အိမ်မှာခေါ်ထားတဲ့ အမျိုးကလည်းသူ့အမေကပြန်ခေါ်နေလို့ နေပါအုန်းဟ လုပ်ထားရတယ်။ သမီးကြီးကဖျားမနေလိုဖြစ်တာနဲ့ တတ်သလောက် မှတ်သလောက်နဲ့ ဆေးတိုက်၊ သမီးလေးကဖျား၊ တော်သေးတယ် တစ်ရက်ပဲဖျားလို့။ ကိုယ်ကိုယ်တိုင်လည်း ဖျားမလိုဖြစ်တော့ ဆေးသောက်ရ။ H1N1 လက္ခဏာနဲ့ ကိုယ်ဖြစ်တာနဲ့ တိုက်ကြည့်၊ တောင်တွင်းကြီးမှာ H1N1 တစ်ယောက် ထပ်တွေ့တယ်ဆိုတော့ စိတ်တော်တော်ပူသွားတယ်။ ကျွန်တော်တို့နဲ့ တောင်တွင်းကြီးနဲ့ သိပ်မဝေးဘူးဗျ။ ကျောင်းမှာ H1N1 အကြောင်း ဟောပြောပွဲ နောက်အပတ်ထဲမှာ လုပ်မယ်တဲ့။ ဘလော့တွေကလည်း ၀င်မရအောင်ပိတ်ထား။ ကျောင်းဘလော့မှာ ဘာမှမရေးဖြစ်တာတော်တော် ကြာပြီ။ အင်တာနက်သုံးမရ၊ အကြောင်းရှာတော့ proxy ကပြောင်းသွား။ ကျောင်းကဖွင့်တဲ့ CHRD Computer သင်တန်းမှာ သင်တန်းအကူလုပ်တဲ့ ဆရာမကလည်း ဂဂျီဂဂျောင်လုပ်။ Comupter သင်တန်းမှာ မီးကပျက်၊ မီးပျက်တော့ အချိန်အစားပေးရ၊ အချိန်အစားပေးရတော့ စာမေးပွဲနောက်ဆုတ်ရ။ ဂျူတီပတ်ကင်းသမားကလည်း လာပါဦးဆိုလို့ အနားသွားလိုက်တာ လာရစ်နေလို့ စကားများရ။ မှတ်မှတ်ရရ ဇူလိုင်ပါ။
No comments:
Post a Comment