အခုတလော mgy ဗိုင်းရပ်ကိုက်တယ်ဆိုတဲ့ အသံ တော်တော်ကြားနေရပါတယ်။ ဗိုင်းရပ်အကိုက်ခံရတာနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ကိုယ့်ဆီမှာ anti-virus software ကောင်းကောင်းတစ်ခုရှိထားသင့်ပြီး သတိလည်းလုံးဝလွတ်လို့ မရပါဘူး။ anti-virus software ဘယ်လောက်ကောင်းကောင်း သတိလွတ်ရင် ခံသွားရမှာပါ။ ကျွန်တော် ၂၀၀၄ လောက်ကစပြီး NOD32 သုံးပါတယ်။ နော်တန် က win32 virus တွေကို မနိုင်တဲ့နောက်ပိုင်းပေါ့။ နော်တန်ကလည်း တစ်ခေတ်ပဲလေ။ တင်လိုက်ရတာလည်း တစ်ပြုံကြီး။ တင်ပြီးပြန် ရင်လည်း စက်ကို အိနေတာပဲ။ လေးတာနော်။ အဲဒီတုန်းက ဖလက်ရှီ နဲ့တူပါတယ်။ ၀င်တွယ်တာ။ နော်တန်နဲ့ မရတဲ့အဆုံး AVG သုံးကြည့်လိုက်၊ ကက်ပါးစကီး သုံးလိုက်၊ ဘစ်ဒဖန်ဒါ သုံးလိုက် ဘာသုံးရမှန်း မသိဖြစ်နေတုန်း ESET က released လုပ်တဲ့ NOD32 စမ်းသုံးဖြစ်ပါတယ်။ တော်တော်သဘောကျသွား မိပါတယ်။ အခုအချိန်ထိ အဲဒါပဲသုံးတာပါ။ ဘာကောင်မှ အကိုက်မခံရသေးပါဘူး။ ကဲ အဲဒါထားလိုက် ကြဦးစို့ရဲ့။ mgy အကြောင်းဆက်ပါဦးမယ်။ ကျွန်တော်ကတော့ အကိုက်မခံရသေးတော့ သေချာတော့ မသိပါဘူးဗျာ။ ရှာဖွေပြီး သူများရေးထားတာကို ပြန်ဝေမျှတာပါ။
http://myanmarchatonline.org/ မှာအဲဒီအကြောင်းကို အောက်ပါအတိုင်း ရေးထားပါတယ်။
mgy.exe Virus တိုက်ခိုက်ခံရသော ကွန်ပျူတာသည် ..
(၁) ကွန်ပျူတာသည် နှေးကွေးသွားခြင်း။
(၂) Memory Stick များတွင်းမှ Folder များပျောက်သွားကာ ထိုပျောက်သွားသော Folder များ၏ အမည် များဖြင့် .exe File များအစားထိုးဝင်ရောက်နေခြင်း။
(၃) Folder Option၊ Taskmanager ပျောက်သွားခြင်း။
(၄) cmd.exe ဖွင့်လိုက်သည်နှင့် ချက်ချင်းပြန်ပိတ်သွားခြင်း။
(၄) .vbs script များ Run ၍မရခြင်း။
(၅) Desktop ၏ ညာဘက်အောက်ထောင့် ( အချိန်ဖော်ပြသောနေရာ ) တွင် အထက်ပါ ဖော်ပြထားသော Magway Fc ပုံ မကြာခဏ ပေါ်လာခြင်း တို့ပဲဖြစ်ပါသည်။

ထိုသို့ mgy.exe Virus တိုက်ခိုက်ခြင်းခံနေရပါက ..
(၁) ကွန်ပျူတာတွင် ရှိသော AntiVirus ကို ခေတ္တ ပိတ်လိုက်ပါ။
(၄) Myanmar Chat Online မှ Download ယူထားသော mgyVirusRemoval.exe ကို Runလိုက်ပါ။
(၅) System Restart ဖြစ်၍ ပြန်လည်တက်လာသည့် အချိန်အတွင် mgy.exe Virus သည် သင့်ကွန်ပျူတာ တွင်းနှင့် Memory Stick များတွင်းမှ ရှင်းလင်းပြီးဖြစ်သွားသည်ကို တွေ့ရပါလိမ့်မည်။
(၆) Nod32 AntiVirus အသုံးပြုသူများအနေဖြင့် Nod32 ၏နေရာကို Virus မှ နေရာဝင်ရောက်ယူ သွားသဖြင့် Nod32 ကိုပြန်လည် ထည့်သွင်းပေးရန် လိုအပ်ပါသည်။
(၁) ကွန်ပျူတာတွင် ရှိသော AntiVirus ကို ခေတ္တ ပိတ်လိုက်ပါ။
(၂) Virus ကိုဖယ်ရှားခြင်းပြုလုပ်ရာတွင် System ကို Restart ပြုလုပ်ရန်လိုအပ်သည့် အတွက် လုပ်လက်စ အလုပ်များရှိပါက Save ပြုလုပ်ထားရန်လိုအပ်ပါသည်။
(၃) Virus ဝင်ရောက်ခြင်းခံထားရသော Memory Stick များကို ကွန်ပျူတာတွင် တပ်ဆင်ထားပါ။(၄) Myanmar Chat Online မှ Download ယူထားသော mgyVirusRemoval.exe ကို Runလိုက်ပါ။
(၅) System Restart ဖြစ်၍ ပြန်လည်တက်လာသည့် အချိန်အတွင် mgy.exe Virus သည် သင့်ကွန်ပျူတာ တွင်းနှင့် Memory Stick များတွင်းမှ ရှင်းလင်းပြီးဖြစ်သွားသည်ကို တွေ့ရပါလိမ့်မည်။
(၆) Nod32 AntiVirus အသုံးပြုသူများအနေဖြင့် Nod32 ၏နေရာကို Virus မှ နေရာဝင်ရောက်ယူ သွားသဖြင့် Nod32 ကိုပြန်လည် ထည့်သွင်းပေးရန် လိုအပ်ပါသည်။
ဗိုင်းရပ် removal ကိုလည်းအောက်ဖော်ပြပါ လင့်တွင်ရယူနိုင်ကြောင်း ဖော်ပြထားပါတယ်။
http://myanmarchatonline.org/files/mgyVirusRemoval.exe
အားလုံး ဗိုင်းရပ်ရန်ကကင်းဝေးကြပါစေ။ ဆန်ဈေးလည်းကျပါစေ။ ဟုတ်ပေါင် ယောင်လို့နော်။