လောလောဆယ် အဆင်ပြေနေသော blog လုပ်ဖို့ site တစ်ခုညွှန်းရမည်ဆိုပါလျှင် www.blog.com ကိုညွှန်းလိုပါတယ်။ အဆင်ပြေတယ်ဆိုတာက ဘာမှတော့ မဟုတ်ပါဘူး။ မဘမ်းသေးတာကိုပြောတာပါ။ ကျော်ခွစရာမလိုသေးပါဘူး။ လုပ်ဖို့ကတော့ အရင်ဘလော့လုပ်တဲ့ ပုံစံတွေပါပဲ။ မကွာလှပါဘူး။ ဘယ်အတိုင်အတာထိ စိတ်ချရမယ်ဆိုကတော့ဖြင့် ကျွန်တော်လည်း မပြောတတ်ပါ။ ကျွန်တော်ကတော့ Google ကယုံပြီး ပုံအပ်ထားပါတယ်။ www.blogspot.com ပါ။ သူက Google ကပေးတဲ့ Service ဆိုတော့ အဲဒီက ကျွန်တော်ဘလော့မှာပဲ ရေးဖြစ်တာများပါတယ်။ Google ကလက်လွတ်စပယ် မလုပ်လောက်ဘူးလို့ ထင်ရတာပဲလေ။
www.blog.com ကိုခေါ်လိုက်ရင် ဒီလိုစတွေ့မှာပါ။Sing up ကနှိပ်လိုက်ရင် ဒီလိုတွေ့ရမှာပါ။
လိုအပ်သည်များကို ဖြည့်ပြီး တစ်ဆင့်ချင်းလုပ်သွားလျှင်တော့ဖြင့် လောလောဆယ် ပိတ်ဆို့ထားခြင်း မခံရသေးသော ဘလေးလေးတစ်ခု လက်ဝယ်ပိုင်ပိုင် ရရှိမှာဖြစ်ပါတယ်။ အားလုံး အဆင်ပြေနိုင်ကြပါစေ။
No comments:
Post a Comment