၁၀-၁၂-၂၀၁၁ နေ့ညက ကျွန်တော်တို့မိသားစု နည်းနည်းအလုပ်များပါတယ်။ ၁၁ နေ့နံနက်မှာ ပြည်တော်သာစာသင်တိုက်က သံဃာတော်(၅)ပါးကို အာရုံဆွမ်းဆက်ကပ်ဖို့အတွက် ဆောင်ရွက်ဖွယ်ရှိသည်များကို တပြည့်တွေနဲ့ ဝိုင်းလုပ်နေကြတဲ့ည ဖြစ်ပါတယ်။ မီးဖိုပြီး ကျောက်ကျောကြို၊ ဆနွမ်းမကင်းဖုတ် လုပ်နေတုန်း လကြတ်တယ်ဆိုလို့ ကောင်းကင်ကိုမော့ကြည့်မိပါတယ်။ လငပုတ်ဖမ်းတယ်လို့လည်း ခေါ်ကြပါတယ်။ အပျော်တမ်းကင်မရာနဲ့ ဓါတ်ပုံတော်တော်များ လှမ်းရိုက်ပါတယ်။ အဆင်သိပ်ပြေလှပါဘူး။ လက်မငြိမ်တာရော အကွာအဝေးရောကြောင့်လို့ထင်ပါတယ်။ ကြည့်ပျော်ရှု့ပျော်ရှိမယ်လို့ ယူဆတဲ့ ပုံ ၂ ပုံ တင်လိုက်ပါတယ်။
၁၀-၁၂-၂၀၁၁ ည ၈နာရီ ၁ရ မိနစ်အချိန် လကိုအမှောင်ထု ဖုံးနေပုံပါ။ မကွေးမြို့ကမြင်ရပုံပါ။
၁၀-၁၂-၂၀၁၁ ည ၁၀နာရီ ၁၂မိနစ်အချိန် လ မှ အမှောင်ထု ထွက်ခွါနေပုံပါ။ အမှောင်ထု နည်းနည်းလေးတော့ကျန်ပါသေးတယ်။
No comments:
Post a Comment