15 June, 2010

peek-a-boo

Post ခေါက်တာနဲ့ပတ်သက်ပြီး စမ်းဖူးပါတယ်။ .js ဖိုင်လေးကို ဟိုsite သွားတင်လိုက် ခဏနေ ဖျက်သွားလို့ ဒီsite သွားတင်လိုက်၊ တော်ကြာဖျက်သွားလိုက် သိပ်အဆင်မပြေကြပါဘူး။ နောက်ပိုင်း .js ကို အတင်ခံတဲ့ site လည်းတော်တော်နည်းလာပါတယ်။ အခု blogger မှာ အသစ်ထည့်ထားတဲ့ Insert jump break ကို စမ်းကြည့်မိပါတယ်။ သူလည်း Post ခေါက်နည်းတစ်မျိုးပဲလေ။


ဒါတွေပေါ်လာရမှာပါ။ ပေါ်ပုံကအရင်ကပေါ်သလို ခေါက်ထားတာလေးပေါ်လာတာ မဟုတ်ဘဲ၊ ခေါက် ထားတဲ့နေရာကစပြီး post ကိုပြတာပါ။ အရင်က Layout နေရာမှာ Design လို့ပြောင်းထားပါတယ်။ ကျွန်တော်လည်း စမ်းပြောင်းကြည့်တာ အဆင်ပြေပါတယ်။ Blog ကိုဘယ်အချိန်ထိ Free ပေးထားမလဲ ဆိုတာကတော့ ရင်တမမစောင့်ရမှာပါ။

No comments: