15 June, 2009

နှင်းကျအောင်လုပ်ကြမယ်

တနေ့လောကအလှsite ကို ၀င်ကြည့်တော့ နှင်းလေးတွေ ကျနေတဲပုံ လုပ်ထားတာ လှတယ်ဗျာ။ ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ဖော်ပြထားသေးတယ်။ စမ်းကြည့်ချင်ရင်တော့ အောက်ကLink ကိုသွားကြည့်ပြီး လုပ်ကြည့်ဗျာ။ အဆင်ပြေပါစေ။

ရည်ညွှန်းချက်။ http://www.lawka-ahla.com/news.php?extend.453.12

Link ပေးပြီး စာသားများဖျောက်ထားရန်

အခုကျွန်တော်ဖော်ပြမှာကတော့ post တွေမှာအကုန်မဖော်ပြတော့ဘဲ ဆက်ဖတ်ရန်တို့ နှိပ်ကြည့်ဦးမှတို့ Link လေးတွေထားပြီး နှိပ်လိုက်မှစာတွေပေါ်လာအောင် လုပ်တဲ့နည်းပါ။

ရည်ညွှန်းချက်။ ။ http://www.mysteryzillion.org/forums/showthread.php?p=33461

ထုံးစံအတိုင်းပေါ့ဗျာ။ မရရင်ကော်မန့်မှာ ဘယ်လိုမရဘူးဆိုတာပြောထား။ ကျွန်တော်တတ်နိုင်သလောက် လိုက်ရှင်းပါ့မယ်ခင်ဗျား။

GMail အကောင့်လုပ်ကြမယ်

အင်တာနက်သုံးစွဲမှုတိုးတက်မြင့်မားလာတာနဲ့အမျှ email သုံးစွဲပြီး တစ်ဦးနဲ့တစ်ဦး လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်ကြပြီဖြစ်ပါတယ်။ ကျွန်တော်ပထမဦးဆုံး gmail အကောင့်ဖွင့်နည်းကို စတင်တင်ပြသွားမှာပါ။



ပထမဦးဆုံး Internet သုံးဖို့ Browser တစ်ခုဖွင့်ရပါ့မယ်။ Mozilla Firefox ကိုခေါ်ဖို့ Desktop ပေါ်က ဒီပုံလေးကို Double Click နှိပ်ပါ။



Google ဆီကိုရောက်နေတတ်ပါတယ်။ မရောက်ရင် ဒီနေရာမှာ google.com လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ။



gmail ကိုခေါ်ရာမှာနည်းများစွာရှိတဲ့အထဲက ကျွန်တော်ကတော့ပထမဦးဆုံး www.google.com ကိုခေါ်ပါတယ်။


ကျွန်တော်အနီဝိုင်းပြထားတဲ့ Gmail ဆိုတဲ့နေရာကိုနှိပ်ပါ။ အခုလိုတွေ့ရမှာဖြစ်ပါတယ်။ (မတွေ့သေးရင် Keyboard မှာပါတဲ့ F5 ကိုနှိပ်ပြီး Refresh လုပ်ပါ။)



Create an account မှာတစ်ချက်နှိပ်ပါ။


First name ဖြည့်၊ Last name ဖြည့်၊ Desired Login Name မှာ ကိုယ်လိုချင်တဲ့ လိပ်စာနာမည်ထည့်၊ အဲဒီမှာထည့်လိုက်တဲ့ နာမည် အဆင်ပြေတယ်ဆိုရင်(ဥပမာ snow ဆိုပါတော့) snow@gmail.com ဆိုတဲ့ email address ကိုရမှာဖြစ်ပါတယ်။ ကိုယ်ထည့်တာလေး အဆင်ပြေမပြေသိရအောင် check availability! ကိုနှိပ်ပါ။ အောက်ကလိုမျိုးပေါ်လာရင် အဲဒီနာမည်သုံးလို့မရဘူးပေါ့။


သူရွေးခိုင်းတဲ့ထဲက ရွေးချင်ရွေး၊ ဒါမှမဟုတ် အသစ်တစ်ခုခုနဲ့စမ်းချင်စမ်း။ အောက်ကလိုမျိုး ပေါ်လာအောင်လုပ်ပါ။



ဒါဆို address name အတွက်က အဆင်ပြေပြီ။ ဆက်ပြီး Password ရွေးကြရအောင်ပါ။



က



က



က


က


က



က




14 June, 2009

ကွန်ပျူတာဗိုင်းရပ်စ် အန္တရာယ်

နေ့တိုင်းလိုကြားနေရပါတယ်။ ဗိုင်းရပ်စ် ၀င်တယ်တဲ့။ ဘယ်ကနေဘယ်လိုဝင်သလဲလို့ ပြန်မေးလိုက်တော့ အများစုက Memory Stick ကနေ၀င်တာဗျ။ Memory Stick ကိုစက်မှာထိုးတာနဲ့ Computer က Auto Run တက်လာရော။ အလွယ်တကူပဲလေ အဲဒီAutoRun ကနေတန်းဖွင့်တော့ Virus ကပျော်ပျော်ကြီး ၀င်သွားရော။ Anti Virus Software ကောင်းကောင်းတစ်ခု သုံးထားတယ် ဆိုရင်တော့ Virus ၀င်ဖို့တော်တော်ခဲယင်းပါတယ်။ ကျွန်တော်ထောက်ခံချက်အပြည့်ပေးတဲ့ Anti Virus Software ကတော့ ESET ကထုတ်တဲ့ NOD32 ပဲဖြစ်ပါတယ်။ NOD32 ဟာ Top 10 Anti Virus Software မှာ နံပါတ် ၁ နေရာတစ်နှစ်ပဲရဖူးပါတယ်။ တခြားနှစ်တွေမှာတော့ 1 to 5 ကြားထဲမှာပဲရှိနေတဲ့ Software တစ်ခုဖြစ်ပါတယ်။ သုံးရတာလည်းပေါ့တယ်။ Virus ကိုလည်းတကယ်နိုင်တယ်။ Update လည်းလွယ်တယ်။ online ရော offline သုံးသူတွေအတွက်ပါ လွယ်တာပါ။ ဒါနဲ့များဘာဖြစ်လို့ နှစ်တိုင်းနံပါတ် ၁ မဖြစ်ရတာလဲဆိုတာစိတ်ဝင်စားလို့ လိုက်ဖတ်ကြည့်တော့ User Friendly မဖြစ်လို့ကအဓိကဖြစ်နေတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ သူက Friendly မဖြစ်ရင် ကိုယ်က Friendly ဖြစ်အောင်တအားကြိုးစားထားလိုက်တယ်။ ကျွန်တော်ကြိုက်တဲ့ Virus ကိုတကယ်နိုင်တဲ့ NOD32ကို ဘယ်လိုတင်မလဲဆိုတဲ့အကြောင်း ကျွန်တော် ရေးသွားမှာပါ။ တခြား ကွဲပြားခြားနားတဲ့ နည်းလမ်းတွေ ရှိနေနိုင်ပါတယ်။ အခုရေးတာက ကျွန်တော်တင်တဲ့ပုံစံပါ။

09 June, 2009

Blog လုပ်ကြမယ်

Blog လုပ်တယ်ဆိုတာ ဘာလဲ။ ဘာကြောင့် Blog လုပ်ကြတာလဲ။ ဘာတွေလိုလဲ။ ဘယ်လိုလုပ်ရမှာလဲ။ လဲပေါင်းများစွာကို ကျွန်တော်တတ်နိုင်သလောက် ကျွန်တော်သိသလောက်လေး ပြန်ပြီးမျှဝေပါရစေ။ အမှားပါရင်လည်း ထောက်ပြဝေဖန်ပေးကြပါ။ ကျွန်တော် စမ်းတ၀ါးဝါးလျှောက်နေတဲ့ လမ်းဖြစ်တာကြောင့် စာဖတ်သူတွေ ဖတ်ရတာအဆင်မပြေမှုတွေတွေ့ရင် ကျွန်တော့်လိုအပ်ချက်အတွက် ကြိုတောင်းပန်ပါရစေ။
ကိုယ့်ဟာကိုထွင်ရအောင်အသာထား သူများပြောထားတာတွေတောင် မနည်းလိုက်လုပ်နေရတာပါ။
အဆင်မပြေတာတွေရှိရင် Comment မှာဝင်ရေးပေးသွားပါခင်ဗျား။ ကျွန်တော်တတ်နိုင်သလောက် လိုက်ရှင်းပါ့မယ်။


03 June, 2009

ကာကွယ်ဆေးထိုးမယ်ဆိုရင်သတိထား

ရေးပါမည်။

လက်နှစ်ချောင်းထောင်

အခုတလောဘယ်လိုဖြစ်တယ် မသိဘူး။ ဓါတ်ပုံအရိုက်ခံတဲ့သူတွေ Post ပေးရင် လက်နှစ်ချောင်းထောင်ပြီး Post ပေးနေကြတယ်။ သမီးကြီးကိုဓါတ်ပုံရိုက်ပေးတော့လည်း ဒီလိုပဲ။ မိတ်ဆွေတယောက် ဂျပန်သွားတုန်းကပုံတွေ ကြည့်လိုက်တော့လည်း ဒီအတိုင်းပဲ။
အဲဒီလိုနဲ့ကျွန်တော်လည်း တနေ့ကကျောင်းသွားမလို့ အိမ်ကမိန်းမကို နှုတ်ဆက်တော့ ယောင်ပြီး လက်နှစ်ချောင်းထောင်ပြမိခဲ့တယ်။

မှတ်မှတ်ရရ ရန်ကုန်

၁၆-၅-၀၉ နေ့ ညနေ ၃ နာရီအချိန်မှာ မကွေးမှစတင်ထွက်ခွာလာခဲ့ပြီး ၁၇-၅-၀၉ နေ့မနက် ၂ နာရီလောက်မှာ ရန်ကုန်ကိုရောက်ပါတယ်။ ၁၀ နာရီမှာ ဆောင်ရွက်ဖွယ်ရှိသည်များကို စတင်ဆောင်ရွက်တာ ၁၁ နာရီလောက်မှာ ပြီးသွားလို့ ဒီနေ့တစ်ရက်လုံးအားသွားပြီ ဖြစ်ပါတယ်။ ပြန်ဖို့ကလည်း မနက်ဖြန်မနက် ၁၀ နာရီလို့သတ်မှတ်ထားတာလေ။ အဲတာနဲ့ ကိုညမီးအိမ်ဆီသွားတွေ့ဦးမယ်ဆိုပြီးထွက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်ကတစ်ခါတွေ့တာ ခဏလေးပဲစကားပြောချိန်ရခဲ့တာတွေကို အတိုးချပြီး ပြောရအောင်လို့ပါ။ MZ နဲ့ပတ်သက်တာလေးတွေလည်း ပြောမယ်ပေါ့ဗျာ။


သူ့ဆိုင်ကိုသွားတွေ့တော့ သူကလက်ဘက်ရည်ဆိုင်သွားရအောင်တဲ့။ ကျွန်တော်က ကော်ဖီဆိုင်သွားရအောင်ဆိုပြီး ခေါ်ခဲ့ပါတယ်။ ကိုစေတန်ကိုပါခေါ်ကြရအောင်ဆိုပြီး သူ့ဆိုင်ကိုအရင်သွားကြတာ ဆိုင်ပိတ်ထားတယ်ဗျ။ ကိုညမီးအိမ်ကတော့ပြောတယ်။ ကိုစေတန်သူ့ဆိုင်ရောင်းတော့မယ်တဲ့။ နိုင်ငံခြားထွက်တော့မယ်လို့လည်းပြောတယ်။ ကောင်းတယ်လို့ကျွန်တော်ထောက်ခံခဲ့သေးတယ်။ ဟုတ်တယ်ဗျ။ ကိုစေတန်လိုလူမျိုး နိုင်ငံခြားထွက်သွားရင် သူ့အတွက်ရော MZ အတွက်ပါပိုကောင်းမယ်ထင်တာပဲ။ ကိုစေတန်နဲ့မတွေ့တော့ ကော်ဖီဆိုင်သောဘာသောရွေးနေတော့ဘူး။ မိုးကအုံ့လာပြီလေ။ တွေ့တဲ့ မုန့်ဆိုင်ထိုင်ပြီး တ၀တပြဲစား CD တွေဝယ်ပြီး ပြန်ခဲ့ကြပါတယ်။

မူလကသတ်မှတ်ထားတဲ့အတိုင်းပဲ ၁၈ ရက်နေ့မနက် ၁၀ နာရီမှာ ရန်ကုန်ကစတင်ထွက်ခွာလာခဲ့ပါတယ်။ တိုက်ကြီးရောက်တော့ မကွေးက ဦးဇော်ဝင်းဆီက ဖုန်းဝင်လာပါတယ်။ အောင်လံနဲ့ကိုးပင်ကြားမှာ ရေကျော်နေလို့ကားတွေပိတ်နေတယ်တဲ့။ မကွေးကကားတွေ အနောက်ဖက်လမ်းက ထွက်ကြတယ်လို့ပြောလာပါတယ်။ အနောက်ဖက်လမ်းဆိုတာ ဘယ်လမ်းကိုပြောတာလဲဆိုတဲ့အကြောင်း ပြောဖို့လိုလာပြီထင်ပါတယ်။ ပုံမှန်မကွေးကနေရန်ကုန်ကိုသွားရင် မကွေး-သစ်ရာကောက်-ကိုးပင်-အောင်လံ-ပြည်-ရန်ကုန် ဒီလိုသွားကြတယ်ဗျ။ လိုင်းကားသွားတဲ့လမ်းကြောပါ။ နောက်တစ်လမ်းက မကွေး-သစ်ရာကောက်-တောင်တွင်းကြီး-အောင်လံ-ပြည်-ရန်ကုန် ဖြစ်ပါတယ်။ ဒီလမ်းက ပထမလမ်းထက် မိုင် ၅၀ လောက်ပိုပြီး ရန်ကုန်သွားဖို့ဆိုရင် အသုံးနည်းသွားပါပြီဖြစ်ပါတယ်။ ကျွန်တော်တို့တော့တခါလေ အဲဒီလမ်းကသွားတတ်ပါတယ်။ အနောက်ဖက်လမ်းဆိုတာကတော့ မကွေးကနေ ဧရာဝတီမြစ်ကို တံတားနဲ့ကူး မင်းဘူး၊ အဲဒီကနေ မုံရွာ-ပုသိမ်လမ်းအတိုင်းလာပြီး ပြည် န၀ဒေးတံတားကနေ ဧရာဝတီမြစ်ကိုပြန်ကူး ပြည်ရောက် အဲဒီကမှ ရန်ကုန်ပါ။ မသုံးကြပါဘူး။

ကျွန်တော်တို့တတွေလည်း မှော်ဘီ၊ သာယာဝတီ၊ သုံးဆယ်၊ အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့တွေကိုဖြတ်ပြီး လာခဲ့ကြတာ နတ္တလင်းကို နေ့လည် ၂ နာရီ ၁၅ မိနစ်မှာ ရောက်ပါတယ်။ အမေ့ဆီဝင်ထမင်းစား၊ မကွေးကိုဖုန်းဆက်ပြီး လမ်းသတင်းထပ်မေးကြည့်ပါတယ်။ မထူးခြားပါဘူး။ ပုံမှန်လမ်းကသွားလို့အဆင်မပြေသေးဘူးတဲ့။

စကားမစပ် အမေ့ဆီဝင်တယ်ဆိုတာနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ညီမအငယ်ဆုံးက နတ္တလင်းဆေးရုံမှာတာဝန်ကျတာ ၂ နှစ်ကျော်ပါပြီ။ အမေကသူနဲ့လိုက်နေပါတယ်။ ရန်ကုန်မှာခဏသွားနေလိုက် နတ္တလင်းပြန်လာနေလိုက်နဲ့ပေါ့ဗျာ။ ရန်ကုန်သွားတာ အချိန်အဆင်ပြေရင် ကျွန်တော် အမေ့ဆီဝင်ထမင်းစားလေ့ရှိပါတယ်။

နတ္တလင်းကဆက်ထွက်လာခဲ့တာ ညနေ ၄ နာရီမှာ ရွှေတောင်ကိုရောက်ပါတယ်။ နောက်ဆုံးအကြိမ်ထပ်စုံစမ်းပါတယ်။ လမ်းသတင်းကိုပါ။ ကြားရတာပိုတောင်ဆိုးသေးတယ်။ ဆီဘောက်ဆာကား ၄ စီးလာတာ ပြည်ကို ၂ စီးပဲရောက်ပြီး ၂ စီးကချောင်းထဲမှာ ပိတ်မိနေတယ်လို့ဆိုပါတယ်။ ဒီလောက်ကြားရတာလုံလောက်သွားပါပြီ။ ကျွန်တော်တို့ ပြည်က န၀ဒေးတံတားကိုကူးပြီးသွားတဲ့လမ်းကို ရွေးလိုက်ကြပါတယ်။

ညနေ ၄ နာရီ ၃၀ မှာ ပြည်တဖက်ကမ်းကိုရောက်ပါတယ်။ ပန်းတောင်းမြို့နယ် လို့ဆိုပါတယ်။ အမျိုးသမီးဆီ လှမ်းဖုန်းဆက်လိုက်ပါတယ်။ ပြည် တဖက်ကမ်းကိုရောက်နေပြီ။ ရှေ့ရှောက်ဖုန်းကမိတော့မှာမဟုတ်ဘူး။ မင်းဘူးရောက်မှ ထပ်ဆက်မယ်လို့ပြောထားပြီး ဆက်ထွက်ခဲ့ကြပါတယ်။
ကံမ လမ်းခွဲကိုတွေ့ခဲ့ရပါတယ်။ ပြည် ကံမလို့ပြောပါတယ်။ မကွေးမှာလည်း ကံမရှိပါတယ်။ ရှိတာမှ နှစ်ခုတောင်ရှိတာပါ။ သေးသေးတင် ကံမ နဲ့ မနှစ်လုံးဆင့် ကမ္မ တို့ဖြစ်ပါတယ်။

အခုကစပြီးကျွန်တော်တွေ့ခဲ့တဲ့ ရွာတွေ မြို့တွေကို တောက်လျောက်ရေးမှာ ဖြစ်ပါတယ်။ တိုက်ဆိုင်လို့အဲဒီဖက်ရောက်ရင် လမ်းကြော ကြိုသိကြအောင်ပါ။
ကံမ လမ်းခွဲပြီးတော့ ညောင်ကိုင်းတမံ ၊ ဘုရားပေါ်ကျေးရွာ ၊ တောင်ပို့တွင်းကျေးရွာ ၊ ဒေါင်းမြတ်နားကျေးရွာ ၊ ရေမနောက်ကျေးရွာ ၊ ဗြူးကုန်းကျေးရွာ ၊ စွယ်တော်ရွာလမ်းခွဲ ၊ ပန်းတောင်းဘူတာသွားတဲ့လမ်း ၊ သီးကုန်းရွာ ၊ ညောင်ကုန်းရွာ ၊ ရေ၀င်ရွာကြီး ၊ ပန်းတောင်းလမ်းခွဲ ၊ ပဲကြီးအင်းကျေးရွာ ၊