11 October, 2010

Nobel Prize and Mathematics

Alfred Nobel က နှစ်စဉ် ပညာဆု ၅ ဆုကို တစ်ကမ္ဘာလုံးမှ အထူးချွန်ဆုံးသော ပုဂ္ဂိုလ်များအား ရွေးချယ်ပြီး ဆုချီးမြှင့်ရန် သေတမ်းစာတွင်မှာခဲ့ပြီး ဒေါ်လာ ၉ သန်း (၁၈၉၀ပြည့်လွန်နှစ်များကဖြစ်ပါသည်) ချန်ထားခဲ့ပါသည်။ ဆုပေးရန် သိပ္ပံနယ် ၃ ခု

(၁) Physics
(၂) Chemistry
(၃) Physiology or Medicine
နှင့် အခြားနယ်မှ ၂ ခု
(၄) Literature
(၅) Peace စသည်ဖြင့် သတ်မှတ်ပေးခဲ့ပါသည်။


ယခုအခါ Nobel ဆု ၆ ဆုပေးသည်ဟု မှတ်ယူနေကြပါသည်။ နောက်တိုးတစ်ဆုမှာ Nobel ၏ သေတမ်းစာတွင်မပါဘဲ Nobel အမှတ်တရအနေနှင့် Central Bank of Sweden ကချီးမြှင့်သော Economic Science နယ်ပယ်က ဖြစ်ပါသည်။ ဆုအမည် အပြည့်အစုံမှာ Severiges Riksbank Prize in Economic Science in Memory of Alfred Nobel ဖြစ်ပါသည်။ ၁၉၆၉ တွင် စတင်ချီးမြှင့်သည်ဟု သိရပါသည်။


Mathematics ကိုဘာကြောင့် ထည့်မစဉ်းစားခဲ့သနည်း။ Nobel အနေဖြင့် သင်္ချာထူးချွန်သူများကို အဘယ်ကြောင့် Nobel ဆု မပေးချင်သနည်း နှင့်ပတ်သက်ပြီး တင်မြင်ချက် အမျိုးမျိုးရှိပါသည်။ တိုထင်မြင်ချက်များထဲက အနည်းငယ်ကို ထုတ်နှုတ်ပြရမည်ဆိုလျှင်

၁၉၈၆ ခုနှစ် Springer-Verlag ကထုတ်သော International Mathematical Congresses, An Illustrated History (1893-1986) စာအုပ်၊ စာမျက်မှာ၃၉ တွင်ဖော်ပြထားချက်မှာ


Nobel Prizes & Mathematics

The widely circulated explanation of why there are no Nobel Prizes in mathematics is that Alfred Nobel wanted to make sure that the mathematician Mittag-Leffler would never be awarded a Nobel Prize.


လို့ ဖော်ပြထားပါတယ်။

အဲဒီမှာပါတဲ့ Mittag-Leffler ဆိုသူကတော့ ဆွီဒင်သင်္ချာပညာရှင် Gosta Mittag-Leffler ဖြစ်ပါတယ်။

နောက်ယူဆချက်တစ်ခုကတော့ ဝီကီကဖြစ်ပါတယ်။ ဝီကီက ဒီလိုဆိုပါတယ်။

(http://en.wikipedia.org/wiki/G%C3%B6sta_Mittag-Leffler)


A legend that Alfred Nobel did not set up a prize in Mathematics because of a thwarted affair with Signe Lindfors is not supported by historical evidence.


Signe Lindfors က Gosta Mittag-Leffler ရဲ့ဇနီးပါ။

No comments: