21 September, 2009

Post အသစ်မတင်ဖြစ်တဲ့အကြောင်း

ကျွန်တော်တို့သုံးနေတဲ့ iPStar ကဒေါင်းသွားတယ်ဗျ။ ဒေါင်းရတဲ့အကြောင်းကလည်း ကျွန်တော်တို့ဆီကို ဖုန်းသုံးစွဲခ ၂ နှစ်စာ ၁၂၀၀၀၀ ကျပ် ကျသင့်ကြောင်း တောင်းခံလွှာရောက်လာပါတယ်။ အဲဒီအကြွေးမပေး ရသေးလို့ပါတဲ့။ နောက်စာမေးပွဲတွေကနီး အလုပ်ကတော်တော် များနေတာကြောင့်ပါဗျာ။ 

09 September, 2009

ကောင်းမွန်တဲ့ Soft Ware များတဲ့

ကောင်းမွန်တဲ့ Soft Ware များ အကြောင်းရေးပါလို့ ကိုTayzar ကလာပြောသွားပါတယ်။

မရေးရသေးဘူးဗျ။ စဉ်းစားတုန်း အဟီး။ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်သမားဆိုတော့ သိပ်မသိဘူးဗျ။ လာပြောသွားတဲ့သူကိုတောင် အားနာမိတယ်။

01 September, 2009

ကျူတာအောင်စာရင်း ထွက်ပြီ

မနေ့က ၃၁-၈-၀၉ နေ့မှာ Tutor / Demonstrator အောင်စာရင်းထွက်ပါတယ်။ အနေနီးတဲ့ ၃ ယောက်ထဲမှာ ၂ ယောက်ပဲ ကျူတာဖြစ်သွားတယ်။ ဇာဇာမိုးက ရေနံချောင်း၊ သူဇာနွယ်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တဲ့။ ပါသွား တဲ့သူတွေအတွက် ၀မ်းသာရသလို မပါတဲ့ ၀ါဝါအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ မပါသွားတာ ကံကောင်း တာလား၊ ကံဆိုးတာလားကတော့ ငွေရောင်ပိတ်ကားပြင်ပေါ်မှာပဲ ဆက်လက်စောင့်ကြည့်ရမှာပါ။