05 May, 2014

လျှောက်ချင်တဲ့လမ်းလျှောက်ပါစေ

 ဒီနေ့ မြန်မာ့အလင်းသတင်းစာ ခေါင်းကြီးပိုင်းမှာ
"နိုင်ငံတော်က လူငယ်မောင်မယ်များ လျှောက်လှမ်းသင့်သည့်လမ်းများ ချောမွေ့ရန် ဆောင်ရွက်ပေးနေ"
ဟုခေါင်းစဉ်တပ်ထားသော သတင်းပါရှိပါတယ်။
လျှောက်လှမ်းသင့်သည့်လမ်းများ ဟူသည့် အသုံးအနှုန်းကို လက်မခံပါ။ မည်သည့်လမ်းက လျှောက်သင့်သည် မည့်သည့်လမ်းက မလျှောက်သင့်ဆိုသည့်အချက်ကို မည်သူက ဆုံးဖြတ်မည်နည်း။
ဆုံးဖြတ်သူအပေါ်မူတည်ပြီး ထိုအချက်က ပြောင်းလဲသွားနိုင်သည်။
ထို့အပြင် လျှောက်သင့် မလျှောက်သင့် အကြံပေးသည်ဆိုပါက လက်ခံစဉ်းစားစရာ ဖြစ်သော်လည်း ဝင်ရောက်စွတ်ဖက်သည်အထိ ဖြစ်လာလျှင် မည်သို့မှ မကောင်းပါ။
ထို့ကြောင့် လူငယ်မောင်မယ်များ လျှောက်လှမ်းလိုသော လမ်းများ ချောမွေ့ရန် ဆောင်ရွက်ပေးနိုင်က ဆောင်ရွက်ပေးပါ။ လုပ်မပေးနိုင်ပါက ဒီအတိုင်းသာနေကြပါ။ ဟိုလမ်းကလျှောက်သင့်တယ် ဒီလမ်းကလျှောက်သင့်တယ်ဆိုပြီးတော့ အတင်းဆွဲခေါ် တွန်းပို့တော့ မလုပ်စေလိုပါ။

No comments: