ရန်ကုန်ကို ၄-၆-၂၀၁၀ နေ့ကကျောင်းကိစ္စနဲ့သွားတော့ နတ်တလင်းမှာတာဝန်ကျနေတဲ့ ညီမအိမ်ဝင် ထမင်းစားပါတယ်။ အမေပါအဲဒီမှာပါ။ အမေ့လက်ရာ မစားရတာကြာပါပီ။ စားလို့ကောင်းလိုက်တာဗျာ။ ညီမကတော့ အလုပ်ရှုပ်နေပါတယ်။ သူတို့ဆီမှာ ကာလ၀မ်းရောဂါပိုးတွေ့လို့တဲ့။ ပြည် ကိုသွား အစည်းဝေးတက်။ ဆေးရုံနဲ့ အိမ် ဟိုပြေးဒီပြေးနဲ့ ရှုပ်နေပါတယ်။ သေကြတာတောင်ရှိတယ်လို့ ကြားရပါတယ်။ ကာလ၀မ်းဆိုတာက ရိုးရိုးဝမ်းလျောတာနဲ့ မတူဘူးလေ။ ၂ ခါ ၃ ခါလောက် လျောပြီးလို့ ဆေးရုံပြေးမလာရင် အသက်ပါသွားဖို့ တော်တော်သေချာပါတယ်။ အားလုံးလည်း ဂရုစိုက်နိုင်ကြဖို့ post တင်လိုက်တာပါ။
အခုကြားရတဲ့ သတင်းအရ နတ်တလင်းမြို့မှာပဲ ဖြစ်တာလို့သိရပါတယ်။ ကာလ၀မ်းရောဂါအကြောင်း wiki မှာအောက်ပါလင့်ကတဆင့် သိနိုင်ပါတယ်။
http://en.wikipedia.org/wiki/Cholera
No comments:
Post a Comment