26 April, 2014

iOS 7.1.1

iOS 7 ထွက်တော့ တင်ဖို့ကြိုးစားပါတယ်။ အင်တာနက် speed ဘယ်လိုမှ အဆင်မပြေလို့ ဆိုင်သွားပြီး update လုပ်ခိုင်းရပါတယ်။ မကြာခင် မြန်မာစာ ကြည့်လို့ရလာတယ်။ profile မှာ ဝင်တင်လိုက်တာ။ နောက် 7.1 ထွက်တယ်။ မြန်မာစာ အဆင်မပြေတော့ဘူးလို့ အသံတွေ ကြားနေရပါတယ်။ ဒါပေမယ့် တင်ချင်စိတ်က ထိမ်းမရ သိမ်းမရဖြစ်ပြီး ဖုန်းမှာ တင်ပြီး စမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သိထားတဲ့အတိုင်းပဲ မြန်မာစာ အဆင်မပြေတော့ပါဘူး။ အတုံးလေးတွေပဲ မြင်ရပါတော့တယ်။ ဒါနဲ့ iPad မှာ မတင်တော့ပဲဒီအတိုင်းထားလိုက်ပါတယ်။ ဒီနေ့ 7.1.1 update လုပ်လို့ရပြီဆိုတာ တွေ့လို့ update လုပ်ပါတယ်။ မြန်မာစာကတော့ မရသေးပါခင်ဗျား။

မြန်မာစာ ကြည့်လိုသူများအတွက် iOS 7 နဲ့ပဲ လောလောဆယ် သုံးသင့်ပါကြောင်း ခင်ဗျား။

No comments: