Google ဟာသူ့ရဲ့ service တွေကို ဆက်တိုက်ဆိုသလို တိုးချဲ့လုပ်ဆောင်လာခဲ့ပါတယ်။ ကျွန်တော်စသုံးတာ Google Mail ဖြစ်တဲ့ GMail ပေါ့ဗျာ။ အဲဒါပြီး သုံးဖြစ်တာ Google Wave နောက် Google Buzz တို့ပါ။ အခုနောက်ဆုံး သုံးရအောင်လုပ်တာ Google Voice ဖြစ်ပါတယ်။ သူ့ထုံးစံအတိုင်း limited ပေါ့ဗျာ။ သုံးချင်တဲ့ အကြောင်းလှမ်းအကြောင်းကြား၊ သူတို့က သုံးခွင့်ရရင် အကြောင်းပြန်ပါတယ်။ ကျွန်တော်လည်း အကြောင်းကြားတာပေါ့။ ဒီနေ့ mail တစ်စောင်ရောက်ပြီး သုံးခွင့်ရကြောင်း အကြောင်းပြန်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်အတွက် available မဖြစ်သေးဘူးလို့ဆိုပါတယ်။
No comments:
Post a Comment