09 April, 2010

မီးမလာခြင်း

မီးမလာခြင်းဆိုတော့ ဘယ်သွားနေလဲလို့ မေးစရာရှိလာပါတယ်။ ဘယ်သွားမှန်းတော့ မသိဘူး။ ပျက်လိုက်တာဗျာ။ အရင်ကျွန်တော်တို့ကျောင်းထဲ မီးမှန်ပါတယ်။ အခုမှဗျာ။ အခုအချိန်ဆိုတာ ကျောင်းထဲမှာ ၁၀တန်းစာစစ်တဲ့ ကိစ္စလုပ်နေကြပါတယ်။ နောက် မဟာတန်းကျောင်းသားတွေအတွက် Thesis လည်းလုပ်နေ ကြတာပါ။ Thesis က လုပ်ရမယ်လို့ ပြောမထားပါဘူး။ Term Paper ပဲဆိုလို့ Term Paper ပဲ လုပ်ထားကြတာပါ။ အခုမှထလုပ်ခိုင်းတော့ အချိန်ကလည်း မရ ဒီကြားထဲ မီးကပျက်။ စိတ်လေဖို့တော်တော် ကောင်းပါတယ်။ ၁၀တန်းစာစစ်လို့ပြီးရင် အဲဒီဆရာ ဆရာမတွေ Day တွေဖြေထားတဲ့စာတွေ စစ်ရမယ်။ ၁၀တန်း Code ခွာရမယ်။ အောင်စာရင်လုပ်တဲ့ အဖွဲ့ကအောင်စာရင်းလုပ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းဖွင့် ။ မီးနဲ့လွတ်တာ တစ်ခုမှမရှိပါဘူး။ ဒီ မီး ကိုပဲအားပြုလုပ်နေကြရတာပါ။ ကျွန်တော်လည်း မီးပျက်တာနဲ့ပဲ post သိပ်မတင်ဖြစ်ဘူးဗျာ။ (ကိုယ့်ဟာကို မအားလို့ မတင်ဖြစ်တာကို မီးပျက်တာနဲ့ရောချတာပါ)

No comments: