03 June, 2009

လက်နှစ်ချောင်းထောင်

အခုတလောဘယ်လိုဖြစ်တယ် မသိဘူး။ ဓါတ်ပုံအရိုက်ခံတဲ့သူတွေ Post ပေးရင် လက်နှစ်ချောင်းထောင်ပြီး Post ပေးနေကြတယ်။ သမီးကြီးကိုဓါတ်ပုံရိုက်ပေးတော့လည်း ဒီလိုပဲ။ မိတ်ဆွေတယောက် ဂျပန်သွားတုန်းကပုံတွေ ကြည့်လိုက်တော့လည်း ဒီအတိုင်းပဲ။
အဲဒီလိုနဲ့ကျွန်တော်လည်း တနေ့ကကျောင်းသွားမလို့ အိမ်ကမိန်းမကို နှုတ်ဆက်တော့ ယောင်ပြီး လက်နှစ်ချောင်းထောင်ပြမိခဲ့တယ်။

No comments: