မွေးနေ့ရှင် သမီးကြီး ကြော့စန္ဒီသွယ်
အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ သမီးကြီး (၉) နှစ်ပြည့် မင်္ဂလာ၊ သမီးငယ် အမည်ပေး ကင်ပွန်းတတ်မင်္ဂလာ တို့ကို ဒီနေ့မနက် ၅ နာရီ ခွဲက စတင်ခဲ့ပါတယ်။ ဒီနေ့လုပ်တယ်ဆိုပေမယ့် မနေ့ကတည်းက တစ်နေကုန် အလုပ်ရှုပ်နေ ကြတာပါ။ ကျွန်တော်က CHRD ကွန်ပျူတာသင်တန်း တဖက်နဲ့ဆိုတော့ သိပ်လှည့် မကြည့်ဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ယောက်ဖ ကိုကျော်ကြီး၊ ဥပဒေဌာနက ကိုခင်မောင်စန်း၊ သင်္ချာဌာနက ကိုအောင်မင်း တို့နဲ့ ကျွန်တော့် မဟေသီတို့ တိုင်ပင်ပြီးလုပ်သွားကြတာပါ။ ခင်ဝါ၀ါကျော်၊ ဇာဇာမိုးတို့လည်း မနေ့ကရောက်လာကြပြီး သူဇာနွယ်နဲ့ အတူ မနေ့မနက်ကတည်းက စလုပ်နေကြတာပါ။
ကိုအောင်မင်းကလည်း အားရပါးရမွှေနေလေရဲ့။
တစ်နေ့လုံး လုပ်နေကြတာ ည ၁နာရီလောက်မှ အိပ်ရာဝင်သွားကြပါတယ်။ ကိုကျော်ကြီးနဲ့ ကိုအောင်မင်းတို့ ကတော့ မအိပ်ကြပါဘူး။ ဒီနေ့မနက် ၄ နာရီမှာ အိပ်နေသူတွေ အကုန်ထပြီး လုပ်ငန်းပြန်စကြပါတယ်။
သံဃာရာမကျောင်းကဆရာတော်ဘုရားကြီးဦးဆောင်တဲ့သံဃာတော်အရှင်သူမြတ်များကိုဆွမ်းကပ်ပါတယ်။
ဆရာတော်ဘုရားက တရားရေအေးချီးမြှင့်ပြီး ပရိတ်တရားများနှင့် ချီးမြှင့်ပါတယ်။
တခြားသူတွေကို သိပ်မဖိတ်ဖြစ်ပါဘူး။ အဆောင်ထဲက အဆောင်မှူးနဲ့ တခြားသူတွေကို ချိုင့်ပို့ပေးပါတယ်။ အပြင်ကတော့ ကျွန်တော့ HRD ကွန်ပျူတာသင်တန်းက သင်တန်းသားတွေ၊ ဒုတိယနှစ် Stat ကကျောင်း သားတွေ အဲလောက်ပဲဗျ။
ဒေါ်သင်းသင်းမော်တို့ မိသားစု
ဒေါ်ဌေးဌေးဝင်းပါ။
H2 ကကလေးတွေပါ။
ဒုတိယနှစ် Stat က ကလေးတွေပါ။
သမီးကြီးမွေးနေ့ကိတ် လှီးနေချိန်မှာတော့ ကျွန်တော်ကသင်တန်းကို ပြန်သွားရပါပြီ။ ဒါသူတို့ရိုက်ထားတဲ့ ပုံ တွေပါ။
No comments:
Post a Comment