ တနင်္လာနေ့ဖြစ်သည် ။ သို့ဖြစ်ရာ သင်္ကြန်အကျမြေခံအင်္ဂါနေ့ဖွား သားသမီးနှင့် သင်္ကြန်အကျနေ့ တနင်္လာနေ့ဖွားသားသမီးတို့မှ ကြွင်းကျန်သော နေ့သားသမီးတို့သည် မိမိတို့နေ့အလိုက် ဂဟပတိအရပ်ကား - တနင်္ဂနွေနေ့ဖွားသားသမီးတို့အတွက် မိမိမွေးနံကျရာ တနင်္ဂနွေနံ အရပ်ဖြစ်သော အရှေ့မြောက်အရပ်ကို ပရိ၀ါရမှဆက်၍ အာယု နဂရ ဘုမ္မိ ဂဟပတိဟုရေတွက်၍ လက်ယာရစ်အားဖြင့် အရပ်မျက်နှကို လှည့်၍ယူရာတွင် အနောက်တောင်ထောင့်အရပ်သည် ဂဟပတိအရပ်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဟူးနေ့သားသမီးကား မြောက်အရပ်၊ စနေသားသမီးကား အရှေ့မြောက်ထောင့်အရပ်၊ ကြာသပတေးသားသမီးကား အရှေ့ရပ်၊ ရာဟုသားသမီးကား အရှေ့တောင်ထောင့်အရပ် ၊ သောကြာသားသမီးကားတောင်အရပ် ၊မျက်နှာမူပြီးလျင်မိမိတို့နံ၏ အမြစ်သော
တနင်္ဂနွေကား-ဒန်း၊ ဗုဒ္ဓဟူး-မြေစာ၊ ကြာသပတေး -ချယား(ရွက်လှ)၊ သောကြာ-သပြေ၊ စနေ-သီး၊ ရာဟု-မြေစာ အမြစ်နှင့်နံတူပန်းတို့ကို နင်းကြမ်းပြု၍ မိမိတို့၏ အညွန့်ပန်းဖြစ်သော
တနင်္ဂနွေ-ကံ့ကော်၊ ဗုဒ္ဓဟူး--သပြေ၊ ကြာသပတေး-သီး၊ သောကြာ-ဒန်း၊ စနေ-အုန်း၊ ရာဟု-သပြေ ပန်းညွန့်တို့ကို အသီးသီးဆောင်လျက် ရတနာသုံးပါး မိဘဘိုးဘွား ဆရာသမား သိကြား ဗြဟ္မာ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေ၀နတ်ကောင်းတို့ကို ပူ‌ဇော်ကန်တော့ပြီး မိမိတို့လိုရာဆုတောင်း ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။

နေ့နံအလိုက်
တနင်္ဂနွေ
ဤနှစ်တွင် အပေါင်းအသင်းမှား၍ ဒုစရိုက်နှင့်မလွတ်ကင်းနိုင်သောကြောင့် သတိနှင့်ရှောင်ကြဉ်ရအံ့။ ဖခင်ဂုဏ်သတင်းကျော်ဇောအံ့။ အကျိုးတူလုပ်ငန်းများရှောင်ကြဉ်သင့်သည်။ အထက်လူကြီးထံမှ စောင့်ရှောက်မှုရရှိအံ့။ သားသမီးအကျိုးခံစားခွင့်နည်းအံ့။ ပညာရေးတွင်ကြိုးစားသလောက်ထူးချွန်နိုင်အံ့။ ဂုဏ်ရှိန်ကြီးမားသော အသိုက်အ၀န်းမှဖူးစာဆုံအံ့။စစ်မှန်သောဖူးစာရှင်နှင့်ဆုံစည်းနိုင်အံ့၊ ကြာသပတေး သောကြာအကျိုးပေးမည်။အင်္ဂါနှင့်အကျိုးတူရှောင် စက်မှု အိမ်ခြံမြေ ပညာရေး၀န်ဆောင်မှုလုပ်ငန်းတို့ အကျိုးပေးကောင်း၏။ ကျန်းမာရေး အဆုတ် အသည်း ‌‌ဝေဒနာ၊မကြာခဏခေါင်းကိုက်ဖြစ်ပွားနိုင်အံ့။
ယတြာ= နံနက် ၉ နာရီ ရာဟုနံဘုရား ဖက်ဖူးစိမ်း၀တ်ဆင်လျက် ကံ့ကော်(၉)ညွန့်လှူ

တနင်္လာ
ဤနစ်တွင်အပေါင်းသင်းမိတ်ဆွေများတိုးပွားအံ့။ ဇနီးသည်နှင့်သဘောထားကွဲလွဲနိုင်အံ့။ ဆွေမျိုးသားခြင်းများနှင့် အကျိုးတူလုပ်ငန်းများ အကျိုးပေးနည်းအံ့။ လူမှုရေးရှုပ်ထွေးမှုများကြုံနိုင်အံ့ ။ လစ်ဟင်းသော စီမံခန့်ခွဲမှုကြောင့် အမြတ်အစွန်းနည်းအံ့ ။ ပျိုရွယ်သူများချစ်ခင်စုံမတ်သူများအံ့ ။ အလှူရေစက်လက်နှင့်မကွာလှူနိုင်အံ့ ။ ထင်ပေါ်ကျော်ကြားအံ့။ ဇနီးဘက်မှ ဆွေမျိုးများနှင့်အချင်းများအံ့။ လူလိမ်ငွေလိမ်ခံရအံ့၊ ပညာရေးတွင် ထူးချွန်သောနှစ်ဖြစ်အံ့၊ တနင်္လာ ဗုဒ္ဓဟူးမွေးတို့နှင့် အကျိုးပေးကောင်းအံ့။ ရေသန့် ကျောက်မျတ်တူဖော်ရေး အလှကုန် အလှပြင် အကျိုးပေးအံ့။ ဆီး ကျောက်ကပ် အစာအိမ် အူလမ်းကြောင်း ‌‌ဝေဒနာဖြစ်နိုင်အံ့။
ယတြာ = မွေးနေ့ နံနက် ၉း ၁၈ အချိန် သောကြာနံဘုရားတွင် ကြည်ပြာရောင်၀တ်ဆင်လျက် ဒန်းညွန့် (၉)ညွန့်ကပ်လှူပါ

အင်္ဂါ
ဤနှစ်တွင် လူမှုဆက်ဆံရေး၌ အပြောအဆိုမှားတက်အံ့ ၊အပေါင်းအသင်းမိတ်ဆွေများနှင့်စိတ်ဝမ်းကွဲတက်အံ့။ ဂုဏ်ဒြပ်ကျော်ဇော်အံ့။ စီးပွားရေးတွင် အခွင့်အလမ်းကောင်းများနှင့်ကြုံတွေ့ရအံ့။ အိမ်ထောင်ရေးသဘောထားကွဲလွဲမှုများ မကြာခဏကြုံရအံ့။ စိတ်တည်ငြိမ်စွာ လုပ်ငန်းကိစ္စများဆောင်ရွက်လျှင် ပိုမိုအောင်မြင်အံ့ ။ အချစ်ရေးတွင် စန်းပွင့်သော်လည်း အိမ်ထောင်ရေးတွင် အလျဉ်စလိုမ ဆုံးဖြတ်သင့်၊ ပညာရေးတွင်အခွင့်လမ်းကောင်းများနှင့်ကြုံတွေ့နိုင်ပြီး ကြိုးစားလျှင်ရည်မှန်းချက်အောင်မြင်အံ့ ။ တနင်္ဂနွေ ကြာသပတေး အကျိုးပေးမည်။ စာပေ သစ်သီး ဆေး ဆေးပစ္စည်း ရောင်းဝယ်ရေးအကျိုးပေးအံ့။ ဦးနှောက် နှင့်အာရုံကြော ကျီးပေါင်းရောဂါခံစားရအံ့။
ယတြာ = မွေးနေ့ နံနက် (၉း ၅၄ )တနင်္ဂနွေဘုရားတွင် ပန်းရောင်ဝတ် အုန်း (၇)ညွန့်လှူ

ဗုဒ္ဓဟူး
ဤနစ် စီးပွားရေးအတွက် ပြည်တွင်း ပြည်ပခရီး မကြာခဏသွားရအံ့။ အပေါင်းသင်းတို့မှ ငွေကြေးနှင့်လုပ်ငန်းအထောက်အပံ့ရရှိတက်အံ့။ လူမှုရေးပရဟိတ အထူးလုပ်ဆောင်ရအံ့။ မောင်နှမ ဆွေမျိုးသားချင်းတို့၏ ငြိုငြင်မှုခံရသော်လည်း ၎င်းတိုမှ အကူအညီအထောက်အပံ့ပေးနိုင်အံ့။ သားသမီးအတွက် စိတ်ပူပန်ရအံ့ ။ နာမည်ဂုဏ်သတင်းကျော်ဇော်အံ့။ ပညာရေးတွင် ထူးချွန်အောင်မြင်အံ့ ။လုပ်ငန်းဟောင်းမှ အခွင့်အလမ်းကောင်းများကြုံရအံ့။ အထက်လူကြီးမြှောက်မစားမှုခံရအံ့။ အများနှင့်မတူ ကြိုးစားမှုကြောင့် ရည်မှန်းချက်အောင်အံ့။ သတ္ထု ရေနံ ကျောက်မျတ် ထီလုပ်ငန်းတို့အကျိုးပေးအံ့။ နှလုံး အကြောအဆစ်ရောင်ရမ်းသော‌ရောဂါဖြစ်နိုင်အံ့။
ယတြာ = မွေးနေ့ နံနက် (၉း၅၄) တနင်္လာနံဘုရား ပန်းနု‌ရောင်၀တ်ဆင် ပေါက်ပန်းဖြူ(၅)ပွင့်ကပ်။

ရာဟု
ဤနှစ်တွင်ငွေရလမ်းကောင်းသော်လည်း လူမှုရေးကိစ္စများကြောင့် အကုန်အကျများအံ့။ ပညာရေးတွင် ကံကောင်းနိုင်သော်လည်း နှလုံးသားရေးရာကိစ္စကြောင့် နှောင့်နှေးနိုင်အံ့ ။ လူမှုဆက်စံရေးတွင် ပရိယာယ်ကြွယ်ဝစွာနေထိုင်မှုကြောင့် အခွင့်လမ်းကောင်းများရရှိနိုင်အံ့ ။ အိမ်ထောင်ရေးတွင် နားလည်မှုလွဲမှားမှုကို ရှောင်နိုင်လျှင် သာယာအံ့။ ကျောက်မျတ် သတ္ထု ပရိဘောဂ ယာဉ်ကား အကျိုးပေးကောင်းအံ့။ ဆီး ကျောက်ကပ် ဦးနှောက်အာရုံကြော ဝေဒနာဖြစ်နိုင်အံ့ ။ အကျိုးရှိသော ပြည်ပခရီး မကြာခဏသွားရအံ့ ။
ယတြာ = မွေးနေ့ နံနက် (၉း၉) အချိန် စနေနံဘုရား မီးခိုးရောင်ဝတ် နှင်းဆီ (၃)ပွင့်ကပ်လှူ

ကြာသပတေး
ဤနှစ်တွင် လွဲမှားသောဆုံးဖြတ်ချက်နှင့် သူတပါး ပစ်တင်ကဲ့ရဲ့မှုရှောင်နိုင်လျှင် အထူးအောင်မြင်အံ့။ မထင်မှတ်ပဲ ရပ်ဝေးမှဖူးစာရှင်နှင့်တွေ့ရအံ့ ။ အမျိုးသမီးများ ချမ်းသာဂုဏ်မောက် ကြွားဝါမှုရှောင်ကြဉ်သင့်သည်။ အာဏာပိုင်အဖွဲ့စည်းများ၏ ကူညီမှုပံ့ပိုးမှုရရှိတက်၏ ။ ဒေါသထိန်း၍ အများနှင့်လိုက်လျောညီစွာနေနိုင်လျှင် ကံကောင်း၏။ အိမ်ထောင်ရေးတွင်မကြာခဏ ငြင်းပွားရတက်အံ့ ။ တနင်္ဂနွေ သောကြာသားသမီးတို့ အကျိုးပေးကောင်းအံ့။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း သစ်သီး ခရီးသွားလုပ်ငန်းအကျိုးပေးအံ့။ ပညာသင်ဆုရနိုင်အံ့။ ဘာသာရေးအောင်မြင်အံ့ ။ ခါး ဒူ မျက်စိ ‌‌ဝေဒနာခံစားရနိုင်အံ့။
ယတြာ = မွေးနံ နံနက် (၉း၂၇) ဗုဒ္ဓဟူးနံဘုရား လိမ္မော်ရောင်ဝတ် မြတ်လေးပန်း (၉)ပွင့်ကပ်လှူ

သောကြာ
ဤနှစ်တွင်မထင်မှတ်ထားသောငွေ အစုလိုက်အပြုံလိုက် ဝင်ကိန်းရှိသည်။စကားမှားမှုကြောင့် အထင်လွဲခံရတက်သည် ။ ထီပေါက်ကိန်းရှိအံ့။ အိမ်ထောင်ရေးမကြာခဏဆိုသလို အထင်မြင်လွဲမှားမှုကြုံရအံ့။ တစ်ခုလပ် မုဆိုဖို မလွတ်မလပနှင့် ဆုံရတက်အံ့ ။ ပြည်ပခရီးမကြာခဏသွားရတက်အံ့ ။ လူယုံလွယ်မှုကို သတိထားဆင်ခြင်သင့်သည်။ နှလုံးသားရေး ဉီးစားမပေး ပညာရေးဦးစားပေးပါက အထူးအောင်အံ့ ။ ကြာသပတေး စနေ တနင်္ဂနွေနှင့်အကျိုးပေးမည်။ စားသောက်ဆိုင် ဓါတ်ပုံ ရွှေသန့်စင်လုပ်ငန်း အကျိုးပေးမည်။သွား ခံတွင်း အရိုး မီးယပ် ဝမ်းဗိုက် ဝေဒနာဖြစ်အံ့ ၊
ယတြာ = မွေးနေ့ နံနက် (၉း၉) ကြာသပတေးနံဘုရား ခဲရောင်ဝတ်ဆင် တောင်ဇလပ်ပန်း (၅)ပွင့်ကပ်လှူ


စနေ
ဤနှစ်တွင် မိတ်ဆွေရင်ချာများနှင့် အကျိုးတူလုပ်ငန်းများတွင် သဘောထားကွဲလွဲမှုရှိအံ့ ။ လုပ်ငန်းသစ်များထူထောင်ရအံ့ ။ မဟုတ်မမှန်စွတ်စွဲချက်များခံရတက်အံ့ ။ သြဇာကြီးသူမှ ကူညီစောင့်ရှောက်မှုခံရအံ့။ ရာထူးပြောင်ရွှေ့ကိန်းရှိအံ့ ။ ပညာရေးကြိုးစားပါက ထူးချွန်အောင်မြင်အံ့ ။ တပြည့်တပန်းတို့မှ အကူအညီရအံ့ ၊ ရပ်ဝေး၌လုပ်ငန်းအောင်မြင်အံ့။ ချစ်မှုရေးရာကံခေတက်ပြီး အိမ်ထောင်ကျကံမကောင်းပါ။ အများအကျိုးအတွက် လူများကို ဦးဆောင်နိုင်သော အစွမ်းသတ္တိနှင့်
ပြည့်စုံအံ့ ၊ ဗုဒ္ဓဟူး သောကြာဖွားတို့နှင့် အကျိုးတူအောင်မြင်အံ့ ၊ ရုပ်ရှင် သံနှင့်သံမဏိ သစ်သီးယိုလုပ်ငန်းအကျိုးပေးအံ့ ။ ဝမ်းဗိုက်နှင့်ပါတ်သက်သော ဝေဒနာဖြစ်ပွားနိုင်အံ့ ။
ယတြာ = မွေးနေ့ နံနက် (၉း၄၀)အင်္ဂါနံဘုရား သနပ်ခါးရောင်ဝတ် နှင်းပန်း (၉)ပွင့်လှူ


15 July, 2019

ဝါဆိုသင်္ကန်းကပ်ပွဲ

ဒီနေ့ ရန်ကုန်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာသင်္ချာဌာနရဲ့ ဝါဆိုသင်ကန်းကပ်ပွဲကို နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာသင်္ချာဌာနတွင် ပြုလုပ်ခဲ့ပါသည်။









07 July, 2019

ယူနီကုဒ်

အောက်တိုဘာ ၁ ရက်ကစပြီး တနိုင်ငံလုံး ယူနီကုဒ်စနစ် သုံးမယ်ဆိုလို့ ဘလော့ကို ယူနီကုဒ် နဲ့ စရေးကြည့်ပါတယ်။ အရင် ပိုစ့်တွေကိုလည်း ယူနီကုဒ်ပြောင်းကြည့်ရဦးမယ်။

11 June, 2019

အဖော်

မြခက်မလိုဘူး။ ဖိုးညီ တယောက်တော့ လိုချင်မိသား။

03 May, 2019

အာဆင်နယ်

အာဆင်နယ်က ယူရိုကပ် ဆီမီးမှာ ဗလင်ဆီယာနဲ့ တွေ့ပါတယ်။ အရင် မှတ်တမ်းအရ ဗလင်ဆီယာနဲ့ တွေ့တဲ့အခါ အိမ်ကွင်း ၂ - ၁။ အ ဝေး ကွင်း ၁-၀ နဲ့ ထွက်ခဲ့ဖူးပါတယ်။ အိမ်ကွင်းမှာစနိုင်ပါတယ်။ အဝေးကွင်း တချိန်လုံးပိတ်ကစား၊ ပွဲပြီးခါနီး ဂျွန်ကာရူးက ခေါင်းတိုက်သွားလို့ ၁-၀ နဲ့ ရှုံး။ အ ခု တော့ ဘယ်လိုနေမလဲ။ အာဆင်နယ် စပိန်အသင်းတွေနဲ့ကစားတဲ့အခါ စိတ်အမြဲပူမိတယ်။

16 March, 2019

အိပ်မပျော်သည့်ည

အိပ်မပျော်တာက မအိပ်ချင်သေးလို့ပါဗျ။ အိပ်ချင်အောင်လည်း မကြိုးစားချင်လို့ဖြစ်ပါလိမ့်မယ်။ လင့်အင်ပတ် ရဲ့ သီချင်းတွေ ကြည့်နေမိပါတယ်။ ချက်စတာရေ ကိုယ်သေချင်တဲ့ပုံစံနဲ့ သေနိုင်ခဲ့လို့ ။ ဘာပြောရမှန်းတောင်မသိဘူး။ ခင်ဗျားကို သတိရတယ်ဗျ။ ခင်ဗျားမရှိတဲ့ လင့်အင်ပတ် ဘယ်လိုခရီးဆက်ကြမလဲ။

15 March, 2019

အာဆင်နယ် နှင့် ကျွန်တော်

ကျွန်တော်က အာဆင်နယ် အားပေးသူပါဗျ။ ယူရိုပါလစ်ဒ် မှာ အာဆင်နယ် အဝေးကွင်းမှာ Rennes အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲကစားတာကို Live မကြည့်ရပါဘူး။ နောက်မှ ကြည့်လိုက်တာပါ။ နောက်တဆင့်အတွက် စိတ်မပူမိဘူး။ အာဆင်နယ်က အိမ်ကွင်းမှာ အင်တာလိုအသင်းကို ၁-၃ ရံှုးပြီး အဝေးကွင်းမှာ ၅-၁ နဲ့နိုင်တာ။ အဲဒီတော့ ရလာဒ်တွေကိုပဲ စောင့်ကြည့်မိပါတယ်။ အာဆင်နယ် vs Rennes ပွဲက ၃ - ၀ တဲ့။ အာဆင်နယ် နောက်တဆင့် တက်ပါပြီဗျ။ ဖိုက်တင်း။

01 March, 2019

စိတ်မကောင်းပါ

ဖြစ်နေတာတွေအတွက် စိတ်မကောင်းပါဘူး။ ကိုယ်အလေးစားဆုံး၊ ကိုယ်တန်ဖိုးအထားဆုံးအဖွဲ့ရဲ့ အဆိုးဝါးဆုံးကြုံတွေ့ အခက်ခဲဆုံး အချိန်ဖြစ်နေပါတယ်။ ကိုယ်ကိုတိုင်လည်း ဘာမှမလုပ်ပေးနိုင်ဘူး။ ဘယ်လိုနလံထူအောင် ဝိုင်းလုပ်ကြမလဲ။ အားလုံးဝိုင်းကူကြဖို့လည်းလိုပါ့မယ်။

ဗကသများအဖွဲ့ချုပ်အဓွန့်ရှည်ပါစေ။

ကြည်ထင်ပေါ်(၈၈ မုံရွာခရိုင် ဗကသ ဟောင်း)