ဒီကယူထားတာပါ။ http://geology.com
13 April, 2010
နှစ်သစ်ကူးပြီ
ဒီနေ့ သင်္ကြန်အကြိုနေ့ ဆိုတော့ နှစ်သစ်ကူးတော့မှာပါ။ လူငယ်တွေကတော့ ရေပက်ခံထွက်ဖို့ပြင်တဲ့ သူကပြင် ရေပက်ဖို့ပြင်တဲ့သူကပြင်နဲ့ပါ။ မကွေးကိုရောက်တာ ဒါပါနဲ့ဆို ၃ သင်္ကြန်ရှိပါပြီ။ သမီးကြီး စိတ်ကျေနပ်အောင် ဆိုင်ကယ်ပေါ်တင်ပြီးပတ်ပြ၊ ရေပုံးလေးချပေးပြီး ရေပက်ခိုင်း ဒီလိုနဲ့ သင်္ကြန်ရက်တွေ လွန်မြောက်ခဲ့တာပါ။ သင်္ကြန်ရောက်ပြီဆိုတော့ ကျွန်တော့်အမျိုးသမီးက ထုံးစံအတိုင်း အတာအိုးလေး ထိုးထားပါတယ်။
ရောက်လာသူအပေါင်းကို မုန်းလုံးရေပေါ်နဲ့ ဧည့်ခံပါတယ်ဗျာ။
အားလုံးကျန်းမာရွှင်လန်းစွာနဲ့ဆက်လက် ချီတက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
Google Voice
Google က Google Voice ဆိုတဲ့ Service ကိုစတင်တော့မယ်လို့ ဆိုပါတယ်။ Google Voice ဆိုတာ ဘာလဲ။
Google Voice is a service that enhances the existing capabilities of your phone numbers. With it, you can access your voicemail online, read automatic transcriptions of your voicemail, create personalized greetings based on who is calling, make cheap international calls, and more.
ဘယ်အချိန် sing up လုပ်ရမှာလဲ။
Once you receive a Google Voice invite, you're ready to get started. You can use an existing Google Account, or create a new one.
ပိုက်ဆံဘယ်လောက်ကျမှာလဲ။
The service is free.
စတဲ့အချက်တွေကို ပြောပြထားပါတယ်။
12 April, 2010
ဖိုင်ဘာ to ဟုမ်း (Fiber To Home) အစီအစဉ်
ဒီကိစ္စက ကြားထားတာတော့ တော်တော်ကြာပြီဗျ။ ကျွန်တော်လည်း စိတ်ဝင်စားတယ်။ ဒီနေ့မှ ဟိုရှာဒီရှာနဲ့ အဲဒီအကြောင်းလေးတွေ့လို့ မူရင်းအတိုင်း ကူးထားတာပါ။
http://www.khitlunge.net/news/news_detail.aspx?info_id=18914
ကဖြစ်ပါတယ်။
ကျပ်ဆယ်သိန်းဖြင့် တယ်လီဖုန်း၊ အင်တာနက်နှင့် ရုပ်သံလိုင်းများ အသုံးပြုနိုင်ပြီ
http://www.khitlunge.net/news/news_detail.aspx?info_id=18914
ကဖြစ်ပါတယ်။
ကျပ်ဆယ်သိန်းဖြင့် တယ်လီဖုန်း၊ အင်တာနက်နှင့် ရုပ်သံလိုင်းများ အသုံးပြုနိုင်ပြီ
ရတနာပုံတယ်လီပို့မှ စတင်ဝန်ဆောင်မှုပေးမည့် ဖိုင်ဘာဆက်သွယ်ရေးကြိုးတစ်ချောင်းတည်းဖြင့် နေအိမ်အရောက် အင်တာနက်တယ်လီဖုန်း၊ တီဗီဝန်ဆောင်မှု ၃ ခု တစ်ပြိုင်နက်ရရှိသော FIBER TO THE HOME(FTTH)စနစ် သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက် နံနက် ၉ နာရီ က မန္တလေးဆီဒိုးနားဟိုတယ် အမရပူရခန်းမတွင် ကျင်းပသည့် FITTH Services ဟာADSL Wimax စနစ်များထက် ဈေးနှုန်းချိုသာခြင်း၊ လိုအပ်သော Bandwialth အား အလုံအလောက် ရရှိနိုင်ခြင်း၊ ထိန်းသိမ်းမှု စရိတ်သက်သာခြင်း၊ လျှပ်စစ်သုံးစွဲမှု သက်သာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ပါတယ်။ မိမိတို့နေအိမ်သို့ ဖိုင်ဘာ (၁)ကြိုးရောက် ရှိရုံမျှဖြင့် တယ်လီဖုန်း (၁)လုံး အင်တာနက် ဆက်သွယ်မှု ရုပ်မြင်သံကြား လိုင်းများပါဝင်သော Tripleplay Services အား ရတနာပုံတယ်လီပို့မှ စတင်ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။
မန္တလေးမြို့မှာ FTTH စီမံကိန်းကို ဧပြီလ ကုန်တွင် အကောင်အထည်ဖော်မှာဖြစ်ပြီး လိုင်းအရေအတွက် ငါးထောင် စတင်ရောင်းချမှာ ဖြစ်ပါတယ်။ မန္တလေးမြို့ FTTH System အတွက် ရန်ကုန်-မန္တလေး လမ်းကြောင်းအတိုင်း မရမ်းကုန်-နေပြည်တော်၊ မန္တလေး-ရတနာပုံ-ပြင်ဦးလွင်ဖြစ်ပါတယ်။ မန္တလေးမြို့ရွှေတရောင်း အရှေ့ဘက် နဲ့ နန်းရှေ့ကြားမှာ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မုံရွာနဲ့တောင်ကြီးမြို့များမှာလည်း ဈေးကွက် အခြေအနေအရ FTTH စနစ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းအစီအစဉ်တွင် ရွှေရောင်ကဒ်၊ ငွေရောင်ကဒ်နဲ့ ကြေးရောင်ကဒ် သုံးမျိုးခွဲခြားထားပါတယ်။ ကနဦး တပ်ဆင်ခအတွက် ကျပ် ၉ သိန်း၊ ကြေးကတော့ ကျပ်တစ်သိန်း၊ ကျပ်ငါးသောင်းနဲ့ ကျပ်သုံးသောင်း သတ်မှတ်ထားပါတယ်။ ပထမနှစ်မှာ နှစ်စဉ်ကြေး ပေးသွင်းရန် မလိုအပ်ဘဲ နောက်နှစ်များမှာ ကောက်ခံသွားမှာဖြစ်ပါတယ်။
ရွှေရောင်ကဒ်က အမြန်နှုန်း 2 MB, ငွေရောင်ကဒ်က 1 MB, ကြေးကဒ်က 512 Kbps အမြန်နှုန်းရှိပါတယ်။ တယ်လီဖုန်းတစ်လုံးအတွက် တပ်ဆင်ခနဲ့ နှစ်စဉ်ကြေး ကျပ် တစ်သိန်း နှစ်သောင်း ပေးသွင်း ရမှာဖြစ်ပါတယ်။ ဖုန်းပြောခကတော့ ပုံသေ တစ်မိနစ် ၂၅ ကျပ်ဖြစ်ပါတယ်။ FITTH Service လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း၊ ရဲစခန်းထောက်ခံစာ၊ နိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ခံဝန်ချက်များလိုအပ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
11 April, 2010
စပ်မိစပ်ရာ
မနေ့က ကျောင်းကအလုပ်လေးတွေ ခဏအားတုန်း ကွမ်းဆိုင်ကိုပြေးပါတယ်။ ကျွန်တော်ကွမ်းစားတာ ဆိုင်ပုံသေထား စားတာပါ။ အခုကျွန်တော်သွားတဲ့ ကိုတင့်ဇော်ဆိုင်ရယ် နောက် ကမ်းနားကဆိုင်ရယ်ပါ။ ကိုတင့်ဇော်ဆိုင်ကတော့ ပိုစားဖြစ်ပါတယ်။ အချိန်ရတုန်းလေး လုသွားရပါတယ်ဆိုကာမှ ဆိုင်ရောက်တော့ ကိုတင့်ဇော် က မရှိဘူးဗျာ။ သူ့မိန်းကိုမေးတော့ တစ်အိမ်ကျော်ဖက်မေးငေါ့ပြပါတယ်။ လှမ်းကြည့်တော့ လူစုစုနဲ့ ။ ကျွန်တော်လည်း သူ့ဆီလိုက်သွားပြီး ဘာတုန်းဗျ လို့မေးတော့ သူတို့အခန်းတစ်ခန်းကျော် ကို လူတစ်ယောက် အရက်မူးပြီး နောက်ဖေးကနေ ကျော်ဝင်လာလို့တဲ့။ ကျွန်တော်လည်း သူခိုးလားလို့မေးတော့။ မဟုတ်ဘူးတဲ့။ စရဖ လို့ပြောတယ်။ ခင်ဗျားဟာက ဟုတ်ရဲ့လားဗျာ စရဖ လာမှတော့ အိမ်ရှေ့ကလာမှာပေါ့ လို့ ပြောမိပါတယ်။ သူက ဟုတ်တယ် အဲဒီအမျိုးသမီးက အခု တိုင်ချက်ဖွင့်ထားတယ်လို့ဆိုပါတယ်။ အဲဒီအိမ်မှာက ယောင်္ကျားသားမရှိဘူးတဲ့။ သူ့ယောက်င်္ကျားက ထောင်ကျနေတာ ရွှေရောင်မြေ အရေးအခင်းတုန်းက လို့ဆိုပါတယ်။ ကျွန်တော်လည်း စဉ်းစားမိတယ် ဘာလဲရွှေရောင်မြေ အရေးအခင်း။ ရွှေရောင်မြေဆိုတာ မင်းဘူးမှာ ဆိုင်အကြီးကြီးရှိပါတယ်။ တကယ့်ကို ကြီးတာပါ။ ဈေးထဲမှာ ကွန်ပျူတာတွေနဲ့ ဘောင်ချာဖွင့်ရောင်းတာ။ စူပါမတ်ကက် ပုံစံပါပဲ။ ကျွန်တော်က ခင်ဗျားဟာက မဟုတ်သေးပါဘူး။ ရွှေပါရောင် မဟုတ်ဘူးလားဆိုမှ မဲနေတဲ့သွားတွေ ပေါ်အောင်ပြုံးရင်း ဟီးဟီး ဟုတ်တယ်တဲ့။ ပြောကြဆိုကြရင်းသူ့ဆီက ကွမ်းယူ။ အားရင် PlayStation 3 သွားဆော့ဖို့ ချိန်းတော့ မအားဘူးတဲ့။ သူတို့ အခန်းတွေကို ၀င်တဲ့ ဆားဗစ်ကြိုး ကားနဲ့မလွတ်ဘဲ ချိတ်ပါသွားလို့ အဲဒါလုပ်ရဦးမယ် တဲ့။
ဆက်ပါဦးမည်
09 April, 2010
မီးမလာခြင်း
မီးမလာခြင်းဆိုတော့ ဘယ်သွားနေလဲလို့ မေးစရာရှိလာပါတယ်။ ဘယ်သွားမှန်းတော့ မသိဘူး။ ပျက်လိုက်တာဗျာ။ အရင်ကျွန်တော်တို့ကျောင်းထဲ မီးမှန်ပါတယ်။ အခုမှဗျာ။ အခုအချိန်ဆိုတာ ကျောင်းထဲမှာ ၁၀တန်းစာစစ်တဲ့ ကိစ္စလုပ်နေကြပါတယ်။ နောက် မဟာတန်းကျောင်းသားတွေအတွက် Thesis လည်းလုပ်နေ ကြတာပါ။ Thesis က လုပ်ရမယ်လို့ ပြောမထားပါဘူး။ Term Paper ပဲဆိုလို့ Term Paper ပဲ လုပ်ထားကြတာပါ။ အခုမှထလုပ်ခိုင်းတော့ အချိန်ကလည်း မရ ဒီကြားထဲ မီးကပျက်။ စိတ်လေဖို့တော်တော် ကောင်းပါတယ်။ ၁၀တန်းစာစစ်လို့ပြီးရင် အဲဒီဆရာ ဆရာမတွေ Day တွေဖြေထားတဲ့စာတွေ စစ်ရမယ်။ ၁၀တန်း Code ခွာရမယ်။ အောင်စာရင်လုပ်တဲ့ အဖွဲ့ကအောင်စာရင်းလုပ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းဖွင့် ။ မီးနဲ့လွတ်တာ တစ်ခုမှမရှိပါဘူး။ ဒီ မီး ကိုပဲအားပြုလုပ်နေကြရတာပါ။ ကျွန်တော်လည်း မီးပျက်တာနဲ့ပဲ post သိပ်မတင်ဖြစ်ဘူးဗျာ။ (ကိုယ့်ဟာကို မအားလို့ မတင်ဖြစ်တာကို မီးပျက်တာနဲ့ရောချတာပါ)
Subscribe to:
Posts (Atom)