16 March, 2019
အိပ်မပျော်သည့်ည
အိပ်မပျော်တာက မအိပ်ချင်သေးလို့ပါဗျ။ အိပ်ချင်အောင်လည်း မကြိုးစားချင်လို့ဖြစ်ပါလိမ့်မယ်။ လင့်အင်ပတ် ရဲ့ သီချင်းတွေ ကြည့်နေမိပါတယ်။ ချက်စတာရေ ကိုယ်သေချင်တဲ့ပုံစံနဲ့ သေနိုင်ခဲ့လို့ ။ ဘာပြောရမှန်းတောင်မသိဘူး။ ခင်ဗျားကို သတိရတယ်ဗျ။ ခင်ဗျားမရှိတဲ့ လင့်အင်ပတ် ဘယ်လိုခရီးဆက်ကြမလဲ။
15 March, 2019
အာဆင်နယ် နှင့် ကျွန်တော်
ကျွန်တော်က အာဆင်နယ် အားပေးသူပါဗျ။ ယူရိုပါလစ်ဒ် မှာ အာဆင်နယ် အဝေးကွင်းမှာ Rennes အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲကစားတာကို Live မကြည့်ရပါဘူး။ နောက်မှ ကြည့်လိုက်တာပါ။ နောက်တဆင့်အတွက် စိတ်မပူမိဘူး။ အာဆင်နယ်က အိမ်ကွင်းမှာ အင်တာလိုအသင်းကို ၁-၃ ရံှုးပြီး အဝေးကွင်းမှာ ၅-၁ နဲ့နိုင်တာ။ အဲဒီတော့ ရလာဒ်တွေကိုပဲ စောင့်ကြည့်မိပါတယ်။ အာဆင်နယ် vs Rennes ပွဲက ၃ - ၀ တဲ့။ အာဆင်နယ် နောက်တဆင့် တက်ပါပြီဗျ။ ဖိုက်တင်း။
01 March, 2019
စိတ်မကောင်းပါ
ဖြစ်နေတာတွေအတွက် စိတ်မကောင်းပါဘူး။ ကိုယ်အလေးစားဆုံး၊ ကိုယ်တန်ဖိုးအထားဆုံးအဖွဲ့ရဲ့ အဆိုးဝါးဆုံးကြုံတွေ့ အခက်ခဲဆုံး အချိန်ဖြစ်နေပါတယ်။ ကိုယ်ကိုတိုင်လည်း ဘာမှမလုပ်ပေးနိုင်ဘူး။ ဘယ်လိုနလံထူအောင် ဝိုင်းလုပ်ကြမလဲ။ အားလုံးဝိုင်းကူကြဖို့လည်းလိုပါ့မယ်။
ဗကသများအဖွဲ့ချုပ်အဓွန့်ရှည်ပါစေ။
ကြည်ထင်ပေါ်(၈၈ မုံရွာခရိုင် ဗကသ ဟောင်း)
ဗကသများအဖွဲ့ချုပ်အဓွန့်ရှည်ပါစေ။
ကြည်ထင်ပေါ်(၈၈ မုံရွာခရိုင် ဗကသ ဟောင်း)
Subscribe to:
Posts (Atom)