မိုးရွာတော့ ဘာဖြစ်သလဲဆိုရင် မီးပျက်တာပေါ့ဗျာ။ ဓါတ်တူနံတူမို့လားမသိပါဘူး။ မီးပျက်တော့ အခုခေတ်စကားနဲ့ပြောရရင် ရွာလည်တာပေါ့။ ကွန်ပျူတာသင်တန်းဆိုတာ မီးမှမလာရင်တော့ဖြင့် ဘာမှဆက်လုပ်လို့ မရဘဲကိုး။ သင်တန်းသားတွေကို နောက်နေ့ပြန်ချိန်း၊ သင်တန်းဆရာတွေကို သင်ခန်းစာတွေစစ်ရအောင် ည ၈ နာရီမတိုင်ခင် မီးလာရင်ပြန်လာခဲ့ကြပါလို့ ချိန်း လုပ်ရပါတယ်။ မိုးရွာရင် မီးပျက်တာနဲ့ပတ်သက်ပြီး လက်ထောက်အင်ဂျင်နီယာတစ်ယောက်ကပြောဖူးပါတယ်။ သစ်ကိုင်းတွေက ဓါတ်ကြိုးတွေနဲ့ ထိနေတာတွေရှိတယ်။ မိုးရွာရင် သစ်ကိုင်းတွေကမိုးရည်နဲ့ ဓါတ်ကြိုးတစ်ကြိုးနဲ့တစ်ကြိုး သွားပူးသလိုဖြစ်သွားတော့ ရှော့ဖြစ်ပြီးမီးပျက်တာများပါတယ်တဲ့။
မိုးများလာရင် ကျွန်တော်တို့စာသင်ခန်း ဆင်ဝင်အောက်မှာ ရေကအဲဒီလို စုလာတတ်ပါတယ်။
ဆိုင်ကယ် ပလပ်ထဲရေ၀င်မှာစိုးလို့ ဆိုင်ကယ်တွေကို နေရာရွှေ့ရပါတယ်။