23 August, 2009

မင်္ဂလာများ

မွေးနေ့ရှင် သမီးကြီး ကြော့စန္ဒီသွယ်

သမီးငယ် မျိုးမြတ်မေကြည်


အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ သမီးကြီး (၉) နှစ်ပြည့် မင်္ဂလာ၊ သမီးငယ် အမည်ပေး ကင်ပွန်းတတ်မင်္ဂလာ တို့ကို ဒီနေ့မနက် ၅ နာရီ ခွဲက စတင်ခဲ့ပါတယ်။ ဒီနေ့လုပ်တယ်ဆိုပေမယ့် မနေ့ကတည်းက တစ်နေကုန် အလုပ်ရှုပ်နေ ကြတာပါ။ ကျွန်တော်က CHRD ကွန်ပျူတာသင်တန်း တဖက်နဲ့ဆိုတော့ သိပ်လှည့် မကြည့်ဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ယောက်ဖ ကိုကျော်ကြီး၊ ဥပဒေဌာနက ကိုခင်မောင်စန်း၊ သင်္ချာဌာနက ကိုအောင်မင်း တို့နဲ့ ကျွန်တော့် မဟေသီတို့ တိုင်ပင်ပြီးလုပ်သွားကြတာပါ။ ခင်ဝါ၀ါကျော်၊ ဇာဇာမိုးတို့လည်း မနေ့ကရောက်လာကြပြီး သူဇာနွယ်နဲ့ အတူ မနေ့မနက်ကတည်းက စလုပ်နေကြတာပါ။


ဒီပွဲရဲ့ဒါရိုက်တာ ဦးခင်မောင်စန်းပါ။



ကိုအောင်မင်းကလည်း အားရပါးရမွှေနေလေရဲ့။


တစ်နေ့လုံး လုပ်နေကြတာ ည ၁နာရီလောက်မှ အိပ်ရာဝင်သွားကြပါတယ်။ ကိုကျော်ကြီးနဲ့ ကိုအောင်မင်းတို့ ကတော့ မအိပ်ကြပါဘူး။ ဒီနေ့မနက် ၄ နာရီမှာ အိပ်နေသူတွေ အကုန်ထပြီး လုပ်ငန်းပြန်စကြပါတယ်။

သံဃာရာမကျောင်းကဆရာတော်ဘုရားကြီးဦးဆောင်တဲ့သံဃာတော်အရှင်သူမြတ်များကိုဆွမ်းကပ်ပါတယ်။



ဆရာတော်ဘုရားက တရားရေအေးချီးမြှင့်ပြီး ပရိတ်တရားများနှင့် ချီးမြှင့်ပါတယ်။



 

တခြားသူတွေကို သိပ်မဖိတ်ဖြစ်ပါဘူး။ အဆောင်ထဲက အဆောင်မှူးနဲ့ တခြားသူတွေကို ချိုင့်ပို့ပေးပါတယ်။ အပြင်ကတော့ ကျွန်တော့ HRD ကွန်ပျူတာသင်တန်းက သင်တန်းသားတွေ၊ ဒုတိယနှစ် Stat ကကျောင်း သားတွေ အဲလောက်ပဲဗျ။

ဒေါ်သင်းသင်းမော်တို့ မိသားစု



ဒေါ်ဌေးဌေးဝင်းပါ။


H2 ကကလေးတွေပါ။



ဒုတိယနှစ် Stat က ကလေးတွေပါ။




သမီးကြီးမွေးနေ့ကိတ် လှီးနေချိန်မှာတော့ ကျွန်တော်ကသင်တန်းကို ပြန်သွားရပါပြီ။ ဒါသူတို့ရိုက်ထားတဲ့ ပုံ တွေပါ။













10 August, 2009

Pagemaker, InDesign နှင့် ဇော်ဂျီ...

Pagemaker, InDesign နှင့် ဇော်ဂျီ... အကြောင်း ဗဟုသုတရစရာတွေဖြစ်တာကြောင့် တဆင့်ပြန်လည် ဖောက်သည်ချ လိုက်တာပါ။ ပညာအများကြီးရတဲ့အတွက် http://mmbloggershelpdesk.blogspot.com ကနေ ကူးယူ မျှဝေထားတာပါ။

ဦးရန်အောင် က ဒီလိုပြောပါတယ်။
Pagemaker မှာ ဇော်ဂျီဖောင့် သုံးလို့ ရမရ တစ်ယောက်ကမေးလာတာကြောင့် ကျွန်တော် pagemaker ကို ဒေါင်းလုပ်ချပြီး စမ်းကြည့်ပါတယ်. အဆင်မပြေပါဘူး. နောက်ဆုံး အကြံကုန်လာတာနဲ့ Alpha Mandalay က ဦးရဲမြတ်သူဆီကို အီးမေးလ် ပို့ပြီး မေးမြန်း အကူအညီတောင်းကြည့်ပါတယ်. ကျွန်တော့်အထင် ၁၅ မိနစ် လောက်အတွင်းမှာပဲ ဦးရဲမြတ်သူဆီက စာပြန်လာ ပါတယ်။ ကျွန်တော်တစ်ယောက်တည်းအတွက်သာမက အများအ တွက်ပါ အကျိုးများစေနိုင်မယ့် သိမှတ်ဖွယ်ရာ ဗဟုသု တလေးတွေ ပါနေ တာကြောင့် ဦးရဲမြတ်သူ ဆီကခွင့်တောင်းပြီး အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ် ခင်ဗျာ. တတ်သိနားလည်သူများအနေနဲ့ ကော်မန့်မှာ ပါဝင်အကြံပြုဆွေးနွေးပေးဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဦးရဲမြတ်သူဆီကပြန်စာပါ။

မင်္ဂလာပါ ကိုရန်အောင်

Pagemaker ဟာ ကျွန်တော်တို့မှီသမျှပြောရရင် windows 3.1 တုန်းက ပိုင်ရှင်တစ်ဦးပါ။ ဒီအရင်ကတော့ apple မှာပဲ ရှိပါတယ်။aduld လားမသိပါ။ နောက် adobe ကနေဝယ်လိုက်ပါတယ်။ adobe ဟာ pdf တွေ photoshop တွေ ထုတ်တဲ့ software ဆရာကြီးပါ။ နောက်ပြီးသူ့လက်ထဲမှာ Pagemaker ဆိုတဲ့နာမည်နဲ့ version အသစ် မထုတ်ဘဲ InDesign ဆိုပြီးထုတ်ပါတယ်။ InDesign ဟာ Pagemaker file ကို ဖတ်ပါတယ်။ unicode လဲ support လုပ်ပါတယ်။

ခင်ဗျားမှတ်မိသေးလားတော့မသိဘူး အရင်က foxpro ကို တော်တော်သုံးခဲ့ကြရာက Microsoft က ဝယ် တယ်ပြီးတော့ access ကို ဆွဲတင်ပြီး fox ကိုထားခဲ့ပါတယ်။ ဒီလိုဘဲ wordperfect ကို corel draw က ဝယ်တယ် xera ကို ဝယ်တယ်။ market ဝေစုပြိုင်ကြပေါင်းကြ လုကြတာပါ။
ဆိုလိုချင်တာက VB6 မှာတုန်းက MS လည်း unicode support မလုပ်ပါဘူး dotnet ခေတ်ကျမှ လုပ်ပါတယ်။ Pagemaker လည်း သူ့ခေတ်မှာ unicode မရှိပါဘူး unicode ခေတ်ကောင်းလာတာ မကြာသေးဘူးလို့ပြောလို့ ရပါတယ်။ Microsoft တောင် အရင် office တွေ မှာ windows မှာ multilanguage အတွက် unicode မသုံး ပါဘူး၊ အခြား encode standard တွေရှိပါတယ်။ ဒီတော့ Pagemaker ဟာ unicode ကို အဲဒီနာမည်သုံးစဉ် support မလုပ်ဘူးဆိုနိုင်ပါတယ် adobe လက်ထဲရောက်တော့ Pagemaker အမည်ကနေ InDesign လို့လဲ ပြောင်းရော မြန်မာတွေက လိုက်မသုံးကြတော့ပါဘူး အစွဲအလန်းကြီးတယ်လေ။
တကယ်လို့သာ Pagemaker 10 တို့ ဘာတို့ဆိုပြီးထုတ်ရင်တော့ သုံးကြမယ်လို့ထင်ပါတယ်။ InDesign ဟာ world Publishing လောကရဲ့ပြောင်းလဲလာတဲ့ trend အတွက်ထုတ်တာဖြစ်လို့ မြန်မာနဲ့ ကိုက်ချင်မှကိုက် ပါမယ်။ သူ့မှာ font converter ကအစ script management တွေအဆုံး အရမ်းကောင်းတာတွေ ပါပေမဲ့ software အလကားရနေတာတောင် စမ်းသုံးခံရတာ နည်းနေပါသေးတယ်။
ဇော်ဂျီနဲ့ပတ်သက်လို့ကတော့ ဇော်ဂျီဟာ ကျွန်တော်ပိုင်မဟုတ်ဘဲ သုံးစွဲသူများအားလုံးပိုင်တဲ့ web 2.0 ပစ္စည်း တခုပါ။ အားလုံးကောင်းဖို့ ဝိုင်းလုပ်ကြတာကို ချီးကျူးပါတယ်။ ကျွန်တော်အာမခံနိုင်တာ တစ်ခုက 5.1 ပေါ်လာ တာ လမ်းအသစ်တခုပါ။ ဇော်ဂျီမပျောက်နိုင်ပါဘူးဆိုတာပါပဲ။ ဇော်ဂျီမပေါ်ခင်ကတည်းက myanmar font storage standard ဆိုတာရှိပါတယ် 4.1 ပါ 3 years ကြားခံပါတယ်။ သုံးတဲ့သူသာသိပ်မတွေ့ရတာပါ။ သူလည်း ရရစ် တစ်ခုတည်းသိမ်းပြီးပြောင်းပေးပါတယ်။
အခု 5.1 ပေါ်လာတာလည်းကောင်းပါတယ်။ MS office 2007 မှာ 5.1 fully support လုပ်ပါတယ်။ သို့သော် zawgyi ကို လက်ခံပါတယ်။ ဇော်ဂျီရိုက်မရအောင် MS google စတာတွေက မလုပ်ဘူးလို့  ကျွန်တော်ယုံတယ်။ မြန်မာ အချို့ကတော့ ဒီလိုဖြစ်အောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။
ဇော်ဂျီကို အာမခံတာဟာ 5000-10000 ကြားမှာရှိတဲ့ web content တွေကြောင့်ပါဘဲ။ လက်ရှိအချိန်မှာ migration stage ကိုမကျော်ဘဲ encode စနစ်အသစ် မဖြစ်နိုင်လို့ပါ။ ဇော်ဂျီနဲ့ပတ်သက်လို့ နည်းနည်းပါးပါး ပြောင်းချင်တာတောင် user group ကြီးကြောင့် keyboard input မှာဘဲ လွတ်လွတ်လပ်လပ် ပြောင်းရ ပါတယ်။
ရေးချင်တာက DTP မှာ Ascii ကို zawgyi ရော unicode ကရော နေရာဝင်မယူနိုင်သေးဘူး၊ ဇော်ဂျီ ယူတာ နေရာအသစ်။ ဒီလိုပဲ 5.1 ပေါ်လာရင် သူနေရာရမရတော့ မသေချာသေးဘူးရခဲ့ရင်လဲ အသစ် ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ကျွန်တော်တို့ဆီမှာ standard လုပ်သူမရှိတော့ Ascii က စံမဟုတ်တဲ့ မြန်မာစာ ဖြစ်နေ တယ်။
တကယ်တော့ နိုင်ငံတကာမှာ Ascii standard ရှိ တယ်။ zawgyi လဲ nonrendering unicode ဒီဖက်တိုစတန်းဒတ်ဘဲ၊ render မရှိလို့ standard မဖြစ်ရဘူးဆိုရင် ၊ mobile phone, MP3, mp4 player, DVD , sattlite resiver, poctet PC,.....industial using myanmar font,....စတာတွေလည်း ဘယ်တော့မှ စတန်းဒတ်နဲ့မဖြစ်လာနိုင်ဘူး။ ပြောရင်းရှည်သွားပြီ။ ဆိုလိုချင်တာ က solution ကို ရောင်းကြတဲ့ ခေတ်မှာ အစွဲကင်းသင့်တယ်။
Pagemaker ကအဆင်ပြေရင် Ascii OK ရင် မပြောင်းစေချင်ဘူး DTP မှာ ပြောင်းဖို့ လိုရင် word သို့မဟုတ် InDesign လို ဘက်ကိုလေ့လာစေလိုတယ်။ searchable ဖြစ်မယ် unicode အစွမ်းနဲ့။ zawgyi လဲ type phase design 4 ခုထပ်ထွက်ဖို့ ရှိတယ် dtp မှာ OK သို့ သော် web မှာ ဖောင့်မရှိရင် လေးထောင့်အတုံးလေးတွေ မပေါ် အောင် family font ကိစ္စစမ်းနေကြတယ်။

စာရှည်သွားပြီ

ရဲမြတ်သူ

07 August, 2009

H1N1 ကာကွယ်ဆေး

ဝက်တုပ်ကွေး(H1N1) ကာကွယ်ဆေး စက်တင်ဘာမှာ စ သုံးနိုင်တော့မှာ ဖြစ်တယ်လို့ သတင်းတစ်ပုဒ် ကြား လိုက်ရတာကို မူရင်းအတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်။

ကမ္ဘာမှာ ၀က်တုပ်ကွေး ကာကွယ်ဆေးကို နိုင်ငံ ၅ နိုင်ငံမှာ စတင်စမ်းသပ်နေပြီး နောက်လမှာ စပြီး သုံးစွဲလို့ရ တော့မယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ သြစတြေးလျ၊ ဗြိတိန်၊ ဂျာမဏီ၊ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ ဆေးကို လူသားတွေနဲ့ စတင်စမ်းသပ်နေပြီလို့ WHO ကာကွယ်ဆေး သုတေ သနဌာန အကြီးအကဲ မာရီယာ ပေါ်လီ ကင်နီက ကြာသပတေးနေ့မှာပဲ ပြောသွားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ လည်း ရက်ပိုင်းအတွင်း စပြီး တုပ်ကွေးဆေး စမ်းသပ်မှာ ဖြစ်တယ်၊ စမ်းသပ်ပြီး ရတဲ့အဖြေကို တလအတွင်း သိရှိ နိုင်မှာ ဖြစ်တယ်လို့ သူကပဲ ဆိုပါတယ်။ ကတိုက်ကရိုက် ထုတ်ယူခဲ့ရတဲ့ ကာကွယ်ဆေးမို့ စိတ်မချရဘူးဆိုတဲ့ပြော ဆိုချက်တွေဟာ မမှန်ကန်ကြောင်းလည်း မစ္စကင်နီ က ပြောပါတယ်။ တချို့လူတွေကတော့ ကိုယ်ပူတာမျိုး၊ မူးဝေတာမျိုးလို ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်၊ ဒါပေမဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံဖို့တော့ သိပ်ရှား ပါတယ်၊ လူအများစုအတွက် အဆင်ပြေမှာပါလို့ သူက ပြောပါတယ်။

ကမ္ဘာတလွှားမှာ ၀က်တုပ်ကွေးမိသူပေါင်း ၁၆၂,၀၀၀ ကျော်ပြီး သေဆုံးသူ စုစုပေါင်း ၁,၁၅၄ ဦး ရှိသွားပြီလို့ WHO ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ပြောထားပါတယ်။

01 August, 2009

ဒဒွေး ဒုက္ခပေးနေသလား

စာစီစာရိုက် လုပ်တဲ့အချိန် ဒဒွေးရိုက်လို့မရဘဲ ဒုက္ခပေးနေပါသလား။ MZ Forum မှာဆွေးနွေးထားတာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ရေးသားသူ ကိုZulu
ဒဒွေး ဒုက္ခပေးနေသလား
InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။
PageMaker 7 ... File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။
Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)
Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။
ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။ အားလုံးပြုံးပျော်ကြပါစေဗျား ...

ရေးသားသူ ကိုicefirester
pmd ရဲ့ ဖြေးရှင်းနည်းအသေးစိတ်ကို တင်ပြဆွေးနွေးပါမယ်..
Pmd အားလုံးမှာ file new တောင်းခံသည့်အချိန်၊ Word (သို့) powerpnt ထဲက စာသားတွေကို Pmdသို့ ကူးယူတဲ့ အချိန် ဖြစ်ပေါ်လေ့ရှိပါတယ်…
Pmd အားလုံးမှာ မှာ file - Preferences - General…. – More… - Use typographer’s – quotes ထဲက Uncheck လုပ်ပါ။အဆင်ပြေပါမယ်.
Office 2007 Microsoft Word မှာဆိုရင် office Button – Word Options – Proofings –Auto correct Option… - AutoFormat As you type – ‘’strainght quotes’’ with “smart quotes” ကို Uncheck လုပ်ပါ
Office 2007 Microsoft PowerPoint မှာဆိုရင် အထက်ပါနည်းလမ်းအတိုင်းပါပဲ။
Office 2007 Microsoft Excel မှာဆိုရင် cell တစ်ကွက်ထဲမှာ``ဒ နဲ့ ဓ ´´ ကို တစ်လုံးတည်းထားရှိအသုံးပြုလို့ မရပါဘူး။
IT pro သမားတွေရဲ့ ပြဿနာရှင်းလင်းနည်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်.. အလွယ်ကူဆုံးနည်းများကိုသာ စာဖတ်သူသုံးစွဲပါ..
အဆိုပါ ကိစ္စရပ်တွေဟာ font နဲ့ပတ်သက်ပြီ fake ကိစ္စများကြောင့်သာဖြစ်ပါတယ်.. စာဖတ်သူ လေ့လာမည်ဆိုပါက Computer Magazine no.6 October 2007 မှာပါတဲ့ ယူနီကုတ်ဆိုတာ ချိုနဲ့လား title ကိုလေ့လာပါ။


ရေးသားသူ ကို clear
pagemaker မှာပေါ့ဗျာ။ ဒနဲ့ဓ ပြသနာကို ctrl+Alt နှိပ်ပြီးရိုက်ရင်လည်းဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်ရိုက်ရင်တစ်ကြိမ်နှိပ်ရိုက်ရမှာနော်။



မေးမြန်းသူ ကိုsuperior
PageMaker7 တွင် ဒ နှင့် ဓ အတွက် file>preference..>general..>More.. .. တွင်ပြင်ပြီးသော်လည်း ဒ ရိုက်လျှင် - ္လ သာပေါ်ပြီး ဓ ရိုက်လျှင် လေးထောင့်ကွက်သာပေါ်သည်။ ctrl+z ဆိုလည်းမရပါ။ ဘယ်လိုလုပ်ရပါ့ ၊
အမြန်ဆုံးဖြေကြပေးပါ။



ပြန်ဖြေသူ ကိုyaung sein
PageMaker ကို ဖွင့်ဖွင့်ချင်း စာရွက် new မခေါ်ခင်ပြင်ပါ။



မေးမြန်းသူ ကိုkyawkyar
hello
Icefirester

may i know more about Myanmar font to use in pagdmaker and ms word
how to get Myanmar(parli and others) font and how to install and to use.

And then i want to know and get how to type Maths font in both word and page maker.

i am waiting your help

thank a lot

yours



ပြန်ဖြေသူ ကိုicefirester

ကျွန်တော် ဘာသာပြန်တာ လွဲနေတာလားခင်ဗျာ...
၁ ကတော့ parli စာတွေကို ဘယ် fonts တွေမှာ ရနိုင်သလဲ၊ fonts ကို ဘယ်လိုထည့်ရမလဲ၊ နောက် တစ်ခုက တော့ သိပ်နားမလည်ဘူး။ icefirester@gmail.com သို့မဟုတ် iceos.22web.net ကနေ ဆက်သွယ်မေး နိုင်ပါတယ်။ fonts တွေ စုစည်းထားတာ ရှိပါတယ်။ ဘယ်လို့ Install လုပ်ရမလဲ၊ သုံးရမလဲဆိုတာ စာရေးသား ပြီး ပေးပို့ပေးပါမယ်။ လိပ်စာတော့ ပေးပါခင်ဗျာ.. ကျေးဇူးတင်လျက်...ရေခဲ




ပြန်ဖြေသူ ကိုYe Htet

ဒါကို ကိုရေခဲကြီး အစား ကျွန်တော်ဖြေလိုက်ပါတယ်။ သင်္ချာ စာလုံးရိုက်ဖို့ Office 2003 တင်တုန်းက Equation Editor တင်ခဲ့ရင် အဲဒါနဲ့ရိုက်လို့ရတယ်ဗျ။ Office 2007 ဆိုရင်တော့ သူ့ဟာသူ တင်ပေးပြီးသား ဖြစ်နေတတ် ပါတယ်။ Page Maker အတွက်ရော Office အတွက်ပါ သုံးလို့အဆင်ပြေတာကတော့ Math Type ဖြစ်ပါတယ် ခင်ဗျား။ ကျွန်တော်ကတော့ သင်္ချာ ရိုက်ရင် Latex သုံးပါတယ်။ Latex အကြောင်းကတော့ ကိုလူပျိုကြီး က ပိုသိတယ်ဗျ။

Anti Virus Software ကောင်း မကောင်းစမ်းကြမယ်

European Institute for Computer Antivirus Research (EICAR) ကစီစဉ်ပေးထားတဲ့ AntiVirus တွေကိုစမ်းဖို့ Text String လေးပါ။ အဲဒီ Text တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပြီး ကြိုက်သလို Save လုပ်လိုက်။ .txt အနေနဲ့လုပ်လဲရပါတယ်။ Copy Paste လုပ်တာပိုလွယ်ပါတယ်။ တင်ထားတဲ့ Anti virus က အဲဒီဖိုင်ကို Virus လို့ပြောမှာသေချာတယ်။ အဲဒီလိုမှ မပြောရင်လဲ အဲဒီ Anti virus ကို သုံးမနေပါနဲ့တော့။ EICAR Text String ကတော့

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*