၂၂-၄-၂၀၁၀ နေ့ည ဆောင်ရွက်ဖွယ်ရှိသည်များကို ဆောင်ရွက်အပြီး ည ၂နာရီခွဲလောက်မှာ အိပ်ရာဝင်ပါတယ်။ ၂၃ ရက်နေ့မနက် ၈နာရီခွဲလောက်မှာ အိပ်ရာနိုးလာတော့ ဗိုက်နာနေတယ်ဗျ။ ညာဖက် ခြမ်းကနာတာပါ။ အရင်နာဖူးတဲ့ပုံစံတွေနဲ့ မတူပါဘူး။ တတ်သလောက်မှတ်သလောက် စမ်းကြည့်ပြီး အူအတက်နဲ့တူတယ်ဆိုပြီး ဆေးရုံကိုပြေးပါတယ်။ ကောင်းမွန်ဆေးရုံမှာ ယောင်္ကျားလေး ဆာဂျင်နဲ့ ပြချင်တယ်ဆိုတော့ ဆရာဝန်ကြီးတွေရော အငယ်တွေပါ သင်္ကြန်ပြန်တာ ပြန်မရောက်သေးဘူးတဲ့။ AL ဆာဂျင် အမျိုးသမီးပဲရှိမယ်လို့ဆိုပါတယ်။ အူအတက်ခွဲတာတော့ AS တွေတောင် တွယ်နေကြသေးတာပဲ။ AL ဆိုတော့ လည်း AL ပေါ့ဗျာ။ ရှိတဲ့သူနဲ့ပြပါမယ်ဆိုတော့ ဆရာဝန်ကိုဖုန်းဆက်ခေါ်ပေးပါတယ်။ ဆရာဝန်ရောက်လာပြီး စမ်းပြီးသကာလ အူအတက်ရောင်တာဖြစ်နိုင်တယ်တဲ့။ ultrasound ရိုက်ကြည့်ရမယ်လို့ပြောပါတယ်။ လောလောဆယ်ဆေးရုံတက်လိုက်တဲ့။
အဲဒါနဲ့ပဲ ဆေးရုံတက် နေ့လည် သူတို့ပြောတဲ့ တီဗွီဓါတ်မှန် ရိုက်၊ ညနေ ၅ နာရီလောက်မှာ ဆရာဝန်တစ်ခါ လာကြည့်ပြီး အူအတက်ရောင်တာ ဖြစ်ကြောင်း ခွဲရင်ပိုကောင်းကြောင်းပြောတော့ ကျွန်တော်လည်း ကောင်းသလိုသာလုပ်ပါဆိုပြီး ခွဲဖို့ သဘောတူလိုက်ပါတယ်။ ည ၉ နာရီမှာ စခွဲပြီး ၁၀ နာရီခွဲမှာ ပြီးဆုံးပါတယ်။
၂၄ ရက်နေ့ရောက်တော့ ရေ တစ်နာရီ တစ်ဇွန်းသောက်လို့ရတယ်လို့ပြောပါတယ်။ ၂၅ ရက်နေ့မှာတော့ အရည် ကြိုက်ရာသောက်လို့ရကြောင်း၊ ၂၆ ရက်နေ့မှာ ဆန်ပြုတ်၊ ၂၇ မှာလည်း ဆန်ပြုတ်၊ ၂၈ မှာ ထမင်းစစားပါတယ်။ ၂၇ မှာဆေးရုံကဆင်းခဲ့ပါတယ်။ ၂၉ မှာ ချုပ်ရိုးဖြေ။
အဲဒါနဲ့ပဲ အင်တာနက်လည်း မကိုင်ဖြစ်။ ဘလော့လေးလဲ မပြင်ဖြစ် ဖြစ်နေရတာပါ။
No comments:
Post a Comment