Microsoft က Release လုပ်တဲ့ Windows 7 အောက်တိုဘာ ၂၂ ကထွက်လာပါတယ်။ မထွက်ခင် Beta တွေပေးတုန်းက Microsoft ကပေးတဲ့ကောင်ကိုပဲ ဒေါင်းပြီး စမ်းသုံးကြည့်ဖူးပါတယ်။ ကျွန်တော်ကလောလောဆယ် OS သုံးရာမှာ Microsoft platform ပဲသုံးဖြစ်တာပါ။ အဲဒါကြောင့် ထွက်ရင်ထွက်တဲ့ကောင် လိုက်သုံးနိုင်ဖို့ ကြိုးစားရပါတယ်။ အရံအနေနဲ့ Ubuntu လေးလည်း စစမ်းနေပါပြီ။ ရန်ကုန်က အောက်တိုဘာ ၂၅ မှာပို့ပေးလိုက်တဲ့ Windows 7 အခွေကို တင်သုံးကြည့်ပါတယ်။ Loader လည်း တစ်ခါတည်းပါပါတယ်။ တင်ပြီးတာနဲ့ loder ကို run လိုက်ရုံပါပဲ။ အခု သူများတွေ တင်ပေးထားတဲ့ Key ထည့်သုံးဖို့ တစ်ခုဒေါင်းတာ ရသွားပါပြီ။ တင်တော့ တင်မကြည့်ရသေးဘူးဗျ။ ကျွန်တော်ဒေါင်းခဲ့တာ ဒီကပါ။ တင်ပြီးသုံးကြည့်ပါတယ်။ ပါလာတဲ့ Key က ရက် ၃၀ Key ပဲဖြစ်နေတာကြောင့် အရင်အတိုင်း Loader လေးနဲ့ လိမ်ထားရပါတယ်ခင်ဗျား။
16 December, 2009
10 December, 2009
သင်တန်းနှင့်ကျွန်တော်
အသစ်ခန့်လိုက်သော နည်းပြများအတွက် ကွန်ပျူတာသင်တန်းတစ်ခု ဖွင့်မည်ဟု ဆရာကြီးကပြောလာပါသည်။ အရင် အင်္ဂလိပ်စာနှင့် စီမံသင်တန်းတွင် ကွန်ပျူတာကိုပါ တစ်ပေါင်းတည်း ဖွင့်ရန် မှန်းထားသော်လည်း အချိန်မကိုက်သဖြင့် မထည့်လိုက်ရပါ။ ကျွန်တော်ကျောင်းဂျာနယ်ကိစ္စ လုပ်နေသည်မှာ ၃-၁၂-၀၉ မှ အချောသတ်ပြီးစီးသွားပြီး ၄ ရက်နေ့တစ်ရက်လုံးက အခြေခံအတွက် ဖွင့်သော သင်တန်းတွင် အချိန်ပေးလိုက်ရပါတယ်။ ၅ ရက်နဲ့ ၆ ရက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီး ၇ ရက်နေ့မှာ သင်တန်း စတင်ပါတယ်။ သင်တန်းချိန်က နံနက် ၈ နာရီမှ ၁၂ နာရီထိပါ။ ကြားထဲမှာ နားချိန် နာရီဝက်ထည့်ပေးထားပါတယ်။ ပထမတစ်ခါ ၁၀ နာရီလောက်မှာ မီးပျက်ပါတယ်။ အဲဒီပျက်လိုက်တဲ့ဟာ ည ၉နာရီ ၁၅ မှ ပြန်လာပါတယ်။ မနေ့က ထပ်မီးပျက်တယ်။ ၁၀ နာရီလောက်ပဲ။ ညနေ ၃ နာရီလောက်မှ ပြန်လာပါတယ်။ မီးက ကျွန်တော်တို့ကျောင်းမှာ ပျက်ခဲပါတယ်။ အခုကွန်ပျူတာသင်တန်းဆိုတော့ မီးမှပျက်ရင်ဖြင့် ဘာမှာလုပ်မရပါ။ နောက် UPS ကမရှိနဲ့ ဘယ်အလုံး Power Supply ကြွမလဲ၊ HDD ပျက်မလဲနဲ့စိတ်ပူရပါတယ်။ ကျွန်တော်နဲ့အတူ တွဲတာဝန်ယူကြသူများကတော့
၁။ ဦးကျော်စိုး လက်ထောက်ကထိက မြန်မာစာဌာန
၂။ ဦးဝင်းမြင့်
၃။ ဦးအောင်မင်း နည်းပြ သင်္ချာဌာန
၎။ ဒေါ်ချိုချိုသိန်း လက်ထောက်ကထိက ဒဿနိကဌာန
၅။ ဒေါ်ဌေးဌေးဝင်း လက်ထောက်ကထိက သင်္ချာဌာန
၆။ ဒေါက်တာဒေါ်သိန်းဌေး လက်ထောက်ကထိက ရူပဗေဒဌာန
၇။ ဒေါက်တာပြုံးပြုံးမြင့် နည်းပြ သတ္တဗေဒဌာန
၈။ ဒေါက်တာအေးမြဖြူ နည်းပြ သတ္တဗေဒဌာန
၉။ ဒေါက်တာလေးသီတာဦး နည်းပြ ရူပဗေဒဌာန
၁၀။ ဒေါက်တာလဲ့လဲ့ခိုင် နည်းပြ ရူပဗေဒဌာန
တို့ဖြစ်ပါတယ်ခင်ဗျား။
သင်တန်းမှာ သင်ပေးတဲ့ပုံစံကတော့
ပထမဦးစွာ Typing Tutor နဲ့ လက်ကွက်များ မှန်ကန် မြန်ဆန်စေရေးကို လေ့ကျင့်ပေးပါတယ်။ နောက် Operatin System အနေနဲ့ Windows XP နှင့်မိတ်ဆက်သင်ကြားပေးပြီး Introduction to Computer System ကို အခြေခံသိစေပါတယ်။ စာစီစာရိုက်အနေဖြင့် Microsoft Office Word 2003၊ စာရင်းဇယားအတွက် Microsoft Office Excel 2003၊ Presentation အတွက် Microsoft Office Power Point 2003 တို့နှင့်သင်ကြားပေးပါတယ်။ ထို့ပြင် Internet & email သင်ခန်းစာများလည်းပါဝင်ပါတယ်။ သင်ခန်းစာတစ်ခုပြီးတိုင်း စာမေးပွဲစစ်ဆေးခဲ့ပါတယ်။
Subscribe to:
Posts (Atom)