စာစီစာရိုက် လုပ်တဲ့အချိန် ဒဒွေးရိုက်လို့မရဘဲ ဒုက္ခပေးနေပါသလား။ MZ Forum မှာဆွေးနွေးထားတာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
ရေးသားသူ ကိုZulu
ဒဒွေး ဒုက္ခပေးနေသလား
InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။
PageMaker 7 ... File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။
Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)
Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။
ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။ အားလုံးပြုံးပျော်ကြပါစေဗျား ...
ရေးသားသူ ကိုicefirester
pmd ရဲ့ ဖြေးရှင်းနည်းအသေးစိတ်ကို တင်ပြဆွေးနွေးပါမယ်..
Pmd အားလုံးမှာ file new တောင်းခံသည့်အချိန်၊ Word (သို့) powerpnt ထဲက စာသားတွေကို Pmdသို့ ကူးယူတဲ့ အချိန် ဖြစ်ပေါ်လေ့ရှိပါတယ်…
Pmd အားလုံးမှာ မှာ file - Preferences - General…. – More… - Use typographer’s – quotes ထဲက Uncheck လုပ်ပါ။အဆင်ပြေပါမယ်.
Office 2007 Microsoft Word မှာဆိုရင် office Button – Word Options – Proofings –Auto correct Option… - AutoFormat As you type – ‘’strainght quotes’’ with “smart quotes” ကို Uncheck လုပ်ပါ
Office 2007 Microsoft PowerPoint မှာဆိုရင် အထက်ပါနည်းလမ်းအတိုင်းပါပဲ။
Office 2007 Microsoft Excel မှာဆိုရင် cell တစ်ကွက်ထဲမှာ``ဒ နဲ့ ဓ ´´ ကို တစ်လုံးတည်းထားရှိအသုံးပြုလို့ မရပါဘူး။
IT pro သမားတွေရဲ့ ပြဿနာရှင်းလင်းနည်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်.. အလွယ်ကူဆုံးနည်းများကိုသာ စာဖတ်သူသုံးစွဲပါ..
အဆိုပါ ကိစ္စရပ်တွေဟာ font နဲ့ပတ်သက်ပြီ fake ကိစ္စများကြောင့်သာဖြစ်ပါတယ်.. စာဖတ်သူ လေ့လာမည်ဆိုပါက Computer Magazine no.6 October 2007 မှာပါတဲ့ ယူနီကုတ်ဆိုတာ ချိုနဲ့လား title ကိုလေ့လာပါ။
ရေးသားသူ ကို clear
pagemaker မှာပေါ့ဗျာ။ ဒနဲ့ဓ ပြသနာကို ctrl+Alt နှိပ်ပြီးရိုက်ရင်လည်းဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်ရိုက်ရင်တစ်ကြိမ်နှိပ်ရိုက်ရမှာနော်။
မေးမြန်းသူ ကိုsuperior
PageMaker7 တွင် ဒ နှင့် ဓ အတွက် file>preference..>general..>More.. .. တွင်ပြင်ပြီးသော်လည်း ဒ ရိုက်လျှင် - ္လ သာပေါ်ပြီး ဓ ရိုက်လျှင် လေးထောင့်ကွက်သာပေါ်သည်။ ctrl+z ဆိုလည်းမရပါ။ ဘယ်လိုလုပ်ရပါ့ ၊
အမြန်ဆုံးဖြေကြပေးပါ။
ပြန်ဖြေသူ ကိုyaung sein
PageMaker ကို ဖွင့်ဖွင့်ချင်း စာရွက် new မခေါ်ခင်ပြင်ပါ။
မေးမြန်းသူ ကိုkyawkyar
hello
Icefirester
may i know more about Myanmar font to use in pagdmaker and ms word
how to get Myanmar(parli and others) font and how to install and to use.
And then i want to know and get how to type Maths font in both word and page maker.
i am waiting your help
thank a lot
yours
ပြန်ဖြေသူ ကိုicefirester
ကျွန်တော် ဘာသာပြန်တာ လွဲနေတာလားခင်ဗျာ...
၁ ကတော့ parli စာတွေကို ဘယ် fonts တွေမှာ ရနိုင်သလဲ၊ fonts ကို ဘယ်လိုထည့်ရမလဲ၊ နောက် တစ်ခုက တော့ သိပ်နားမလည်ဘူး။ icefirester@gmail.com သို့မဟုတ် iceos.22web.net ကနေ ဆက်သွယ်မေး နိုင်ပါတယ်။ fonts တွေ စုစည်းထားတာ ရှိပါတယ်။ ဘယ်လို့ Install လုပ်ရမလဲ၊ သုံးရမလဲဆိုတာ စာရေးသား ပြီး ပေးပို့ပေးပါမယ်။ လိပ်စာတော့ ပေးပါခင်ဗျာ.. ကျေးဇူးတင်လျက်...ရေခဲ
ပြန်ဖြေသူ ကိုYe Htet
ဒါကို ကိုရေခဲကြီး အစား ကျွန်တော်ဖြေလိုက်ပါတယ်။ သင်္ချာ စာလုံးရိုက်ဖို့ Office 2003 တင်တုန်းက Equation Editor တင်ခဲ့ရင် အဲဒါနဲ့ရိုက်လို့ရတယ်ဗျ။ Office 2007 ဆိုရင်တော့ သူ့ဟာသူ တင်ပေးပြီးသား ဖြစ်နေတတ် ပါတယ်။ Page Maker အတွက်ရော Office အတွက်ပါ သုံးလို့အဆင်ပြေတာကတော့ Math Type ဖြစ်ပါတယ် ခင်ဗျား။ ကျွန်တော်ကတော့ သင်္ချာ ရိုက်ရင် Latex သုံးပါတယ်။ Latex အကြောင်းကတော့ ကိုလူပျိုကြီး က ပိုသိတယ်ဗျ။
No comments:
Post a Comment