22 August, 2010

ရွေးကောက်ပွဲ နီးလာပြီ

ရွေးကောက်ပွဲ နိုဝင်ဘာလ ၇ ရက်မှာလုပ်မယ်လို့ သိရပါတယ်။ အခုတက်နေတဲ့ Day စာမေးပွဲတွေက စက်တင်ဘာ ၁၇ ဆိုစပါပြီ။ စက်တင်ဘာလ မကုန်ခင်ပဲ ပြီးသွားမှာပါ။ ကျွန်တော်တို့ကျောင်းကတော့ ကျောင်းအနေနဲ့ မဲရုံသတ်သတ် လုပ်မယ်နဲ့ တူပါတယ်။ အရင်တစ်ခါ ဆန္ဒခံယူပွဲတုန်းကလည်း ကျောင်းကဓမ္မာရုံမှာပဲ မဲရုံလုပ်တာပါ။ မဲပေးတာနဲ့ ပတ်သက်လို့ ငယ်ငယ်တုန်းက ရုပ်မြင်သံကြားမှာ စက်ခလုပ်နှိပ် မဲပေးတာစတွေ့ဖူးတာပါ။ အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့တူပါတယ်။ လွှတ်တော်အမတ်တွေက ထိုင်နေရာကနေ ကုန်းပြီးရှေ့က စားပွဲအောက်ကို လှမ်းနှိပ် မဲပေးကြတာလေ။ နောက် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အသက်မပြည့်သေးလို့ မဲမပေးရဘူး။ ဆန္ဒခံယူပွဲတုန်းက မဲပေးခဲ့တယ်။ အခုတစ်ခါလည်း ပေးခွင့်ကြုံလာပါပြီ။

(ဆက်ပါဦးမည်)

No comments: