29 October, 2009

Desktop Background ပုံအသေ

ကျွန်တော်တို့တတွေ ကိုယ်နှစ်သက်ရာပုံလေးတွေကို Desktop Background အဖြစ် တင်ထားတတ်လေ့ ရှိကြပါတယ်။ တခါတလေ ကိုယ်ကကိုယ်ကြိုက်တာတင်ထားလိုက်၊ တခြားသူက သူကြိုက်တာတင်သွား လိုက်နဲ့ လုံးခြာလည်လိုက်ဖူးကြမှာပါ။ သူကြိုက်တဲ့ပုံက ရိုးရိုးသားသားပုံဆိုရင်တော်သေးရဲ့။ ဒီလိုမဟုတ်ဘဲ နောက်ချင်၊ ပြောင်ချင်လို့ မဟုတ်ကဟုတ်ကပုံတွေတင်သွားရင် တော်တော်စိတ်ကသိကအောက် ဖြစ်ရ ပါတယ်။ အခု ကျွန်တော်ရေးမယ့်နည်းကတော့ Desktop Background ပုံပြောင်းလို့မရဘဲ၊ အသေ ဖြစ်အောင် လုပ်တဲ့နည်းပါ။ Windows XP မှာရော Vista မှာပါ အလုပ်ဖြစ်ပါတယ်။ Windows 7 နဲ့တော့ မစမ်းရသေးဘူးဗျ။ ဒါပေမယ့် အလုပ်ဖြစ်မှာပါ။ ကဲပြောနေကြာရဲ့ ၊ စလိုက်ပါပြီ။

Windows Start Button ကနေတဆင် run ကိုခေါ်လိုက်ပါမယ်။ အဲဒီမှာ gpedit.msc လို့ရိုက်ထည့်ပြီး Enter နှိပ်ပါမယ်။

Local Computer Policy==>User Configuration==>Administrative Templates Desktop==>Active Desktop အဲဒီအဆင့်အထိရောက်ရင် ညာဘက်မှာ Active Desktop Wallpaper ဆိုတာကို double click ပြီး enable နှိပ်ရင် အလယ်က box လေးလင်းလာမယ် Wallpaper Name ဆိုတဲ့နေရာမှာ ကိုယ့်ထည့်ချင်တဲ့ပုံလမ်းကြောင်းကိုရွေးပေးလိုက်ရင် ကိုယ်ရွေးထားတဲ့ပုံ အသေဖြစ်သွားပါပြီ။

MZ မှာကိုညမီးအိမ်ရေးထားတာလေးပါ။ အသုံးလည်းဝင်၊ အဆင်လည်းပြေလို့ ကူးယူဖော်ပြထားပါတယ်။

27 October, 2009

မွေးနေ့

ဒီနေ့ကတော့ ကျွန်တော့အသက် ၃၆ နှစ်ပြည့်မွေးနေ့ပါ။ ၃၆ နှစ်ရှိသွားပါပြီ။ ပုံမှန်သက်တမ်းစေ့ နေရမယ်ဆိုရင် ကျွန်တော့်အသက်က တစ်ဝက်ကျိုးပါပြီ။ သက်တမ်းစေ့မဟုတ်ဘဲနဲ့ ဒီကြားထဲ ဖွတ်ရှူးဆို သွားချင်လည်းသွားမှာပဲ။ ဘယ်တော့သေမယ်ဆိုတာ ကျွန်တော်တို့သိမှမသိနိုင်တာ။ မသေခင်လေး လုပ်သင့်တာနဲ့ လုပ်ချင်တာလေးတွေ တတ်နိုင်သလောက်လုပ်သွားမယ်။ လုပ်နိုင်အောင်လည်း ကြိုးစားမယ် လို့ မှတ်ယူထားပါတယ်။

07 October, 2009

ဆရာများနေ့

အောက်တိုဘာလ ၅ ရက်နေ့ဟာ ဆရာများနေ့ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ကိုတိုင်ကကျောင်းဆရာလုပ် နေသူဖြစ်ပေမယ့် ဆရာများနေ့ကိုမေ့နေတယ်။ သတင်းတွေဖတ်ရင်းနဲ့မှ ဆရာများနေ့ အခမ်းအနားကို နေပြည်တော်မှာ လုပ်တယ်ဆိုတာတွေ့လိုက်လို့ အပြေးအလွှား Post တင်လိုက်ရတာပါ။ ဘာရေးရမှန်းကို မသိသေးဘူးဗျ။

ဆရာဆိုတာ ဘာလဲ။ ဘယ်လိုလူတန်းစားလဲ။ သူကဘာလုပ်တာလဲ။ ဆရာ ဆရာ ဆရာ တဲ့ ...