27 January, 2010

သရက်မြို့ဟောပြောပွဲသို့

၂၀၁၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဟောပြောပွဲများ ကျင်းပလျက်ရှိရာ ကျွန်တော်က သရက်မြို့သို့သွားဖို့ တာဝန်ကျပါတယ်။




အောင်လံကနေ ဧရာဝတီမြစ်ကို စက်လှေဖြင့် ကူးခဲ့ကြပါတယ်။


 
၂၄ ရက်နေ့မှာတော့ ကျွန်တော်စဟောပြောခဲ့ပါတယ်။


Power Point သုံးပြီး ဟောခဲ့ပါတယ်။
























တက္ကသိုလ်ဝင်တန်းဟောပြောပွဲ

၂၀၁၀ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းအတွင်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ဟောပြောပွဲများ ကျင်းပလျက်ရှိပါသည်။ မကွေးတက္ကသိုလ် ဌာနပေါင်းစုံမှ ဆရာ၊ ဆရာမများ လိုက်လံဟောပြောကြပြီး ခရီးသွားလာရေးကိစ္စ၊ တည်းခိုရေးကိစ္စ၊ စားသောက်ရေးကိစ္စ များအတွက် သက်ဆိုင်ရာ ကြံ့ဖွံ့ အဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ကြပါသည်။

19 January, 2010

၂၀၁၀ ရွှေစက်တော်

ဒီနှစ် ရွှေစက်တော်ဘုရားပွဲရာသီ ဖွင့်ပွဲကို ယနေ့ ၁၉-၁-၂၀၁၀ တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

 

  

10 January, 2010

Domain တစ်ခုဘယ်လိုဝယ်ကြမလဲ

ကျွန်တော်တို့တွေ Domain name တစ်ခုဝယ်ဖို့ရန်အတွက် Credit Card သို့မဟုတ် paypal လိုအပ်ပါတယ်။ domain name ဝယ်ယူရန်အတွက် မိမိနှစ်သက်ရာ domain ရောင်းတဲ့ site ဆီမှာ ဝယ်လို့ရတယ်။ နာမည်ကြီး domain ရောင်တဲ့နေရာ တွေကတော့ GoDaddy, Enom, DynDns, Name.com တို့ပါ။ နောက်ပိုင်းတော့ name.com မှာ ဝယ်ယူပါတယ်။ ဒါပေမယ့် သူ့ဆီမှာ ဝယ်ရင် Sub Domain တွေကို သီးသန့် ခွဲထုတ်လို့မရပဲ domain တစ်ခုပဲရပါတယ်။ subdomain တစ်ခု hosting တစ်ခုပေးချင်ရင်တော့ CNAME Record ရတဲ့ domain provider တွေကနေ ဝယ်ယူရပါမယ်။ domain ဝယ်ယူပြီးတဲ့အခါမှာ domain control အတွက် admin panel သဘောမျိုးပေးပါတယ်။ အဲဒီမှာ ကိုယ်ချိတ်မယ့် hosting ရဲ့ name server address ကို ထည့်ရပါတယ်။ မိမိ hosting ထဲမှာလည်း အဲဒီ domain ကို ထည့်ပေးထားရပါတယ်။ ဒါမှသာ ချိတ်ဆက်မှုရှိတာပါ။

domain တစ်ခုကို ခေါ်လိုက်တဲ့အခါ Name Server ထည့်ထားတဲ့ hosting ကိုသွားတယ်။ Name Server ထည့်ထားတဲ့ Hosting မှာ အဲဒီ domain name ရှိမရှိရှာပြီး domain name ရှိရင် domain name ရှိတဲ့ path ကို လှမ်းခေါ်လိုက်သလိုမျိုးပါ။

name.com မှာ ဝယ်မယ်ဆိုရင်တော့ အရင်ဆုံး name.com မှာ register လုပ်ရပါတယ်။ register လုပ်ပြီးရင် သူ့ search box မှာ ကိုယ်ဝယ်ချင်တဲ့ domain name ကို search လုပ်လိုက်ပါ။ အဲဒီအခါ ကိုယ်လိုချင်တဲ့ domain ရမရ သူစစ်ဆေးပါ့မယ်။ ရရင် ရတယ်ပေါ့။ မရရင် သူ suggestion ပေးပါလိမ့်မယ်။ ပြီးရင်တော့ checkout လုပ်လိုက်ပြီး ကိုယ့် credit card ဖြစ်စေ paypal နဲ့ ဖြစ်စေ ငွေချေနိုင်ပါတယ်။ ပြီးရင်တော့ ကိုယ့် Account ထဲမှာ ကိုယ်ဝယ်ထားတဲ့ domain name ပေါ်လာပါလိမ့်မယ်။

ဝယ်ဝယ်ပြီးခြင်းတော့ domain ကို ခေါ်လို့ရမှာမဟုတ်ဘူးဗျ။ ကိုယ့် Account ထဲဝင်ပြီး သင်ဝယ်ထားတဲ့ domain name ကို click လုပ်လိုက်တဲ့အခါမှာတော့ domain name နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖော်ပြပေးပြီး ဘယ်ဘက်အခြမ်းမှာတော့ control panel ပါဝင်ပါတယ်။ Edit Name Server ကို နှိပ်လိုက်ပြီး သူ့ default name server တွေကို remove လုပ်ပြီး ကိုယ့် Hosting ရဲ့ name server ကို ထည့်သွင်းပါ။ ကိုယ့် hosting name server ကိုတော့ ကိုယ့် hosting ဝယ်ယူထားသုံးက ရထားတဲ့ domain address ကို www.whois.net မှာ ရိုက်ပြီး name server ကို သိရှိနိုင်ပါတယ်။ အဲဒီ name server ကို ကိုယ့် domain name နဲ့ ချိတ်ဆက်ပြီး ကိုယ့် hosting မှာလည်း domain name ကို ချိတ်ဆက်ပြီးရင်တော့ ၁ နာရီလောက်စောင့်ပြီးရင် domain name ခေါ်လိုက်တာနဲ့ hosting မှာ ကိုယ်ပေးထားတဲ့ နေရာကို သွားခေါ်ပေးတော့မှာပါ။

http://www.saturngod.net မှ ကူးယူဖော်ပြပါသည်။

09 January, 2010

လစာတိုးခြင်း

လစာတိုးတာနဲ့ပတ်သက်တဲ့ သတင်းက ကြားနေတာတော့ အတော်ကြာပြီဗျ။ မနေ့ကမှ အမိန့်စာရွက် မြင်ရတာ။ အမိန့်ကြော်ငြာစာက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်တာပါ။
ဝန်ကြီး ဗိုလ်ချုပ်လှထွန်း လက်မှတ် ရေးထိုးထားပါတယ်။ ဒီဇင်ဘာ ၃၁ ၂၀၀၉ ရက်စွဲနဲ့ပါ။

အမိန့်ကြော်ငြာစာ ၁၈၄/၂၀၀၉ မှာ
၁၅၀၀၀-၁၀၀၀-၂၀၀၀၀ ရနေသူကနေ ၁၉၀၀၀၀-၂၀၀၀-၂၀၀၀၀၀ ရနေသူတွေကို တစ်လ ၂၀၀၀၀ စီတိုးတဲ့အကြောင်း နေ့စားသမားများကို ၅၀၀ ကျပ်မှ ၁၀၀၀ကျပ် တိုးကြောင်းပါပါတယ်။

အမိန့်ကြော်ငြာစာ ၁၈၅/၂၀၀၉ မှာ
ကိုယ့်အစီအစဉ်နဲ့ကိုယ် ခန့်ထားတဲ့ ယာယီဝန်ထမ်းများရဲ့ ပုံသေလစာများဖြစ်သော
၁၅၀၀၀ သမားကို ၃၅၀၀၀
၂၀၀၀၀ သမားကို ၄၀၀၀၀
တိုးတဲ့အကြောင်းပါပါတယ်။

အမိန့်ကြော်ငြာစာ ၁၈၆/၂၀၀၉ မှာ
ပင်စင်သမားများနဲ့စပ်လျဉ်းလို့ပါပါတယ်။

အမိန့်ကြော်ငြာစာ ၁၈၇/၂၀၀၉ မှာ
ကျွမ်းကျင်သူများရဲ့ လစဉ်ထောက်ပံ့ငွေကို ၄၀၀၀၀ သတ်မှတ်ကြောင်းပါပါတယ်။

01 January, 2010

Happy New Year



၂၀၀၉ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၀ ကိုရောက်ရှိလာပါပြီ။ ၂၀၀၉ မှာ ကောင်းတာတွေရော ဆိုးတာတွေပါ အားလုံးကြုံတွေ့ကြမှာပါ။ ဒီလိုပါပဲဗျာ။ အကောင်းအဆိုးဆိုတာက အမြဲလိုဒွန်တွဲနေတာပဲ။ ၂၀၁၀ မှာ အားလုံး စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာနိုင်ကြပါစေကြောင်း ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။