11 May, 2010

ဆွမ်းကပ်လှူ

ဒီနေ့နံနက် ၅နာရီခွဲအချိန်မှာ သံဃာတော်အရှင်သူမြတ် ၅ ပါးအား အာရုံဆွမ်း(ကြက်သားပလာတာ) ကပ်လှူခဲ့ပါတယ်။ နှစ်တိုင်း တစ်နှစ်တစ်ခါ လုပ်တဲ့သဘောပါ။ အားလုံးမအားတဲ့ ရက်ကျပ်ထဲမှာ ရတဲ့အချိန်လေး လုပ်လိုက်တာပါ။ ရက်ကျပ်ဆိုတာက ၁၀ တန်းအောင်စာရင်းအတွက် လုပ်တဲ့သူကလုပ်၊ Day အောင်စာရင်း လုပ်တဲ့သူနဲ့ပါ။ ကျွန်တော်တို့ တက္ကသိုလ် ဆရာဆရာမတွေအတွက် နွေရာသီအားလပ်ရက် တစ်လ ရတယ်ဆိုပေမယ့် အဲဒီတစ်လအတွင်းမှာပဲ အဲဒီကိစ္စတွေဆောင်ရွက် ကြရပါတယ်။
ကြက်သားပလာတာဆွမ်း


အချိုပွဲ 

ငါးပါးသီလယူ

တရားနာ

ရေစက်ချ


ဆရာမကြီးဒေါက်တာနန်းအေးဆွေ၊ နောက်မှာက သမီးကြီးကြော့စန္ဒီသွယ်၊ သမီးငယ်မျိုးမြတ်မေကြည်၊ ကျွန်တော့်အမျိုးသမီး ဒေါက်တာစောမာလာအောင်၊ မဟာတန်းကျောင်းသူ အေးမြတ်သူ တို့ပုံပါ။
ဒီအလှူပြီးမြောက်အောင်မြင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာအေးကျော်၊ ပါမောက္ခ ဆရာမကြီး ဒေါက်တာနန်းအေးဆွေ၊ မြန်မာစာဌာနမှ ကထိက ဦးဝင်းမြင့်၊ ကျွန်တော့်ယောက်ဖ ရုံးမှူး ဦးကျော်ကျော်ထင်အောင်၊ သင်တန်းရေးရာဌာနမှ ဦးအောင်ခိုင်ညွန့်၊ ဦးသိန်းဌေး၊ မဟာတန်းမှကျွန်တော့်Thesis တပြည့်များဖြစ်သော ခင်စုစုစံ၊ မိုးသန္တာ၊ ကျွန်တော့်အမျိုးသမီး Thesis တပြည့် ဝေေ၀ခိုင် နဲ့ ချိုမာဝင်း၊ ကိုယ့်တပြည့်မဟုတ်ပေမယ့် ရင်းရင်းနှီးနှီးလာနေသော အေးပြည့်ခိုင် တို့ကို ကျွန်တော်တို့မိသားစုက ကျေးဇူးအထူးတင်ရှိပါကြောင်း။  

ကျွန်တော်တို့မိသားစု ပြုလုပ်ခဲ့သော ကောင်းမှူ ကို နှစ်ဖက်မိဘ အမှူးထားပြီး မိတ်ဆွေအပေါင်းအား အမျှပေးဝေလိုပါတယ်။ 

ကမ္ဘာပေါ်ရှိ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကျိုးကို ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော၊ ဆောင်ရွက်နေသူအပေါင်းအားလည်း အမျှပေးဝေလိုပါတယ်။

No comments: