29 May, 2010

အသိအမှတ် မပြုခံရသောအခါ

ဒီနေ့မနက် ဥပဒေဌာနက ကိုဇော်မင်းထွန်း ရဲ့ မင်္ဂလာဆောင်သွားရင်း အသိဆရာမ တစ်ယောက်နဲ့ စကား လက်ဆုံကျခဲ့ပါတယ်။ သူကတော့ သူခံစားရတာတွေ ရင်ဖွင့်တာပေါ့ဗျာ။

14 May, 2010

ပူတယ်ဗျာ

အရင်ရာသီဥတု တစ်ခုနဲ့တစ်ခုအပြောင်းမှာ ရွာရမယ့် မိုး မရွာတော့ လူကြီးသူမတွေက ပြောကြတယ်။ ဒီနှစ်ပိုပူမယ်တဲ့။ အဲဒီတုန်းကတော့ သိပ်အလေးမထားမိဘူး။ အခုတကယ်ပူသဗျ။ ရေခန်းခြောက်တဲ့ သတင်းတွေလည်း ကြားနေရတယ်ဗျာ။ ပြီးတော့ ဘယ်မှာကတော့ဖြင့် နေပူထဲကလာပြီးရေချိုးတာ သေသွားပြီတို့၊ ညရေချိုးအိပ်ရင်း ပန်ကာဖွင့်ထားတာ မနက်ကျတော့ အသက်မရှိတော့ဘူး။ ကြားရ ကြားရ နားဝမချမ်းသာစရာတွေဗျာ။ အပြင်ထွက်ရင် အပူဟပ်တာ တော်တော်ပူသဗျာ။ မကွေးမှာ တကယ်ပူသဗျာ။

11 May, 2010

ပုပ္ပါးသို့

ပုပ္ပါးမှာ ကွင်းဆင်းနေကြသော ဘူမိဗေဒကျောင်းသူ၊ ကျောင်းသားများအား သွားစစ်မည့် ပါမောက္ခချုပ်နှင့် လိုက်သွားခဲ့ပါတယ်။ တောင်တက်လမ်းကို အဲယားကွန်းဖွင့်တက်တော့ ရေဆူပြီး heat တွေတအားတက်လာ လို့ ခဏနားတဲ့နေရာကနေ ပုပ္ပါးတောင်ကလပ်ကို လှမ်းရိုက်ထားတာပါ။


သမီးကြီးကကားကိုစပ်စုနေစဉ်



 သမီးကြီး၊ သမီးလေးနဲ့ ဇနီးသည်



ကျွန်တော့်ပုံပါ

တောင်ပေါ်တက်ရင်း သမီးကြီးကို ရိုက်ပေးထားတာပါ။


ပါမောက္ခချုပ်နှင့် ဘူမိဗေဒပါမောက္ခ

တောင်ပေါ်တက်တဲ့ လှေကားတွေ သေချာပြင်ထားတာကို တွေ့ရပါတယ်။ စတီးလက်ရမ်းတွေနဲ့ တော်တော်အဆင်ပြေပါတယ်။ အဆင်မပြေတာက မျောက်တွေပါ။ ဦးထုပ်လုသွားတာနဲ့ မုန့်ထုပ်ဆွဲသွား တာနဲ့ပါ။ နောက် တောင်တက်ရင်မောမောနဲ့ အသက်ဝအောင်ရှူလိုက်ရင် မျောက်သေးနံ့ ချီးနံ့ တော်တော်ကိုနံပါတယ်။ လှေကားတစ်လျောက်လည်း အဲဒါတွေပဲ ရှောင်နင်းနေရပါတယ်။ မျောက်ရှိတာ ဘာအတွက်ကောင်းလဲတော့မသိပါ။ အီကော်လော်ဂျီအရ ဘယ်လိုဆက်စပ်မှု့ရှိလည်း မသိပါ။

ဆွမ်းကပ်လှူ

ဒီနေ့နံနက် ၅နာရီခွဲအချိန်မှာ သံဃာတော်အရှင်သူမြတ် ၅ ပါးအား အာရုံဆွမ်း(ကြက်သားပလာတာ) ကပ်လှူခဲ့ပါတယ်။ နှစ်တိုင်း တစ်နှစ်တစ်ခါ လုပ်တဲ့သဘောပါ။ အားလုံးမအားတဲ့ ရက်ကျပ်ထဲမှာ ရတဲ့အချိန်လေး လုပ်လိုက်တာပါ။ ရက်ကျပ်ဆိုတာက ၁၀ တန်းအောင်စာရင်းအတွက် လုပ်တဲ့သူကလုပ်၊ Day အောင်စာရင်း လုပ်တဲ့သူနဲ့ပါ။ ကျွန်တော်တို့ တက္ကသိုလ် ဆရာဆရာမတွေအတွက် နွေရာသီအားလပ်ရက် တစ်လ ရတယ်ဆိုပေမယ့် အဲဒီတစ်လအတွင်းမှာပဲ အဲဒီကိစ္စတွေဆောင်ရွက် ကြရပါတယ်။
ကြက်သားပလာတာဆွမ်း


အချိုပွဲ 

ငါးပါးသီလယူ

တရားနာ

ရေစက်ချ


ဆရာမကြီးဒေါက်တာနန်းအေးဆွေ၊ နောက်မှာက သမီးကြီးကြော့စန္ဒီသွယ်၊ သမီးငယ်မျိုးမြတ်မေကြည်၊ ကျွန်တော့်အမျိုးသမီး ဒေါက်တာစောမာလာအောင်၊ မဟာတန်းကျောင်းသူ အေးမြတ်သူ တို့ပုံပါ။
ဒီအလှူပြီးမြောက်အောင်မြင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာအေးကျော်၊ ပါမောက္ခ ဆရာမကြီး ဒေါက်တာနန်းအေးဆွေ၊ မြန်မာစာဌာနမှ ကထိက ဦးဝင်းမြင့်၊ ကျွန်တော့်ယောက်ဖ ရုံးမှူး ဦးကျော်ကျော်ထင်အောင်၊ သင်တန်းရေးရာဌာနမှ ဦးအောင်ခိုင်ညွန့်၊ ဦးသိန်းဌေး၊ မဟာတန်းမှကျွန်တော့်Thesis တပြည့်များဖြစ်သော ခင်စုစုစံ၊ မိုးသန္တာ၊ ကျွန်တော့်အမျိုးသမီး Thesis တပြည့် ဝေေ၀ခိုင် နဲ့ ချိုမာဝင်း၊ ကိုယ့်တပြည့်မဟုတ်ပေမယ့် ရင်းရင်းနှီးနှီးလာနေသော အေးပြည့်ခိုင် တို့ကို ကျွန်တော်တို့မိသားစုက ကျေးဇူးအထူးတင်ရှိပါကြောင်း။  

ကျွန်တော်တို့မိသားစု ပြုလုပ်ခဲ့သော ကောင်းမှူ ကို နှစ်ဖက်မိဘ အမှူးထားပြီး မိတ်ဆွေအပေါင်းအား အမျှပေးဝေလိုပါတယ်။ 

ကမ္ဘာပေါ်ရှိ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကျိုးကို ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော၊ ဆောင်ရွက်နေသူအပေါင်းအားလည်း အမျှပေးဝေလိုပါတယ်။

07 May, 2010

အူအတက်ရောင်ခြင်း

၂၂-၄-၂၀၁၀ နေ့ည ဆောင်ရွက်ဖွယ်ရှိသည်များကို ဆောင်ရွက်အပြီး ည ၂နာရီခွဲလောက်မှာ အိပ်ရာဝင်ပါတယ်။ ၂၃ ရက်နေ့မနက် ၈နာရီခွဲလောက်မှာ အိပ်ရာနိုးလာတော့ ဗိုက်နာနေတယ်ဗျ။ ညာဖက် ခြမ်းကနာတာပါ။ အရင်နာဖူးတဲ့ပုံစံတွေနဲ့ မတူပါဘူး။ တတ်သလောက်မှတ်သလောက် စမ်းကြည့်ပြီး အူအတက်နဲ့တူတယ်ဆိုပြီး ဆေးရုံကိုပြေးပါတယ်။ ကောင်းမွန်ဆေးရုံမှာ ယောင်္ကျားလေး ဆာဂျင်နဲ့ ပြချင်တယ်ဆိုတော့ ဆရာဝန်ကြီးတွေရော အငယ်တွေပါ သင်္ကြန်ပြန်တာ ပြန်မရောက်သေးဘူးတဲ့။ AL ဆာဂျင် အမျိုးသမီးပဲရှိမယ်လို့ဆိုပါတယ်။ အူအတက်ခွဲတာတော့ AS တွေတောင် တွယ်နေကြသေးတာပဲ။ AL ဆိုတော့ လည်း AL ပေါ့ဗျာ။ ရှိတဲ့သူနဲ့ပြပါမယ်ဆိုတော့ ဆရာဝန်ကိုဖုန်းဆက်ခေါ်ပေးပါတယ်။ ဆရာဝန်ရောက်လာပြီး စမ်းပြီးသကာလ အူအတက်ရောင်တာဖြစ်နိုင်တယ်တဲ့။ ultrasound ရိုက်ကြည့်ရမယ်လို့ပြောပါတယ်။ လောလောဆယ်ဆေးရုံတက်လိုက်တဲ့။ 

အဲဒါနဲ့ပဲ ဆေးရုံတက် နေ့လည် သူတို့ပြောတဲ့ တီဗွီဓါတ်မှန် ရိုက်၊ ညနေ ၅ နာရီလောက်မှာ ဆရာဝန်တစ်ခါ လာကြည့်ပြီး အူအတက်ရောင်တာ ဖြစ်ကြောင်း ခွဲရင်ပိုကောင်းကြောင်းပြောတော့ ကျွန်တော်လည်း ကောင်းသလိုသာလုပ်ပါဆိုပြီး ခွဲဖို့ သဘောတူလိုက်ပါတယ်။ ည ၉ နာရီမှာ စခွဲပြီး ၁၀ နာရီခွဲမှာ ပြီးဆုံးပါတယ်။ 

၂၄ ရက်နေ့ရောက်တော့ ရေ တစ်နာရီ တစ်ဇွန်းသောက်လို့ရတယ်လို့ပြောပါတယ်။ ၂၅ ရက်နေ့မှာတော့ အရည် ကြိုက်ရာသောက်လို့ရကြောင်း၊ ၂၆ ရက်နေ့မှာ ဆန်ပြုတ်၊ ၂၇ မှာလည်း ဆန်ပြုတ်၊ ၂၈ မှာ ထမင်းစစားပါတယ်။ ၂၇ မှာဆေးရုံကဆင်းခဲ့ပါတယ်။ ၂၉ မှာ ချုပ်ရိုးဖြေ။

အဲဒါနဲ့ပဲ အင်တာနက်လည်း မကိုင်ဖြစ်။ ဘလော့လေးလဲ မပြင်ဖြစ် ဖြစ်နေရတာပါ။

06 May, 2010

နာဂစ် ၂ နှစ်ပြည့်

နာဂစ် တိုက်သွားတာ ၂ နှစ်ရှိပါပြီ။ အဲဒီအကြောင်းရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တော့ မြန်မြန်ရေးဖြစ်အောင် ခေါင်းစဉ်အရင်တတ်ထားတာတောင် တော်တော်ကြာနေပြီ။