လစာတိုးတာနဲ့ပတ်သက်တဲ့ သတင်းက ကြားနေတာတော့ အတော်ကြာပြီဗျ။ မနေ့ကမှ အမိန့်စာရွက် မြင်ရတာ။ အမိန့်ကြော်ငြာစာက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်တာပါ။
ဝန်ကြီး ဗိုလ်ချုပ်လှထွန်း လက်မှတ် ရေးထိုးထားပါတယ်။ ဒီဇင်ဘာ ၃၁ ၂၀၀၉ ရက်စွဲနဲ့ပါ။
အမိန့်ကြော်ငြာစာ ၁၈၄/၂၀၀၉ မှာ
၁၅၀၀၀-၁၀၀၀-၂၀၀၀၀ ရနေသူကနေ ၁၉၀၀၀၀-၂၀၀၀-၂၀၀၀၀၀ ရနေသူတွေကို တစ်လ ၂၀၀၀၀ စီတိုးတဲ့အကြောင်း နေ့စားသမားများကို ၅၀၀ ကျပ်မှ ၁၀၀၀ကျပ် တိုးကြောင်းပါပါတယ်။
အမိန့်ကြော်ငြာစာ ၁၈၅/၂၀၀၉ မှာ
ကိုယ့်အစီအစဉ်နဲ့ကိုယ် ခန့်ထားတဲ့ ယာယီဝန်ထမ်းများရဲ့ ပုံသေလစာများဖြစ်သော
၁၅၀၀၀ သမားကို ၃၅၀၀၀
၂၀၀၀၀ သမားကို ၄၀၀၀၀
တိုးတဲ့အကြောင်းပါပါတယ်။
အမိန့်ကြော်ငြာစာ ၁၈၆/၂၀၀၉ မှာ
ပင်စင်သမားများနဲ့စပ်လျဉ်းလို့ပါပါတယ်။
အမိန့်ကြော်ငြာစာ ၁၈၇/၂၀၀၉ မှာ
ကျွမ်းကျင်သူများရဲ့ လစဉ်ထောက်ပံ့ငွေကို ၄၀၀၀၀ သတ်မှတ်ကြောင်းပါပါတယ်။
No comments:
Post a Comment