29 July, 2009

သင်္ချာအိုလံပစ် ၂၀၀၉

သင်္ချာအိုလံပစ် ၂၀၀၉ ကို ၁၀-၇-၂၀၀၉ မှ ၂၂ -၇-၂၀၀၉ ထိ ဂျာမဏီနိုင်ငံ တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ သင်္ချာအိုလံပစ် မေးခွန်းပုံစံမှာ ၂ ရက်ဖြေရပါတယ်။ ပထမနေ့ မေးခွန်းတွင်မေးခွန်း ၃ ပုဒ်ပါပြီး ၄ နာရီခွဲ အချိန်ရပါတယ်။ ဒုတိယနေ့ လည်း မေးခွန်း ၃ ပုဒ်၊ အချိန် ၄ နာရီခွဲ ရပါတယ်။ တစ်ပုဒ်ကို ၇ မှတ်ပေးပါတယ်။ ဒီနှစ်မေးခွန်းတွေကတော့

ပထမနေ့
ဒုတိယနေ့
သင်္ချာဝါသနာ ပါသူတွေ စမ်းဖြေကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။

25 July, 2009

DNS Cache ဆိုသည်မှာ

DNS Cache ဆိုသည်မှာ ကျွန်တော်တို့ ၀င်ရောက်လည်ပတ်ခဲ့တဲ အင်တာနက်လိပ်စာများကို သိုလှောင်ထား ပေးတဲ့ နေရာပါ။ အင်တာနက် အသုံးပြုသူဟာ ၀င်ရောက်အသုံးပြုနေကျ ဆိုက်ရဲ့ လိပ်စာကို ရိုက်ထည့်လိုက် တာနဲ့ သက်ဆိုင်ရာဆိုက်နဲ့ချိတ်ဆက် ထားတဲ့ IP Address ကို cache တွင်ဦးစွာ ရှာဖွေပေးခြင်းဖြင့် ခရီးလည်း တို အချိန်ကုန်သက်သာပြီး အင်တာနက်အသုံး ပြုမှုကို မြန်ဆန်သွက်လက်စေပါတယ်။ ရှာဖွေလိုတဲ့ address မရှိဘူးဆိုမှ နောက်တဆင့်အနေနဲ့ Internet မှာရှိတဲ့ DNS Cache Server မှာ ထပ်မံရှာဖွေပေးတာမို့ ခရီးလည်း ရှည် အင်တာနက်အသုံးပြုမှုကို နှေးကွေး လေးလံစေပါသည်။ ၀င်ခဲ့တဲ့ လိပ်စာတွေကို DNS Cach က များများ သိမ်းဆည်းပေးနိုင်ဖို့အတွက် Cache ၏ size ကို တိုးပေးဖို့လိုသည်။ DNS Cache size ကိုတိုးမြှင့်ခြင်းဖြင့် အင်တာနက်အသုံးပြုရာတွင်ပိုမြန်စေပါတယ်။ ဘယ်လိုတိုးကြမလဲ ပေါ့ဗျာ။


1. Start —-> Run —– > Type Regedit ရိုက်ပါ။
2. HKEY_LOCA L_MACHINE \SYSTEM\CurrentControlSet\Services\Dnscache\Parameters’ ကိုရောက်အောင်သွားပါ။
3. ညာဘက် white blank မှာ right click နှိပ် New ကိုနှိပ် DWORD values ကိုရွေးပါ။
4. ပြီးလျှင် CacheHash TableBuck etSize ကိုရိုက်ပါ။
5. ပြီးလျှင် right click နှိပ် Modify ကိုရွေးပြီး 0 နေရာမှာ 1 လို့ပြောင်းရိုက်ပါ။

CacheHash TableBucketSize = 1 (လုပ်စရာမလိုတော့ပါ)
အောက်မှစာကြောင်းများကိုလည်း အဆင့် ၃ မှ အဆင့် ၅ အထိ ပုံစံတူလိုက်နာလုပ်ဆောင်ပါ။
CacheHash TableSize = 180
MaxCacheE ntryTtlLi mit = ff00
MaxSOACac heEntryTt lLimit = 12d

Exit လုပ်ပြီး Restart ချလိုက်ပါ။
http://tabinshwehtee.focusburma.com မှကူးယူဖော်ပြထားတာပါ။

web page တွေ loading time မြန်လာအောင်

web page တွေ loading time မြန်လာအောင် လုပ်တဲ့နည်းပါ။ တစ်ကယ်လည်းမြန်လာပါတယ်။ ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။ သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။
ပထမဦးဆုံး start\run\regedit ရိုက် ပြီးရင် enter နှိပ်လိုက်ပါ။

HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider

ရောက်အောင် အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပါ။ မြန်သွားပါလိမ့်မယ်။

http://tabinshwehtee.focusburma.com မှကူးယူဖော်ပြထားတာပါ။

Search Engine

အင်တာနက် သုံးစွဲသူများဟာ ကိုယ်လိုချင်တဲ့ အချက်အလက် ရဖို့ Search Engine တွေမှာ အများဆုံး ရှာဖွေ ကြပါတယ်။ အဲဒီလိုရှာရာမှာ တခါတရံမှာ ကိုယ်လိုချင်တဲ့ အချက်အလက်ကို SE (Search Engine) က ရှာပေး ရာမှာ စိတ်တိုင်းကျတဲ့ ရလဒ်မျိုး မရရှိတတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ ရလဒ် ကို ရှာဖွေပေးတာက လူမဟုတ် ဘဲ Web Spider (Web Crawler, Web Robot) ဆိုတဲ့ program လေးက ရှာဖွေ ပေးလို့ပါ။ သူက ဘယ်လို ရှာပေးလဲဆိုတော့



ကိုယ်ရိုက်ထည့်လိုက်တဲ့ query (ရှာလိုတဲ့ စာသား) ပါတဲ့ Site တွေ မှန်သမျှကို လိုက်ရှာပြီး result ပြပေးခြင်း ကြောင့်ပါ။ ဒါကြောင့် တခါတရံမှာ ကိုယ်ရှာတဲ့ အကြောင်းအရာ query ကို စာသား အကြောင်းအရာနဲ့ ဆိုင်တဲ့ အချက်အလက် တစ်ကြောင်းနှစ်ကြောင်းလောက်သာ ပါဝင်တဲ့ site တွေပါ result မှာ တွေ့ရမှာပါ။ ဒီလိုရလဒ် မျိုးတွေထက် ပိုပြီးတိတိကျကျရှာဖွေ ချင်တယ်ဆိုရင်တော့ Advanced Web Search ကိုသုံးပြီး ရှာနိုင်ပါတယ်။ ဒီလို Advanced Web Search ကို နာမည်ကျော် Search Engine တော်တော်များများမှာ ၀န်ဆောင်မှုပေးထား ပါတယ်။ ဥပမာ - Google ရဲ့ Google Advanced Web Search Form ကို ဖြည့်၍ ရှာခြင်းဖြင့် လိုချင်တဲ့ အချက် အလက်ကို တိတိကျကျ ရှာလို့ရပါတယ်။


တချို့ အကြောင်းအရာတွေ ဥပမာ Music, Game, Sports & Travel စတဲ့ အရှာများတဲ့ အကြောင်းအရာတွေ ကို ရှာဖွေရာမှာ စိတ်တိုင်းကျ ရလဒ်မျိုး မရခဲ့ရင်တော့ Topic တူ အကြောင်းအရာ တူတွေ စုစည်းပေးထားတဲ့ Topic Directory ကနေ ရှာဖွေတာက ပိုကျေနပ်ဖို့ ကောင်းပါလိမ့်မယ်။ ဒီလို Directory Search ကို နာမည် ကျော် Search Engine တွေမှာ ရရှိနိုင် ပါတယ်။ သူ့ကို Topic Directory, Category List, an Index, Directory စသည်ဖြင့် ခေါ်ဝေါ်ကြပါသေးတယ်။


Search Engine တွေမှာ ဒီလို Directory Search တွေအပြင် File Extension နဲ့ ကိုယ်လိုချင်တဲ့ ဖိုင် အမျိုးအ စားတွေကိုလည်း ရှာလို့ ရနိုင် ပါတယ်။ ဥပမာ ကိုယ်က mp3 ဖိုင် ရှာချင်တယ် ဆိုပါစို့ index of mp3 လို့ ရိုက် ထည့်ပြီး ရှာလိုက်လို့ ရပါတယ်။ ဒါဆိုရင်သူက mp3 ဖိုင် ရနိုင်တဲ့ ဆိုဒ်တွေကို လာပြပေးမှာပါ။ ဆိုဒ်ကို ကလစ်နှိပ် လိုက်ရင် သူကဆိုဒ်ရဲ့ Directory ကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို mp3 ဖိုင် အပြင် တခြား wma, mov, exe စသည်ဖြင့် ကိုယ်ရှာလိုတဲ့ ဖိုင် extension ကို index of နောက်မှာ ထည့်ရှာလို့ ရပါတယ်။ ဖိုင် extension အမျိုးအစား အများကြီးကို တခါထဲ တန်းရှာချင်တယ် ဆိုရင်တော့

ဥပမာ - index of (wmv|mov|mp4|mpg|avi) ဆိုပြီး ရှာချင်တဲ့ extension တွေကို | လေးခြားပြီး ရှာနိုင် ပါတယ်။

သီချင်း ကြိုက်သူများ အတွက်ကတော့ Search Engine ကို အသုံးချစရာ နည်းလမ်းတွေ ရှိပါသေးတယ်။ နောက် ဆုံးထွက် latest သီချင်းတွေကို ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်လေးသုံးပြီး ရှာလို့ရပါတယ်။
-inurl:htm -inurl:html intitle:”index of” “Last Modified” mp3 လို့ ရိုက်ထည့်ပြီး သီချင်း အသစ် တွေကို ရယူနိုင် ပါတယ်။

mp3 မဟုတ်ပဲ တခြားဖိုင်လိုချင်ရင်လည်း mp3 နေရာမှာ လိုချင်တဲ့ ဖိုင် extension ကို ရိုက်ထည့်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ဖိုင်တွေ ရနိုင် ပါတယ်။ သီချင်းဖိုင်ကို သီချင်းနာမည် ဒါမှမဟုတ် သီချင်းဆိုသူ အမည်နှင့် ရှာချင်တယ် ဆိုရင်တော့ -inurl:htm -inurl:html intitle:”index of” mp3 “guns n roses” ဒီကုဒ်ကို အသုံး ပြု ရှာနိုင်ပါတယ်။ အဲဒီ ကုဒ်ရဲ့ နောက်ဆုံး mp3 နောက်က ကွင်းထဲမှာ ကိုယ်ရှာချင်တဲ့ သီချင်းနာမည် ဒါမှမဟုတ် အဆိုတော် နာမည်ကို ပြောင်းထည့်ပြီး ရှာရုံပါပဲ။ ဒီလိုရှာခြင်းအားဖြင့် ဆိုဒ်ရဲ့ Directory ကို တိုက်ရိုက်ရောက် တာ ဖြစ်တာကြောင့် တခါတရံ Access Denined ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားသာ ချက်က virus တွေ spyware တွေ မကပ်နိုင်ပါဘူး။

နောက် Search Engine ကို လူသိနည်းတဲ့ အသုံးချစရာ နည်းလမ်း တွေလည်း ရှိပါသေးတယ်။ ဒါကတော့ Search Operators တွေကို သုံးပြီးရှာခြင်းပါ။ ဒီ Search Operators တွေကို နာမည်ကျော် Search Engine တော်တော် များများမှာ အသုံးချနိုင်ပါတယ်။ Search Operators တွေက query မှာ ပါတဲ့ စကားလုံး တွေကိုတွဲ ဆက် ပေးပါတယ်။ ဒီ Operators တွေ အကြောင်းကို Search Engine တွေရဲ့ Help pages တွေမှာလည်း ဖတ်ရှုနိုင် ပါတယ်။ Search Operators (၇) မျိုးရှိပါတယ်။ အဲဒါတွေကတော့ -

1. AND
2. OR
3. NOT
4. Quotation Marks
5. NEAR
6. Wildcards
7. Field Searches

တို့ဖြစ်ပါတယ်။

1. AND (+)
ဒီကုဒ်ကို ရှာလိုတဲ့ query နှစ်ခုလုံးပါတဲ့ result မျိုး လိုချင်ရင် သုံးပါတယ်။ ဥပမာ - railroad AND cars လို့ ရှာမယ် ဆိုရင် ရမယ့် result က railroad cars တွေအကြောင်း၊ railroad cars တည်ဆောက်ပုံ အကြောင်း၊ railroad မှာ လမ်းချော်တဲ့ cars တွေ အကြောင်း စတဲ့ railroad နဲ့ cars ဆိုတဲ့ စာသားပါတဲ့ စာမျက်နှာ တွေကို ပြပေးမှာ ဖြစ်ပါတယ်။ ဒီကုတ်ကို ရေးတဲ့ အခါမှာ Operator သုံးရင် AND ကို အားလုံး အကြီးစာလုံးနဲ့ ရေးရပါ မယ်။ ဒါ့အပြင် AND အစား ( + ) သင်္ကေတအစားသုံးလို့ရပါတယ်။

2. OR
ဒီကုဒ် သုံးပြီး ရှာမယ် ဆိုရင်တော့ တစ်ခု မဟုတ် တစ်ခု လိုချင်တဲ့အခါ သုံးနိုင် ပါတယ်။ ဥပမာ - railroad OR cars လို့ ရှာလိုက်ရင် ရလဒ်က railroad ပေါ်က cars အကြောင်း ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် railroad အ ကြောင်း ပဲပါတာမျိုး ဖြစ်ချင်ဖြစ်မယ်၊ cars အကြောင်းချည်းပဲ ပါတဲ့ စာမျက်နှာမျိုး တနည်းအားဖြင့် query နှစ်ခု ထဲက တစ်ခုခု ပါရင်ကို ရလဒ် လာပြပေးမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း ရေးတဲ့အခါ OR ဆိုပြီး အကြီးနဲ့ပဲ ရေးရပါမယ်။

3. NOT (-)
ဒီ Operator ကိုတော့ မလိုချင်တဲ့ စာသားမျိုး မပါအောင် ရှာတဲ့နေရာမှာ သုံးပါတယ်။ ဥပမာ - railroad NOT cars ဆိုရင် Search Engine က railroad ဆိုတဲ့ စာသားပါပြီး cars ဆိုတဲ့ စာသားမပါတဲ့ စာမျက်နှာ တွေကိုသာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဒီ Operator ကို သုံးရင် မပါစေချင်တဲ့ စာသားကို NOT နောက်မှာ ထည့်ရပါမယ်။ Operator ကို လည်း NOT ဆိုပြီး အကြီးစာလုံးနဲ့ ရေးရပါမယ်။ NOT မရေးဘဲ ( - ) ဆိုတဲ့ သင်္ကေတလေး နဲ့ လည်းသုံးလို့ ရပါတယ်။

4. Quotation Marks
ဒီ Operator ကတော့ ရိုးရှင်းပါတယ်။ ရှာလိုတဲ့ query ကို ( “” ) လေးထည့်ပေးခြင်းပါ။ ဥပမာ - “green card” လို့ ရိုက်ထည့်ပြီး ရှာရင် သူက Immigration အချက်အလက်တွေ အကြောင်း ပြပေး မှာပါ။

5. NEAR
ဒီ Operator ကိုတော့ ရှာလိုတဲ့ keyword နှစ်ခုရဲ့ အကွာအဝေးနဲ့ ရှာတဲ့နေရာမှာ သုံးပါတယ်။ သုံးတဲ့နေရာမှာ NEAR နောက်ကပ်ရပ်မှာ / သင်္ကေတ ထည့်ပြီး သုံးရ ပါမယ်။ ဥပမာ - library NEAR/15 congress ဆိုရင် ရလဒ်က library နဲ့ congress ဆိုတဲ့ စာသား နှစ်ခု စကားစု ၁၅ စု အတွင်းမှာ ရှိနေတဲ့ စာမျက်နှာတွေကို ပြပေး မှာပါ။ Library Of Congress ဒါမှမဟုတ် Congress funds special library research လိုမျိုး စကားစု ၁၅ လုံး အတွင်းမှာ ရှိတဲ့ စာမျက်နှာတွေပြပေး မှာပါ။ အဲဒီ ဥပမာ ပြထားတဲ့ ၁၅ ဆိုတဲ့နေရာမှာ လိုချင်တဲ့ အကွာ အဝေး ထည့်ပြီး ရှာနိုင်ပါတယ်။ သူ့ကိုလည်း အားလုံး စာလုံး အကြီးနဲ့ ရေးရပါမယ်။

6. Wildcards ( * )
Asterisk ( * ) လို့ခေါ်တဲ့ ကြယ်ပုံ သင်္ကေတလေးရဲ့ တခြား အမည်က wildcard character လို့ခေါ်ပါတယ်။ ဒီ Operator ကိုတော့ အဓိပါယ် ဆင်တူတဲ့စာသားမျိုးတွေ ရှာရင် သုံးပါတယ်။ ဥပမာ - medic* ဆိုရင် result က medic, medics, medicine, medical, medication နဲ့ medicinal စတဲ့ medic နဲ့ဆင်တူတဲ့ စာသားပါတဲ့ စာမျက်နှာတွေ ရှာပေးမှပါ။

7. Field Searches
ဒီ Operator ကိုတော့ စာမျက်နှာရဲ့ title ဒါမှမဟုတ် URL မှာ ပါတဲ့ စာသားကို ရှာဖို့ သုံးပါတယ်။ ဥပမာ - T:Computer ဆိုရင် Web page ရဲ့ Title မှာ ဒါမှမဟုတ် URL မှာ Computer ဆိုတဲ့ စကားလုံးပါတဲ့ စာမျက်နှာ တွေကို ပြပေး မှာပါ။ ရှာချင်တဲ့ keyword ရှေ့မှာ T: ဆိုတဲ့ စာသား ရေးလိုက်ရုံ ပါပဲ။ ဒီလို T: နဲ့ Title အလိုက် ရှာတာအပြင် အခြား ကုဒ်တွေကို Code Search မှာ ကြည့်ရှုနိုင် ပါတယ်။ ဒီလိုဆိုရင်တော့ Search Engine တွေ ကို ကောင်းကောင်း အသုံးချလို့ ရလောက်ပြီလို့ ထင်ပါတယ်။

Search Engine တွေမှာ အထက်ကလို Operators တွေ အပြင် ရိုးရှင်းတဲ့ မေးခွန်းတွေကို သုံးပြီး ရှာလို့ရပါ တယ်။ ဥပမာ - movie + review လို့မရှာပဲ Where can I find music reviews? လို့ ရိုက်ပြီး ရှာနိုင် ပါတယ်။

လူသိများတဲ့ Search Engine အချို့ကတော့ -
# Google
# Yahoo!!
# msn
# Ask
# All The Web
# Lycos
# Gahoo Yoogle (Yahoo!!+ Google)
# Dog Pile (Yahoo!! + Google + msn + Ask)
# Baidu (Chinese Search Engine)
တို့ဖြစ်ကြပါတယ်။
http://tabinshwehtee.focusburma.com မှကူးယူဖော်ပြထားတာပါ။

တရားခံဘယ်သူလဲ

ပညာရေးဝန်ကြီး တစ်ဦးဟာ နယ်မြို့လေးက ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ အတန်း တစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတစ်လုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာ ရေး အခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တစ်ယောက်ကို "ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ" ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ "ဒါ ကျွန်တော် လုပ်တာ မဟုတ်ပါဘူး" ပြန်ဖြေလိုက်ပါတယ်။ ၀န်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွား တယ်။ ဒါနဲ့ နောက်နား က ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေး ခါပြီး "ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာခင်ဗျ။ကျနော်လုပ်လာ မဟုတ်ဘူး" လို့ပြန်ဖြေတယ်။
ဝန်ကြီးက ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားကဆရာမဖက် လှည့်ပြီး "ဒါဘယ်လို ဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။ ဆရာမက လေသံပျော့လေးနဲ့ "ဒါ ကလေးတွေလုပ် တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ"တဲ့ ။ ၀န်ကြီးလည်း ဒေါသ တွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလိုရှင်းပြလိုက် ပါသ တဲ့ဗျာ...
"၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက် အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ" တဲ့ဗျာ...


(သူများဆီက ကူးထားတာပါ။)

24 July, 2009

Recycle Bin ကိုမှားဖျက်မိခြင်း

Windows Vista သုံးရင် Recycle Bin ကိုဖျက်လို့ရတယ်ဗျ။ ဒါပေမယ့် ဘယ်သူမှတော့ တမင်တကာ ဖျက်ကြမှာ မဟုတ်ဘူးဗျ။ ဒါပေမယ့် မှားဖျက်မိတတ်ပါတယ်။ ဒီလိုဖြစ်သွားရင် Recycle Bin ကိုဘယ်လို ပြန်ခေါ်ကြမလဲ။ . . .

မှားမယ်ဆိုလည်း မှားတတ်တယ်ဗျ။ ဘယ်လိုမှားလဲဆိုတော့ များသောအားဖြင့် Empty Recycle Bin လုပ်တဲ့ အချိန်မှာ Delete ကို သွားနှိပ်မိတတ်တာ။ ဒီလိုလေးဗျာ။

အဲဒီလို Delete ကိုနှိပ်မိရင် ကွန်ပျူတာက ဒီလိုပြန်ပြောတယ်ဗျ။

ဒီမှာလည်းသတိမထားမိသေးဘူး။ Yes ကိုပဲနှိပ်မိတယ်ဆိုရင် Desktop ပေါ်မှာ Recycle Bin လေးမရှိတော့ဘဲ ပျောက်သွားမှာပါ။ ကဲပျောက်တော့လည်း ပြန်ခေါ်ကြတာပေါ့ဗျာ။

Desktop ပေါ်မှာ Right Click နှိပ်ပြီး Personalize ကို တစ်ချက်နှိပ်ပါ။


ဒီလိုပေါ်လာမှာပါ။


ဘယ်ဖက်အပေါ်မှာရှိတဲ့ Change desktop icons ကိုတစ်ချက်နှိပ်။


Recycle Bin မှာ Check လုပ်။


OK ကိုနှိပ်လိုက်ရင် Recycle Bin လေး Desktop ပေါ်မှာ ပြန်ရောက်လာမှာပါ။

နောက်တစ်မျိုးက Start ကိုနှိပ် Control desk.cpl,,@Web လို့ရိုက်၊ Enter နှိပ်။ (မရိုက်ဘဲ Copy Paste လုပ်တာပိုသေချာတယ်။ Space တွေကျန်ခဲ့မှာစိုးလို့)

ဒီကိုတန်းရောက်သွားမှာပါ။ အဲဒီကနေ ဆက်ချတော့ပေါ့ဗျာ။

17 July, 2009

မှတ်တမ်းတင်ပါတယ်

မကွေးတက္ကသိုလ် CHRD မှ ဦးစီးပြီး Certificate in Computer Studies သင်တန်းကို ၈-၇-၂၀၀၉ နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ယခုနှစ် သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ အားသွန်ကြိုးစားပေးကြတဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် အောက်ပါ ဆရာ ဆရာမများအား အထူး ကျေးဇူးတင်ပါကြောင်း ကျွန်တော့် ဘလော့ တွင် မှတ်တမ်းတင်ပါတယ်။

ဦးခိုင်ဝါထန် (နည်းပြ၊ သမိုင်းဌာန)
ဦးကျော်စိုး (လက်ထောက်ကထိက၊ မြန်မာစာဌာန)
ဦးဇော်မင်းထွန်း (နည်းပြ၊ ဥပဒေဌာန)
ဦးသိန်းစိုး (ကထိက၊ ဒသနိကဌာန)
ဒေါက်တာ ပြုံးပြုံးမြင့် (နည်းပြ၊ သတ္တဗေဒဌာန)
ဒေါက်တာ အေးမြဖြူ (နည်းပြ၊ သတ္တဗေဒဌာန)
ဒေါ်သန်းသန်းမော် (နည်းပြ၊ စိတ်ပညာဌာန)
ဒေါ်ပပ၀င်း (လက်ထောက်ကထိက၊ ရုက္ခဗေဒဌာန)
ဒေါ်ချိုချိုသိန်း (လက်ထောက်ကထိက၊ ဒသနိကဌာန)
ဒေါ်ဌေးဌေးဝင်း (လက်ထောက်ကထိက၊ သင်္ချာဌာန)

ထို့ပြင် အနှောင့်အယှက် မပေးသူအပေါင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။


ကျွန်တော်နဲ့ဇူလိုင်လ

ဒီလထဲမှာ အဆင်မပြေတာတွေ တော်တော်များတယ်။

အိမ်မှာခေါ်ထားတဲ့ အမျိုးကလည်းသူ့အမေကပြန်ခေါ်နေလို့ နေပါအုန်းဟ လုပ်ထားရတယ်။ သမီးကြီးကဖျားမနေလိုဖြစ်တာနဲ့ တတ်သလောက် မှတ်သလောက်နဲ့ ဆေးတိုက်၊ သမီးလေးကဖျား၊ တော်သေးတယ် တစ်ရက်ပဲဖျားလို့။ ကိုယ်ကိုယ်တိုင်လည်း ဖျားမလိုဖြစ်တော့ ဆေးသောက်ရ။ H1N1 လက္ခဏာနဲ့ ကိုယ်ဖြစ်တာနဲ့ တိုက်ကြည့်၊ တောင်တွင်းကြီးမှာ H1N1 တစ်ယောက် ထပ်တွေ့တယ်ဆိုတော့ စိတ်တော်တော်ပူသွားတယ်။ ကျွန်တော်တို့နဲ့ တောင်တွင်းကြီးနဲ့ သိပ်မဝေးဘူးဗျ။ ကျောင်းမှာ H1N1 အကြောင်း ဟောပြောပွဲ နောက်အပတ်ထဲမှာ လုပ်မယ်တဲ့။ ဘလော့တွေကလည်း ၀င်မရအောင်ပိတ်ထား။ ကျောင်းဘလော့မှာ ဘာမှမရေးဖြစ်တာတော်တော် ကြာပြီ။ အင်တာနက်သုံးမရ၊ အကြောင်းရှာတော့ proxy ကပြောင်းသွား။ ကျောင်းကဖွင့်တဲ့ CHRD Computer သင်တန်းမှာ သင်တန်းအကူလုပ်တဲ့ ဆရာမကလည်း ဂဂျီဂဂျောင်လုပ်။ Comupter သင်တန်းမှာ မီးကပျက်၊ မီးပျက်တော့ အချိန်အစားပေးရ၊ အချိန်အစားပေးရတော့ စာမေးပွဲနောက်ဆုတ်ရ။ ဂျူတီပတ်ကင်းသမားကလည်း လာပါဦးဆိုလို့ အနားသွားလိုက်တာ လာရစ်နေလို့ စကားများရ။ မှတ်မှတ်ရရ ဇူလိုင်ပါ။

13 July, 2009

စိတ်လေတယ်

Blog လုပ်နည်းလေးတွေတောင် ပြီးအောင်မရေးရသေးဘူး။ Blog လေးကို ပိတ်သွားပြီ။ ဒီအတိုင်းဝင်လို့ မရတော့ ဘူး။ ရေးထားတဲ့ method ကလည်းအစပိုင်း မဟုတ်တော့ဘူး။ ဘာဆက်လုပ်ရမှန်း မသိတာနဲ့ ဒီအတိုင်း ၂ ရက် လောက်ထားလိုက်တယ်။ ဒီကြားထဲ proxy ပြောင်းသွားလို့ Internet ကသုံးလို့မရဖြစ်သွားပြန်ရော။ proxy ပြောင်းမယ့်အကြောင်း ဘယ်ကမှလည်း အကြောင်းမကြားကြဘူး။ တော်တော်စိတ်လေတယ်။

10 July, 2009

Blog လုပ်ကြမည်

Blog လေးတစ်ခု လုပ်ကြရအောင်ဗျာ။ ကျွန်တော်က blogspot ကိုသုံးပြီးblog လုပ်ပါတယ်။ ကိုယ့်blogလေးစဖို့ www.blogspot.com ကိုဖွင့်လိုက်ရင်တော့ ပိတ်ထားတာတွေ့ရမှာပါ။ ဒီလိုလေးလေ။













ပိတ်တဲ့သူကလည်း သူ့အကြောင်းနဲ့သူ အကြောင်းရှိလို့ပိတ်တာ ပေါ့ဗျာ။ မဟုတ်ဘူးလား။ blog လုပ်ချင်တဲ့ ကျွန်တော်တို့ကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ ရအောင် လုပ်ကြရတာပေါ့ဗျာ။ ကျွန်တော်ကတော့ ကျော်တာခွတာ လောလောဆယ် မသုံးသေးဘူးဗျ။ နဂိုကမှ connection ကနှေးရတဲ့ကြားထဲ ကျော်ခွနေရရင် ဘာမှ လုပ်လို့ရတော့မှာမဟုတ်ဘူး။ အဲဒီတော့ ပိတ်မထားတဲ့ blog တစ်ခုထဲ အရင်ဝင်ကြရအောင်ဗျာ။ ကျွန်တော့blogက အပိတ်မခံရသေးဘူးဗျ။ အခုချိန်ထိ။ အဲဒီတော့ ကျွန်တော့blogထဲ စ၀င်ကြရအောင်ဗျာ။ kyihtinpaw.blogspot.com ထဲပေါ့ဗျာ။ ပြီးရင် ညာဖက်အပေါ်ထော့င်မှာရှိတဲ့ Create Blog ကိုနှိပ်လိုက်ဗျာ။





အပေါ်မှာရေးထားတဲ့ အတိုင်း ၀င်လည်း မရတော့ပါ။ အကုန်ပိတ်ထားပါပြီ။ အဲဒီတော့ အလွယ်ဆုံးကတော့ proxy ကျော်တဲ့ site တစ်ခုခုကို အရင်ဝင် အဲဒီကနေတဆင့် www.blogspot.com ထဲဝင်လိုက်ပါ။ proxy ကျော်တဲ့ site တွေစာရင်းပြုစုပြီး post တင်ပေးထားပါတယ်။ သုံးကြည့်ပြီး ဘယ် site ကတော့ အဆင်ပြေတယ်၊ ဘယ် site ကတော့ အဆင်မပြေတဲ့ အကြောင်း comment လေးရေးပေးပါဦး ခင်ဗျား။ နောက်လူတွေ အတွက် အဆင်ပြေတာပေါ့ဗျာ။



















က





































က
















ကကက







ကကကကကကကကက












ကကကကကကကက















ကကကကကကက










ကကကက



















ကက










blog တစ်ခုအောင်အောင်မြင်မြင် လုပ်လို့ပြီးသွားပါပြီ။ အားလုံးလည်း အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ ကိုယ့်blogထဲမှာ ကိုယ်ရေးချင်တာတွေ ရေးရင်း အများအတွက် အကျိုးရှိမယ့် အကြောင်းအရာလေးတွေ ကိုလည်း မျှဝေပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။






05 July, 2009

Blog နှင့် ကျွန်တော့်အမြင်

ကျွန်တော် Blog တစ်ခု စလုပ်ဖြစ်သွားတယ်ပေါ့ဗျာ။ ဘယ်လိုလုပ်ပြီးစ လုပ်ဖြစ်သွားသလဲဆိုတော့ ...


အဓိကက ကျွန်တော့်မိသားစုနဲ့ မိတ်ဆွေတွေကြောင့်ပဲဗျ။ ကျွန်တော့်မှာ မိသားစုလို့ပြောရင် ခွဲပြောရတယ်။ ကျွန်တော့်အဖေ၊ အမေ၊ ညီမတွေနဲ့ မိသားစုလား။ ကျွန်တော့်မိန်းမ၊ သမီးတွေနဲ့မိသားစုလား ဆိုတာကိုပါ။ ကျွန်တော်က အိမ်ထောင်ကျကတည်းက အိမ်နဲ့ခွဲပြီး သပ်သပ်နေခဲ့တာပါ။ မိသားစုလို့ပြောရင် ဘယ်မိသားစုလည်း ဆိုတာ ကိုယ့်ဟာကိုရှုပ်နေလို့ ခွဲခွဲပြောတာပါ။ အဖေ နဲ့ ညီမတစ်ယောက်က ရန်ကုန်မှာ၊ အမေ နဲ့နောက် ညီမတစ်ယောက်က နတ်တလင်းမှာ၊ ကျွန်တော်က မကွေးမှာ၊ အဲဒီလိုတကွဲစီပါ။ မိတ်ဆွေတွေကရန်ကုန်မှာ ပေါ့ဗျာ။ ကျွန်တော်ရန်ကုန်ကနေ ပြောင်းခဲ့တုန်းက သမီးကတစ်တယောက်ပဲ ရှိသေးတယ်။ သမီးငယ်က မကွေးရောက်မှမွေးတာဗျ။ သမီးကြီးကိုသူ့အဒေါ်တွေက တော်တော်ချစ်ကြတယ်။ မကွေးရောက်ပြီးတော့ သမီးကြီး ဘယ်လိုပုံဖြစ်နေပြီလဲ။ ဓါတ်ပုံပို့ပါဦးဆိုပြီး ရန်ကုန်ကညီမတွေက ခဏခဏ ပြောကြတာနဲ့ပဲ ဓါတ်ပုံတော့မပို့တော့ဘူး။ အင်တာနက်မှာ Blog လေးလုပ်လိုက်မယ်။ အင်တာနက်ကနေ့ပဲ ကြည့်ကြလို့ပြန်ပြောလိုက်ရင်း စလိုက်တာပါ။ သူတို့လည်း အင်တာနက်နဲ့ ရင်းနှီးစေချင်တာလည်း ပါပါတယ်။

Blog လုပ်ရအောင် ပထမဦးဆုံးစပြောတဲ့သူကတော့ ရန်ကုန်မှာတုန်းက သူငယ်ချင်း ထွန်ထွန်းဦးပါ။ အဲဒီအချိန် Windows Vista စထွက်ခါစ၊ တော်တော်ခက်ခက်ခဲခဲတင်ရတဲ့အချိန်ပါ။ အဲဒီအကြောင်းရေးကြရအောင်ဆိုပြီး သူက Blog လုပ်ခိုင်းတာဗျ။ မလုပ်ဖြစ်ခဲ့ပါဘူး။ မကွေးရောက်မှပဲ စဖြစ်တော့တယ်။

ကျွန်တော့ ဆရာကြီးတစ်ယောက်က ပြောတယ်။ ကြည့်လည်းလုပ်နော်၊ Blogger တွေကိုသိပ်ကြည်တာ မဟုတ်ဘူးတဲ့။ ကျွန်တော်ကတော့ ပြန်ပြောပြလိုက်ပါတယ်။ ကျွန်တော်က နာမည်အရင်းနဲ့လုပ်တာပါ။ ကျွန်တော့်အကြောင်း မိသားစုတွေသိရအောင်အဓိကပါ လို့။

သူငယ်ချင်းတစ်ယောက်ကလည်းမေးပါတယ်။ Blog နဲ့ နိုင်ငံရေး ဘယ်လိုပတ်သက်လဲတဲ့။ ကျွန်တော်လည်း ကျွန်တော်ခံယူထားတဲ့အတိုင်း ပြန်ရှင်းပေးလိုက်ပါတယ်။ ဂျာနယ်ကိုနမူနာပေးလိုက်ပါတယ်။ ဂျာနယ်မှာ အချစ်အကြောင်းရေးရင် အချစ်ဂျာနယ်၊ ရုပ်ရှင်အကြောင်းရေးရင် ရုပ်ရှင်ဂျာနယ်၊ နိုင်ငံရေးအကြောင်းရေးရင် နိုင်ငံရေးဂျာနယ်ပေါ့ဗျာ။ အဲဒီတော့ ခင်ဗျား Blog မှာဘာရေးမှာလည်း၊ နိုင်ငံရေးရေးရင်တော့ နိုင်ငံရေးBlog ဖြစ်သွားမှာပေါ့လို့ပါ။ Blog နဲ့နိုင်ငံရေးဆက်စပ်မှု ကင်းရှင်းပါတယ်လို့။

ဒါတွေကတော့ ကျွန်တော်Blog ဘာလို့စလုပ်ဖြစ်သလဲနဲ့ Blog နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခံယူချက်တွေပါ။

GTalk ၀င်မရ

မနေ့က ၄-၇-၂၀၀၉ ကစပြီး GTalk ၀င်မရ ဖြစ်နေပါတယ်။ GMail ကတော့ Freedom သုံးပြီးဝင်ဝင် www.ctunnel.com ကနေပဲတဆင့် ၀င်ဝင် ရနေသေးတယ်။ ဒီအတိုင်းဝင်ရင်တော့ မရဘူးဗျ။ ဘာဖြစ်လို့လည်းတော့မသိဘူး။ GTalk လေးကဆက်သွယ်ရေး တော်တော်အဆင်ပြေတယ်ဗျာ။ ။ Talk တော့မ မTalk ဖြစ်ပါဘူး။ အကြောင်းရှိရင် Chat ပဲသုံးတာများတယ်။ တခုတလော နာမည်ကြီးနေတဲ့ H1N1 များမိသွားလို့လားမသိဘူး။ GTalk မြန်မြန်ပြန်ရပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဆက်မဖတ်နိုင်တော့ခြင်း

တစ်ပတ်လောက်ရှိပြီ။ ကျွန်တော့်blogမှာ error လာတက်နေတယ်။ ဆက်ဖတ်မယ်ဆိုတာကိုနှိပ်ရင် ဘာအလုပ်မှဆက်မလုပ်ဘဲ ဒီအတိုင်းပဲဖြစ်နေတာလေ။ ကျွန်တော်ပြင်ပါ့မည်။ မေးရမြန်းရ ရှာရဖွေရ ဖတ်ရပါဦးမည်။ လာဖတ်သူတွေ စိတ်အနှောက်အယှက်ဖြစ်မှာစိုးပါသောကြောင့် ဒီpostတင်ရခြင်း ဖြစ်ပါသည်။

H1N1 ကပ်ဆိုက်လျင် အပိုင်း(၂)

H1N1 လူမမာတစ်ယောက် ထပ်တွေ့တဲ့သတင်း ကြားလိုက်ရပါတယ်။ အားလုံး သတိရှိကြဖို့ နှိုးဆော်လိုပါတယ်။ တုပ်ကွေးရဲ့သဘောက ကူးစက်ဖို့ အင်မတန် လွယ်ကူပါတယ်။ ဖြစ်ရင် သေတာတွေလည်း တွေ့နေရပါပြီ။ ဘယ် လောက်ရာခိုင်နှုန်း သေနေပြီဆိုတာတော့ ကျွန်တော် မသိသေးပါဘူး။ ရာခိုင်နှုန်း များလာရင် မတွေးဝံ့စရာပါပဲ။ ကူးဖို့ကလည်းလွယ် ဖြစ်ရင်လည်းသေတဲ့ ရာခိုင်နှုန်းကများဆိုရင်တော့ ...
ကျွန်တော်ဘာဆက်ရေးရမလဲခင်ဗျား။

H1N1 ကပ်ဆိုက်လျင်


H1N1 ကပ်အသွင်ဆိုက်ရောက်လာပါက မည်သို့မည်ပုံ ကာကွယ် ပြင်ဆင်သင့်ကြောင်း UNICEF ကထုတ်ဝေထားတဲ့ လက်ကမ်း
စာစောင်လေးကို မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။






(၁)
အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ခြင်း
ကပ်ရောဂါအသွင်တုပ်ကွေးဖြစ်ပွားလာခဲ့ပါက မိသားစုအတွက် ရှစ်ပတ်စာကြိုတင်ပြင်ဆင်ပါ။

(၂)
























-၃-
























-၄-
























-၅-
























-၆-
























-၇-























-၈-
























-၉-
























-၁၀-























-၁၁-
























-၁၂-




04 July, 2009

H1N1 အကြောင်းတစေ့တစောင်း

A-H1N1 အကြောင်း အားလုံးလည်း သိသင့်သိထိုက်သလောက် သိပြီးဖြစ်နေပါပြီ။ ကြောက်သင့်သလောက် လည်းကြောက်နေကြမှာပါ။ ကျွန်တော်လည်း ကြောက်ပါတယ်။ အခုကျွန်တော်တို့မကွေးမှာ ညနေဆို မိုးကလည်းဆက်တိုက်ရွာနေတာ တစ်ပတ်လောက်ရှိပြီဗျ။ တုပ်ကွေးက မိုးအေးရင်ဖြစ်တာပိုများတယ်လေ။ ဖြစ်တဲ့တုပ်ကွေးက H1N1 ဆိုမချောင်ဘူးဗျ။ ရိုးရိုးတုပ်ကွေးကတော့ သိပ်ပြသနာမရှိပါဘူး။ အရင်ကသိခဲ့တာ Vitamin C ကကိုယ်ခံအားမြင့်တက်စေပြီး တုပ်ကွေးကိုကာကွယ်နိုင်တယ်ပေါ့ဗျာ။ ဒါပေမယ့်တလောက ဖတ်လိုက်ရတဲ့ သတင်းမှာကျတော့ Vitamin C လည်းတုပ်ကွေးကို မကာကွယ်နိုင်ဘူးတဲ့။ သို့ပေမယ့် အိမ်သားတွေအားလုံးကိုတော့ Vicee တစ်ရက်တစ်ပြားတိုက်ထားတယ်ဗျာ။ ဗမာ့နည်းဗမာ့ဟန် ဂျင်းနဲ့ ထန်းလျက်လည်း ပြုတ်လိုက်သေးတယ်။ ကပ်ရောဂါအသွင် ဖြစ်လာရင်ဘယ်လိုလုပ်ကြမလဲလို့ သူငယ်ချင်းတွေကို မေးကြည့်တော့ မီးစင်ကြည့်ကကြတာပေါ့ကွာ တဲ့။ ဘယ်လိုကကွက်တွေနဲ့ကကြမလဲတော့ မသိဘူး။ အကဆိုလို့ ကျွန်တော်ကကကွက်တစ်ခုတော့ အသေကျွမ်းတယ်။ ချိုမိုင်မိုင်လေ။