09 June, 2020

သင်ယူမှုကို အကဲဖြတ်ခြင်း


မြန်မာနိုင်ငံကျောင်းတွေမှာ စာမေးပွဲစနစ်ကို ပြင်ဖို့ ပြောတဲ့အခါတိုင်း “စာမေးပွဲမရှိရင်ဘယ်ဖြစ်မလဲ၊ နာနာစစ်ရမယ်” စတဲ့တုံ့ပြန်မှုတွေ မကြာခဏ ကြားရပါတယ်။

အစဉ်အလာစစ်နေကြတဲ့ စာမေးပွဲတွေဟာ သင်ထားသမျှစာတွေကို ကျောင်းသားက ဘယ်လောက်မှတ်မိသလဲဆိုတာ တခြားသူ (ဆရာ၊ ကျောင်း၊ ပညာရေးဌာနတို့) က တိုင်းတာခြင်း ဖြစ်ပါတယ်။ များများမှတ်မိသူကို အမှတ်များများ ပေးပါတယ်။ ဒီစစ်ဆေးနည်းက ကျောင်းသားရဲ့ သင်ယူမှုနည်းလမ်းတွေ ဖွံ့ဖြိုးလာတာ၊ အသိဥာဏ်အဆင့်ဆင့်တိုးတက်လာတာတွေကို တိုင်းတာခြင်းမပြုပါဘူး။ ရမှတ်ကိုဘဲ အခြေခံတဲ့ စာမေးပွဲတွေကြောင့် ကျောင်းသားတွေကလည်း အမှတ်များများရဖို့သာ အာရုံစိုက်ကြပါတယ်။ ဒီနည်းစနစ်က ကျောင်းသားရဲ့ သင်ယူမှုကို ဖျက်ဆီးရာရောက်ပါတယ်။ 

လေ့လာသင်ယူမဲ့ အကြောင်းအရာကို ကျောင်းသားကိုယ်တိုင် စူးစမ်းရှာဖွေ၊ ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး အသိဥာဏ်ကို ကိုယ်တိုင် တည်ဆောက်ခြင်းက အထိရောက်ဆုံးသော သင်ယူမှု ဖြစ်ပါတယ်။

ကျောင်းသားတစ်ဦးစီရဲ့ အတွေ့အကြုံ၊ အတွေးအခေါ် အယူအဆတွေကို အတန်းဖေါ် သူငယ်ချင်းတွေနဲ့ရော ဆရာနဲ့ပါ တိုင်ပင် ဆွေးနွေးခြင်းအားဖြင့် အသိဥာဏ်အသစ်တွေ ထပ်မံ ရရှိပါတယ်။ ဒီလိုနည်းနဲ့ သင်ယူခြင်းက သင်ယူမှုနည်းလမ်းတွေ ဖွံ့ဖြိုးလာပြီး ရာသက်ပန်သင်ယူမှုကို အားပေးပါတယ်။
ကျောင်းသားကိုယ်တိုင် အားထုတ်သင်ယူတဲ့အခါ ဆရာတွေက ကျောင်းသားရဲ့ သင်ယူမှုပန်းတိုင် ချမှတ်နိုင်ဖို့ အကူအညီ ပေးပါတယ်။ ကျောင်းသားတွေ သင်ယူမှုမှာ အခက်အခဲ ရှိလာတဲ့အခါ အတွေ့အကြုံရှိတဲ့ ဆရာက နည်းလမ်းပြပါတယ်။ ပညာရေးဌာနနဲ့ စာသင်ကျောင်းက ကျောင်းသားတွေရဲ့ သင်ယူမှုကို အားပေးဖို့ သင်ယူမှုပါတ်ဝန်းကျင် Learning Community တည်ဆောက်ပေးပါတယ်။

အောက်မှာဖေါ်ပြထားတဲ့ ဇယားက စစ်ဆေးနည် (၃) မျိုးကို နှိုင်းယှဉ်ထားပါတယ်။ စစ်ဆေးနည်း တစ်မျိုးစီမှာ ကျောင်းသား၊ ဆရာနဲ့ ပညာရေးဌာနတို့ရဲ့ ပါဝင်မှုကိုလည်း ဖေါ်ပြထားပါတယ်။

 Credit : Dr Thein Lwin (TCF)