၁၆-၁-၂၀၁၂ နေ့ည ၇-၀၀ နာရီ
မနက်ဖြန် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဂုဏ်ပြုလက်မှတ်တွေ အပြီးသတ်ဖို့ လုပ်နေချိန် ဖုန်းသတင်းတခုဝင်လာပါတယ်။ ညနေက ပထမနှစ် သင်္ချာကျောင်းသူတယောက် ဆိုင်ကယ် မတော်တဆဖြစ်ပြီး ဆေးရုံပေါ်ရောက်နေတယ်၊ ပါမောက္ခချုပ်ရော သင်္ချာ ပါမောက္ခဌာနမှူးပါ ဆေးရုံမှာတဲ့။ သတိမရဘူး၊ မန္တလေးကိုပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ထပ်ပြီးသိရတာက အဲဒီနေ့ညနေမှာ GTU ကဆရာတယောက် လည်း ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဆေးရုံရောက်နေသတဲ့။ သူလည်း သတိမရလို့ မန္တလေး ပို့မယ်ပြောပါတယ်။ နှစ်ယောက်လုံး မန္တလေးကိုပို့ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့သတင်းကြားရတာ နှစ်ယောက်လုံး ဆုံးပြီတဲ့။ နှစ်ယောက်လုံးက ခေါင်းမှာ ဒဏ်ရာရကြတာပါ။ ဆိုင်ကယ်စီးဦးထုပ်သာပါရင် ဆိုတဲ့အတွေးတခု ကျွန်တော့်ရင်ထဲ ဝင်ရောက်လာပါတယ်။ စိတ်မကောင်းလည်း တော်တော်ဖြစ်မိပါတယ်။ စိတ်မကောင်းလို့ ဘာဆက်ရေးရမှန်းလဲ မသိတော့ဘူးဗျာ။ အားလုံး ယာဉ်အန္တရာယ်ကင်းဝေးကြပါစေဗျာ။
No comments:
Post a Comment