23 December, 2011

Ekiga

WebCam7

Apache Web Server

အပါချီကို လောလောဆယ် လိုကယ် site တခုစမ်းဖို့ တင်သုံးကြည့်မိပါတယ်။ ကျွန်တော်ဒီကနေ ဒေါင်းတာပါ။
http://httpd.apache.org/download.cgi
ရလာတဲ့ ဖိုင်ကို install လုပ်ပြီးချိန်မှာတော့ install လုပ်ထားတဲ့စက်ရဲ့task bar မှာ ဒီလိုပြနေမှာဖြစ်ပါတယ်။



ကိုယ့် webpage ကို index.html ဆိုပြီးကြိုလုပ်ထားပါ့မယ်။ အဲဒီနောက်
C:\Program Files\Apache Software Foundation\Apache2.2\htdocs
အောက်မှာရှိနေတဲ့ index.html ဖိုင်နေရာမှာ အစာထိုးရမှာဖြစ်ပါတယ်။ အဲဒီလိုအစားထိုးပြီးတဲ့နောက် apache ထိုင်ထားတဲ့စက်ကနေစမ်းဖို့အတွက် browser proxy ကို no proxy ပေးထားရပါ့မယ်။ အဲဒီနောက် browser ရဲ့ address bar မှာ localhost လို့ပဲရိုက်ကြည့်ကြည့်၊ 127.0.0.1 လို့ပဲရိုက်ကြည့်ကြည့်၊ အဲဒီစက်ရဲ့ IP ကိုပဲရိုက်ကြည့်ကြည့် ကိုယ်ဖန်တီးထားတဲ့ page ကိုတွေ့ရမှာဖြစ်ပါတယ်။



Lan ထဲကစက်တွေက လှမ်းကြည့်မယ်ဆိုရင် သူတို့လည်း browser proxy ကို no proxy ပေး browser ရဲ့ address bar မှာ apache ထိုင်ထားတဲ့စက်ရဲ့ IP ကိုရိုက်ကြည့်ရင် page ကိုတွေ့ရမှာဖြစ်ပါတယ်။ တခုပြောချင်တာက Fire Wall ကိုပိတ်ထားရမှာဖြစ်ပါတယ်ခင်ဗျား။

File Zilla

File Zilla ကတော့ FTP ဆာဗာထိုင်ပြီး ဖိုင်တွေ Share လုပ်သုံးဖို့အတွက် အသုံးဝင်ပါတယ်။

11 December, 2011

ဆွမ်းကပ်

ဒီနေ့နံနက် ၆ နာရီမှာ ပြည်တော်သာ စာသင်တိုက်မှ သံဃာတော်အရှင်သူမြတ် (၅)ပါးကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော်များကြွလာစဉ်


ကြက်သားပလာတာဆွမ်းကပ်



အချိုပွဲကပ်


 တရားနာ






၀တ္ထုကပ်



ဆရာတော်များပြန်ကြွ

 

 ဧည့်သည်များကို ကြက်သားပလာတာနှင့်ဧည့်ခံ




ဆွမ်းကပ် အကြိုနေ့မြင်ကွင်း

အုန်းသီးခြစ်သူများ



ညစာအနေနဲ့ ဟော့ပေါ့လုပ်စားကြပါတယ်။








ကျောက်ကျောကြိုသူများ


ဆနွမ်းမကင်းဖုတ်သူများ


လပြည့်ည လကြတ်

၁၀-၁၂-၂၀၁၁ နေ့ညက ကျွန်တော်တို့မိသားစု နည်းနည်းအလုပ်များပါတယ်။ ၁၁ နေ့နံနက်မှာ  ပြည်တော်သာစာသင်တိုက်က သံဃာတော်(၅)ပါးကို အာရုံဆွမ်းဆက်ကပ်ဖို့အတွက် ဆောင်ရွက်ဖွယ်ရှိသည်များကို တပြည့်တွေနဲ့ ဝိုင်းလုပ်နေကြတဲ့ည ဖြစ်ပါတယ်။ မီးဖိုပြီး ကျောက်ကျောကြို၊ ဆနွမ်းမကင်းဖုတ် လုပ်နေတုန်း လကြတ်တယ်ဆိုလို့ ကောင်းကင်ကိုမော့ကြည့်မိပါတယ်။ လငပုတ်ဖမ်းတယ်လို့လည်း ခေါ်ကြပါတယ်။ အပျော်တမ်းကင်မရာနဲ့ ဓါတ်ပုံတော်တော်များ လှမ်းရိုက်ပါတယ်။ အဆင်သိပ်ပြေလှပါဘူး။ လက်မငြိမ်တာရော အကွာအဝေးရောကြောင့်လို့ထင်ပါတယ်။ ကြည့်ပျော်ရှု့ပျော်ရှိမယ်လို့ ယူဆတဲ့ ပုံ ၂ ပုံ တင်လိုက်ပါတယ်။
၁၀-၁၂-၂၀၁၁ ည ၈နာရီ ၁ရ မိနစ်အချိန် လကိုအမှောင်ထု ဖုံးနေပုံပါ။ မကွေးမြို့ကမြင်ရပုံပါ။


၁၀-၁၂-၂၀၁၁ ည ၁၀နာရီ ၁၂မိနစ်အချိန် လ မှ အမှောင်ထု ထွက်ခွါနေပုံပါ။ အမှောင်ထု နည်းနည်းလေးတော့ကျန်ပါသေးတယ်။

07 December, 2011

Facebook ကို https ကနေသွားခိုင်းဖို့

https ကနေသွားတာဟာ ပုံမှန် http ကသွားတာထက် အများကြီးလုံခြုံပါတယ်။ Facebook ကမူလအခြေအနေမှာ http ကနေ အလုပ်လုပ်ပါတယ်။ 


ဒါပေမယ့် အသုံးပြုသူက setting တွေပြောင်းဖို့ Account Settings ကိုနှိပ်လိုက်ချိန်မှာတော့ https ကနေပြောင်းပြီး အလုပ်လုပ်ပါတယ်။ 


ကိုယ်က အမြဲတမ်း https ကနေပဲသွားချင်ရင်လည်း သွားနိုင်ဖို့ Facebook မှာ setting တခုပါပါတယ်။ အဲဒါကိုသုံးပြီး အမြဲတမ်း https ကနေပဲသွားခိုင်းလို့ရပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့ Home ဘေးကနေက Account Settings ထဲဝင်ရမှာ ဖြစ်ပါတယ်။


အဲဒီမှာမှ Security ထဲဆက်ဝင်ပါ့မယ်။


Default Setting အရ Secure Browsing က disable ဖြစ်နေတာတွေ့ရမှာပါ။ အဲဒါကိုပြင်ဖို့ Edit ကိုနှိပ်ပါ့မယ်။




အဲဒီမှာ အမှန်ခြစ်လေးခြစ်ပြီး save change ကိုနှိပ်ရပါ့မယ်။ အဲလိုလုပ်လိုက်ရင်တော့ Facebook ဟာ ပုံမှန်အချိန်မှာလည်း https ကနေသွားတာကို တွေ့ရမှာပါ။ 


တခါတလေ ကျွန်တော်တို့ဆီမှာ https ကိုပိတ်ထားတာတွေ တွေ့ဖူးမှာပါ။ ဥပမာအနေနဲ့ကတော့ အင်တာနက်သုံးလို့ရနေပြီး gmail ထဲဝင်မရတဲ့အချိန်တွေဖြစ်ပါတယ်။ အဲလိုအချိန်ဆိုရင်တော့ ကိုယ့်အကောင့်ထဲ ဝင်လို့မရတဲ့အဖြစ်ကြုံနိုင်ပါတယ်။

06 December, 2011

Gmail, Gtalk ကိုကြားကနေ ဖြတ် ဖောက် ဖတ် ဖို့များ အလွန်လွယ်သတဲ့လား

Facebook မှာဖတ်ရတဲ့ အကြောင်းအရာတခုပါ။ ကိုယ်ကိုတိုင်လည်းနှစ်သက် အားလုံးလည်း ဖတ်ကြည့်စေချင်လို့ တင်လိုက်တာပါ။ ရေးတဲ့သူကို ခွင့်တောင်းပြီးသားဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ သူပေးထားတဲ့အတိုင်းပဲ တတ်ထားတာပါ။ ပိုင်ရှင်ကတော့
ပဲဖြစ်ပါတယ်။



Gmail ကို အစိုးရရဲ့ ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း  အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရမ်းးတုတ်တာ တော်တော်များနေပေမယ့် ကိုယ်နဲ့ မဆိုင်တော့ သိပ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....


မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး  019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။





ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။


အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ 
မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။


https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယဉ်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...


https ကိုပိတ်လို့မရတဲ့အတွက်ကြောင့် နိုင်ငံရေး တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ခဲ့ရင် အရင် အစိုးရဟာ https ကို ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်... မရလျင် လုံးဝကို ပိတ်ပစ်လိုက်ပါတယ်... မြန်မာပြည်တွင်းက အင်တာနက်သုံးသူတွေ အကုန်ခဏခဏ ကြုံဖူးမှာပါ.... အင်တာနက်သုံးလို့ရပီး ဂျီမေးလ် ဂျီတော့ သုံးမရဘူးဆိုတာ https ကို ပိတ်ထားတဲ့ အတွက်ပါ.... အဲ့ဒါကြောင့် ကျော်ခွသုံးရပါတယ်... အခု Facebook ဟာ Login အတွက်ကိုပဲ https သုံးပီး ကျန်တာတွေကို Encryption မပါတဲ့ http သုံးတဲ့အတွက် သူတို့ နည်းပေါင်းစုံနဲ့ ကလိဖို့ ကြိုးစားနေပါတယ်.... အခုလက်ရှိ MPT ဟာ သူတို့ရဲ့ Primary DNS Server ကို 203.81.64.18 ဆိုပီး ထပ်တိုးပါတယ်.... DNS ဆိုတာ Naming Resolution (ဥပမာ www.google.com လို့ရိုက်ရင် google ကိုသွားရှာရန်) အတွက် သုံးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လိပ်စာတွေကို Resolve လုပ်နိုင်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒိ Primary DNS Server မှာ Record ဖျက်ထားတဲ့အတွက် www.facebook.com လို့ရှာလိုက်ရင် Record Not Found ဆိုပီး ဖြစ်နေလို့ ပြည်တွင်းမှာ ခုရက်ပိုင်း Facebook သုံးတာ အဆင်မပြေဖြစ်တာပါ... အရင်တုန်းကတော့ mail.google.com ဆိုပီးရှာလိုက်ရင် Record Not Found ဖြစ်တယ်။ တစ်ခါတစ်လေမှာ www.google.com ကိုခေါ်ကြည့်ရင်ကို Access Denied ဖြစ်တာတွေ ပြည်တွင်းက အင်တာနက်သုံးသူများ အထူးအဆန်းမဟုတ်တော့ပါဘူး။


စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။









အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမယ့်အစား www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။


အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အခုလက်ရှိ အစိုးရမှ သုံးထားတာတွေဟာ Proxy Server တွေဖြစ်ပြီး Website အဖွင့်အပိတ်ကို ပြုလုပ်ရန်၊ တနည်းအားဖြင့် URL Filtering အတွက်ဖြစ်ပါတယ်။ သူတို့ ပေါ်လစီနဲ့ ညိရင် ပိတ်ထားပါတယ်၊ တနည်းအားဖြင့် ဘန်းတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာတွေ ကျော်ခွသုံးတာကို ဘန်းကျော်တယ်လို့ သုံးကြပါတယ်။ User သွားကြည့်တဲ့ Website တွေကိုတော့ Trace လိုက်လို့ရပါတယ်။ ဒါကလည်း သူသုံးတဲ့ အင်တာနက် Service ပေါ်မူတည်ပြီး ချပေးထားတဲ့ IP Address ကိုနောက်ယောင်ခံ လိုက်ကြည့်တာပါ။ အဲ့ဒါလည်း ဘယ် Website ကိုသွားတာပဲ သိရတာဖြစ်ပါတယ်။ အဲ့ဒိ Website ဟာ https သုံးထားလျင် အထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ တနည်းအားဖြင့် သူတို့ဟာ ဒီလူ ဒီအဆောက်အဦးထဲ ၀င်သွားတာကို သိပါတယ်။ အဆောက်အဦးထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက Decrypt လုပ်ရန် Key မရှိခြင်းကြောင့် ဖြစ်ပါတယ်။

အဲ့ဒိလို သွားကြည့်တဲ့ Website တွေကို Trace လိုက်တယ်ဆိုတဲ့နေရာမှာလည်း Proxy Bypass Software တွေသုံးထားရင် လိုက်စစ်လို့ မရပြန်ပါဘူး။ ထို့အတူ Proxy Bypass Site တွေကနေ တစ်ဆင့်သွားလျင်လည်း မသိနိုင်ပါဘူး။ လူသိများကြတဲ့ Proxy Bypass Software တွေကတော့ Your Freedom, Freegate, Ultrasurf, Hopster အစရှိသဖြင့် အများကြီး ရှိပါတယ်။ ဥာဏ်ရှိသလို သုံးနိုင်ပါတယ်။ နိုင်ငံတကာကို သွားဖို့ Ports တွေကတော့ အကုန်ပိတ်ထားပြီး ဖွင့်တာဆိုလို့ http, https ပဲရှိတယ်၊ ဘယ်ဝက်ဆိုဒ်တွေတော့ ပေးကြည့်မယ် ဘယ်ဟာတော့ ပိတ်မယ်ဆိုတာ URL Filtering ပါ၊ DNS Poisoning တောင်မလုပ်ဘူး NS Record ကို ဖျက်ပစ်တဲ့ အလုပ်မျိုးကိုပဲ လုပ်ကြတယ်။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။

FTP Port ကတော့ စိတ်ကူးပေါက်ရင် ဖွင့်ပါတယ်၊ တစ်ခါတစ်လေမှာ ပိတ်ပါတယ်၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ သူတို့ နိုင်ငံခြားမှာ ရှိတဲ့ ဆာဗာတွေကိုသုံးဖို့အတွက်တော့ Port Request တင်ရပါတယ်။ Messaging Port တွေဖြစ်တဲ့ (POP, SMTP, IMAP, Exchange) တွေကိုတော့ လုံးဝပေးမဖွင့်ပါလို့ အရင်ကတရားဝင် ပြောပါတယ်။ အဲ့လိုပဲ VPN ကိုလည်း လုံးဝပေးသုံးပါလို့ အရင်က ပြောပါတယ်။ Port Request မှာ Source IP ပေးရပါတယ်၊ Target URL & Target Port ကိုပေးရပါတယ်။ ဖွင့်မပေးခင်း နည်းလမ်းပေါင်းစုံ စစ်ပါတယ် ဒါက အရင်ကပါ။ (အခုတော့ မသိဘူး ကျွန်တော့လာမမေးနဲ့ သူတို့သွားမေး.... :D)

လက်ရှိ မြန်မာပြည်က ရတာနာပုံ ကသုံးထားတဲ့ Proxy Server တွေဟာ Blue Coat System ဖြစ်ပါတယ်။ Blue Coat က ကမ္ဘာ့အကောင်းဆုံးလို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တဲ့ System နဲ့ Control လုပ်ချင်တဲ့ပုံစံက တကယ့်ကို တလွဲပါ။ ကမ္ဘာမှာလည်း မရှိပါဘူး.... အဲ့ဒါကြောင့် သူတို့တွေ Proxy ကို တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေပေမဲ့လည်း ခုထိသူတို့ လိုချင်တဲ့ပုံစံနဲ့ ထိမ်းချုပ်မရသေးတဲ့အတွက် နည်းပညာပိုင်း မနိုင်သေးတဲ့အတွက် ကမောက်ကမ ဖြစ်တာ များခဲ့ပါတယ်။ ဒီနေရာမှာ Proxy Server တွေဟာ https အတုတွေကို ကြားဖြတ် ဖျက်ချဖို့ System တွေပါဝင်လာပါတယ်။ ကျွန်တော် Blue Coat နဲ့ အကျွမ်းတ၀င်မရှိတဲ့အတွက် Microsoft TMG နဲ့ပဲ နှိုင်းယှဉ်ရေးပြပါ့မယ်။ သဘောတရားခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ (Co-operate Proxy & Firewall မှာတော့ Microsoft TMG ဟာ နာမည်ကြီးပါတယ်။ Blue Coat ကတော့ ISP တွေ အကြိုက်ဖြစ်ပါတယ်။)

Microsoft TMG မှာအဲ့ဒိ စနစ်ကို SSL Inspection လို့ ခေါ်ပါတယ်။ Fake SSL Certificate တွေကို သုံးမှာကို တားတာပါ။ ဒါပေမဲ့ Technology အရ Un-trusted Certificate တွေနဲ့ Fake Certificate တွေကို သုံးထားတဲ့ Website တွေကို Users တွေ Access လုပ်မိခြင်းမှ ကာကွယ်ရန် ဖြစ်သလို၊ Proxy Bypass သုံးတဲ့ Software တွေရဲ့ Fake Certificate နဲ့ ကျော်ခွခြင်းကို ကာကွယ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့ Public ISP လိုမျိုးတွေမှာ အဲ့ဒိ Function ဟာ သုံးလို့မရပဲ Co-operate တွေမှာပဲ သုံးရတာ အဆင်ပြေပါတယ်။ Public မှာသွားသုံးလိုက်ရင် Client Authentication မှာတင် အဆင်မပြေဖြစ်ပီး https ကို Access လုပ်မရပဲ ဒေါင်းကုန်လို့ဖြစ်ပါတယ်။

ယခင် အစိုးရက အင်တာနက်ကို ကြားက ဖြတ်စစ်လို့ မရမှန်းသိလာတော့ သိတ်ပေးမသုံးချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အင်တာနက် အခွင့်အရေး အပြည့်အ၀ ပေးထားတယ်ဆိုတာ ပြချင်တော့ ပေးသုံးတယ်၊ သို့သော် သူတို့ အခုလက်ရှိ လုပ်ထားတာ Bandwidth Control ဖြစ်ပါတယ်။ ပြောရရင်တော့ နှေးအောင်လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်လို့ မသင်္ကာရင် သတင်းတပ်ဖွဲ့က ကွန်ပျူတာကို အကုန်စစ်တာဖြစ်ပါတယ်။ ကိုဇာဂနာကြီးရဲ့ ဘာ့ကြောင့်ထောင်ကြသလဲ အင်တာဗျူးတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကန်မှာ တစ်ခုခု National Security နဲ့ပါတ်သက်လို့ သိချင်လာလျင် Public Server တွေကို ဖွင့်ပီး စစ်ဆေးပိုင်ခွင့် အမိန့်ဒီကရီကို တရားရုံးမှာတောင်းပါတယ်။ ဒီကရီ ရတာနဲ့ သက်ဆိုင်တဲ့ Server တွေက ဒေတာတွေကို မွှေပါတော့တယ်။ ဟိုတလောလေးကပဲ အမတ်တစ်ယောက်ကို Wikileak နဲ့ အဆက်အသွယ်ရှိလို့ဆိုပီး သူ့ရဲ့ Twitter အကောင့်အပါဝင် တော်တော်များများကို ၀င်မွှေခွင့်ပေးလိုက်ပါတယ်။ အဲ့ဒိနေရာမှာသတိထားကြည့်ပါ၊ ISP ကိုမမွှေပဲ မူရင်း Source ကိုပဲ မွှေတာကို တွေ့မှာပါ။ ISP ကနေ စစ်လို့ရလျင် CIA ဟာ လူသိရှင်ကြားတောင် လုပ်မနေပါဘူး တိတ်တိတ်ဖြတ်ခိုးနေမှာပါ။

ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်.... ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး... Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။ အဲ တစ်ခုပဲ ရှိတယ် Cyber Cafe မှာသွားသုံးလို့ Key Logger နဲ့ ခိုးခံရရင်တော့ မပြောတတ်ဘူးဗျိုး.....

ကွန်မန့်တွေအများကြီးပါ။ Like တွေလည်း အများကြီးပါ၊ ကွန်မန့် အများကြီးထဲက ကျေးဇူးတင်ကြောင်း ရေးထားတာတွေဖယ်ပြီး နောက် post တခုနဲ့ တင်မှာပါ။


03 December, 2011

ပြန်ပိတ်သွားသော Scribd

ပြီးခဲ့တဲ့လလောက်က အင်တာနက်သုံးဖို့ browser ကိုဖွင့်ရင် လူကြီးမင်းခင်ဗျား အင်တာနက် speed က ရေအောက်ကြိုးပြင်နေလို့ နှေးပါတယ်။ လက်ခံရင် Accept ကိုနှိပ်ပါဆိုတဲ့ သတိပေးချက်ကို အရင်တွေ့ရပါတယ်။ Accept ကိုနှိပ်ပါမှ ကိုယ့် Homepage ကိုရောက်တာပါ။ ဒီနေ့တော့ အဲဒီသတိပေးချက်ကို မတွေ့တော့ပါဘူး။ စိတ်မကောင်းစရာကောင်းတာက scribd.com ကို ပြန်ပိတ်သွားခြင်းပါပဲ။ 



အရင် speed နှေးနေတုန်းကတော့ ဖွင့်ပေးထားပါတယ်။
scribd.com ဆိုတာ အားလုံးသိကြတဲ့အတိုင်း ebook တွေ share လုပ်တဲ့အခါ အများဆုံးသုံးကြတဲ့ site ပါ။ စာအုပ်တော်တော်များများရှိပါတယ်။ ဒေါင်းချင်တဲ့အခါ သူက upload တခုခု လုပ်ခိုင်းပြီး upload လုပ်ပြီးပါက လွတ်လွတ်လပ်လပ် ဒေါင်းခွင့်ပေးပါတယ်။ နောက် ကိုယ့်ဘလော့ထဲမှာ ကိုယ့် site ထဲမှာ pdf ဖိုင်ကို embedding လုပ်ချင်အခါ အလွန်အသုံးတည့်တဲ့ site ဖြစ်ပါတယ်။

24 November, 2011

Google Wave will be Terminate Sooner

Today, I receive a mail from Google Wave Team which contain the following contents.

Dear Wavers,

More than a year ago, we announced that Google Wave would no longer be developed as a separate product. At the time, we committed to maintaining the site at least through to the end of 2010. Today, we are sharing the specific dates for ending this maintenance period and shutting down Wave. As of January 31, 2012, all waves will be read-only, and the Wave service will be turned off on April 30, 2012. You will be able to continue exporting individual waves using the existing PDF export feature until the Google Wave service is turned off. We encourage you to export any important data before April 30,
2012.

If you would like to continue using Wave, there are a number of open source projects, including Apache Wave. There is also an open source project called Walkaround that includes an experimental feature that lets you import all your Waves from Google. This feature will also work until the Wave service is turned off on April 30, 2012.
For more details, please see our help center.
Yours sincerely,
The Wave Team

© 2011 Google Inc. 1600 Amphitheatre Parkway, Mountain View, CA 94043
You have received this mandatory email service announcement to update you about important changes to your Google Wave account.

ကျွန်တော်က Google ကနေ search engine စသုံးတယ်။ အဲဒီနောက် mail သုံးတယ်။ wave ဆိုတော့ wave ၊ Buzz ဆိုတော့လည်း Buzz လိုက်စမ်းသုံးဖြစ်ပါတယ်။ ဘလော့လုပ်တော့လည်း blogspot နဲ့လုပ်ဖြစ်တာပါ။ ပိတ်ဆို့ထားလည်း ကျော်ခွရေးရင်းနဲ့ပေါ့။ အခု Google+ လည်း စမ်းသုံးကြည်နေတာပါ။ Wave က သိပ်မအောင်မြင်ခဲ့ဘူးနဲ့တူပါတယ်။ Wave အတွက် စိတ်မကောင်းတော့ ဖြစ်မိပါတယ်ဗျာ။

22 November, 2011

စကားပုံများနဲ့ကျွန်တော်


မနေ့က သမီးလုပ်သူကမေးလာတယ်။ သူကလည်း ဟိုစာဖတ် ဒီစာဖတ်နဲ့ဆိုတော့ ဟိုဟာမသိရင် လာမေး၊ ဒီဟာမသိရင်လာမေးနဲ့ပေါ့။ ဒီတခါလာမေးတာက စကားပုံဗျ။ သဘောတရားတော့ သိပြီးသားဖြစ်မှာပါ။ မေးတယ်ဆိုတဲ့သဘောနဲ့ မေးသလားမသိဘူး။ ခွေးမြှီးကောက် ကျည်တောက်စွပ် ဆိုတာဗျာ။ အဲဒါမေးတော့ ကျွန်တော်လည်း သိသလောက် မှတ်သလောက်ပြောပြတာပေါ့။ ပြောပြီးတော့ ပြီးသွားပြီထင်တာ၊ သူကတဆင့်တက်လာသဗျ။ အဲဒါဘယ်သူ့မှာ အပြစ်ရှိသလဲတဲ့။ တကယ်တော့လည်း အဲဒီကိစ္စမှာ ဘယ်သူက ဘယ်လိုအပြစ်ရှိတာရယ်လို့မှ မဟုတ်တာ။ ဒါပေမယ့် သူမေးတာကို ကိုယ့်အယူအဆနဲပဲ အဆင်ပြေအောင် ဒီလိုဖြေလိုက်မိပါတယ်။
ခွေးမြှီးကောက် မှာလည်း အပြစ်မရှိဘူး၊ ခွေးမြှီးကောက်ဆိုတဲ့အတိုင်း သူကတော့  အော်လစ်ဂျင်နယ် ကောက်လေ။ အဲဒါကို တနေ့ဖြောင့်လာနိုး တနေ့ဖြောင့်လာနိုးနဲ့ ကျည်တောက် လာစွပ် စွပ်နေတဲ့သူမှာ အပြစ်ရှိသဗျာ။ စွပ်တာကို ၀ိုင်းကူတဲ့သူတွေမှာလည်း အပြစ်မကင်းဘူး။ ဘယ်လောက်ကြာရင်တော့ ဖြောင့်တော့မယ်ထင်တယ်၊ ဘယ်လို စွပ်ရင်တော့ ဖြောင့်လောက်တယ်လို့ ဘေးတီးနေတဲ့သူတွေမှာလည်း အပြစ်ရှိတယ်။ ဖြောင့်လာတော့မှာပဲလို့ မျှော်လင့်ပြီး ဘေးကထိုင်စောင့်နေတဲ့သူတွေမှာလည်း အပြစ်ရှိသဗျာ။ ခွေးမြှီးကောက်ကို မမြင်မတွေ့ချင်ရင်တော့ မောင်းထုတ်လိုက်ဖို့ပဲရှိတယ်လို့ လို့ဖြေလိုက်မိပါတယ်။ 

13 November, 2011

To Min Hla

Day စာမေးပွဲတွေပြီးလို့ အဝေးသင်စာမေးပွဲတွေ ပထမအသုတ်ပြီးသွားပါပြီ။ ဒုတိယအသုတ်က အောက်တိုဘာ ၂၇ မှာ စပါလိမ့်မယ်။ အဲဒီမှာ စာမေးပွဲခန်းစောင့်ချိန်က တယောက်တယောက် ၈ ချိန် ၉ ချိန် စောင့်ရပါတယ်။ မနက်ရော ညနေတွေပါ စောင့်ရတဲ့ရက်တွေရှိပါတယ်။ အဲဒီရက်မရောက်ခင် ခရီးတိုလေးတခုလောက် သွားကြရရင်ကောင်းမှာပဲဆိုပြီး အိမ်ကကျောင်းအမက စကားစလာပါတယ်။ အဲဒီတော့ အခုကာလ အိမ်ကို ပုံမှန်လာနေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တိုင်ပင်ပြီး မင်းလှသွားဖို့ လုပ်ခဲ့တာပါ။ မင်းလှက မကွေးနဲ့ ၂၁ မိုင်သာဝေးပါတယ်။ ဧရာဝတီမြစ်ကမ်းဘေး၊ မကွေးနဲ့ တဖက်ကမ်းဆီပါ။ မင်းလှမှာရှိတဲ့ မင်းလှခံတပ်ကိုတော့ တော်တော်များများသိကြမှာပါ။ မင်းလှဆရာတော်ဘုရား အတွက်နဲ့လည်း လူသိများပါတယ်။ ပြည်မြို့နားမှာလည်း မင်းလှ တခုရှိပါတယ်။ အဲဒီမင်းလှက သပ်သပ်ပါ။ အိမ်မှာ ပုံမှန်လာပြီးစာလုပ်နေကြတဲ့ မဟာသုတေသနသင်တန်းသူ ၂ ယောက်၊ မဟာတန်းကျောင်းသူ ကျောင်းသား ၇ ယောက် နဲ့ ကျွန်တော်တို့ မိသားစု ၄ ယောက် စုစုပေါင်း ၁၁ ယောက် စုပြီးသွားကြတာပါ။ 
မကွေးကစထွက် ဧရာဝတီတံတားကို ကူးပြီးတဲ့အခါ မင်းဘူးသွားတဲ့ဖက်နဲ့ မင်းလှသွားဖက်တဲ့ဆုံတဲ့ လမ်းဆုံကိုရောက်ပါတယ်။ ကျောင်းတော်ရာ၊ ရွှေစက်တော်၊ စလင်း၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်းတို့ကို သွားချင်ရင်တော့ မင်းဘူးသွားတဲ့ဖက် လိုက်ရပါ့မယ်။ မင်းလှဖက်ကနေဆိုရင်တော့ သရက် ကိုဆက်သွားလို့ရပါတယ်။ 
လမ်းဆုံအလွန်မှာ ခဏနားတုန်းကရိုက်ထားတဲ့ပုံပါ။


မဟာတန်းကျောင်းသူတွေထဲမှာ မင်းလှကတယောက်ပါပါတယ်။ ခရီးစဉ်ကို သူကဦးဆောင်တာပါ။ မင်းလှ ကိုအရင်မ၀င်ဘဲ မလွန်ကိုအရင်သွားပါတယ်။ မလွန်နဲ့ မင်းလှက ၄ မိုင်ဝေးပါတယ်။ မလွန်နဲ့ မင်းလှကြားက လှိုဏ်ဂူပါ။ အရင်က ဗိဿနိုးဘုရင်မ ပုန်းခဲ့တဲ့နေရာလို့ဆိုပါတယ်။ အခုဂူထဲမှာ ဆရာတော်တပါး သီတင်းသုဉ်းပါတယ်။


ဂူနဲ့မျက်နှာချင်းဆိုင်က ဆွမ်းစားကျောင်းမှ ရိုက်ထားတဲ့ပုံပါ။


ဂူထဲက ဆင်းတုတော်ပါ။

ဂူထဲက သွားလမ်းတွေပါ။

ဂူထဲမှာ အလင်းပေးတဲ့ system ကတော့ သိပ်အဆင်မပြေဘူးလို့ ထင်ပါတယ်။ မီးချောင်းတွေပိတ်လိုက်ရင် တော်တော်မှောင်သွားလို့ပါ။


မလွန်က မဟာနန္ဒာကန်မှာပါ။


မင်းလှပြန်ရောက်တော့ တော်တော်ဆာနေကြပါပြီ။ စားသောက်ဆိုင်မှာ ရိုက်ထားတဲ့ပုံပါ။

ထမင်းစားပြီးချိန်မှာတော့ မင်းလှခံတပ်ဆီသွားကြပါတယ်။

အပေါ်တက်ပြီး အတွင်းပိုင်းကို ရိုက်ထားတဲ့ပုံပါ။

ခံတပ်တ၀က်လောက်က ရေတိုက်စားလို့ ပါသွားပြီလို့ သိရပါတယ်။ အခုမြင်ရတဲ့ ကမ်းပါးက အစွန်ဆုံးပါပဲ။ ဟိုဖက်မှာ ဧရာဝတီမြစ်ပဲ ရှိတော့တယ်။

ခံတပ်အတွင်း အမှတ်တရ

အပြန်လမ်းမှာ ခဏနာတုန်း ရိုက်ထားတာပါ။
မင်းလှခံတပ်နဲ့ မျက်စောင်းထိုး ဟိုဖက်ကမ်းမှာ ဂွေးချောင်းခံတပ်ရှိတယ်လို့ ဆိုပါတယ်။ မင်းလှခံတပ်ထက် ကြီးပြီး တောင်အထဲမှာ သေချာဆောက်ထားကြောင်းသိခဲ့ရပါတယ်။

10 November, 2011

Only One Seminar for MRes

Students who credit in M.Sc can attend the one year M.Res (Master of Research) Course. For lower Burma students they give 2 seminars at Department of Mathematics, Yangon University and their supervisors give 1 seminar. So for lower Burma students, there are 3 times seminar give. For upper Burma students, they give only 2 seminars in Department of Mathematics, University of Mandalay. The first seminar held on November and the second one is in February. For this academic year 2011-2012, they need only one seminar in March according to  Department of Higher Education's order with phone. This is the latest news for M.Res students.

12 October, 2011

Image File & Windows 8

Windows 8 အစမ်းလေးရပြီးသကာလ အချိန်ရရင် ရသလို စမ်းသုံးပါတယ်။ သုံးရင်းနဲ့ Image File နဲ့ပတ်သက်တာလေးတခု သွားတွေ့ပါတယ်။ သဘောလည်း တော်တော်ကျမိပါတယ်။ အရင်က ကျွန်တော်တို့ Image File အတွက် Virtual Drive တွေတင်ပြီး သုံးခဲ့ကြရတာပါ။ အခု Windows 8 မှာတော့ Image File ကို Right Click လုပ်တာနဲ့ Mount ကတခါတည်းပါပါတယ်။ Mount ကိုရွေးလိုက်ရင် သူ့ဟာသူ Virtual Drive တခုလုပ်ပြီး အဲဒီထဲမှာ ထည့်ပေးပါတယ်။ ကျွန်တော်တော်တော် သဘောကျမိတဲ့ Feature လေးတခုပါ။

30 September, 2011

Windows 8

Windows 8 Developer Preview ကို ၂၈-၉-၂၀၁၁ နေ့ ညနေ ၄ - ၃၀ ခန့်အချိန်ကစတင်ကာ ဒေါင်းပါတယ်။ ဒီကြားထဲ မီးက လာလိုက် ပျက်လိုက်ဖြစ်နေတာကြောင့် ၃၀-၉-၂၀၁၁ နေ့ ညနေ ၃ နာရီခန့်မှာ ဒေါင်းတာပြီးဆုံးသွားပါတယ်။ ကွန်နက်ရှင်ကလည်း မကောင်းတာကြောင့် အဲဒီလောက် ကြာတာပါ။ ဒေါင်းပြီးရလာတဲ့ ISO ဖိုင်လေးကိုဖြန့် Boot DVD ရတော့ တင်ပြီးစမ်းပါတယ်။ Apple က ipad တို့ iphone တို့ပုံစံလုပ်ထားသဗျ။ မော်နီတာက touch screen ဖြစ်မယ်ဆိုရင် တော်တော်အဆင်ပြေမယ် ထင်ပါတယ်။ Screen ပေါ်က Game လေးတွေ ဖွင့်ကစားကြည့်ပြီး ပြန်မပိတ်တတ်လို့ Task Manager ခေါ်ပိတ်လိုက်ရပါတယ်။

18 September, 2011

ကျေးဇူးတင်လွှာ

မကွေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွင့်ဖြိုးမှုဌာနမှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာသင်တန်း နဲ့ အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ၉-၉-၂၀၁၁ တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ သင်တန်းကတော့ အောင်အောင် မြင်မြင် ပြီးသွားခဲ့ပါပြီ။ သင်တန်းကာလအတွင်း ကျွန်တော်တို့ကြုံခဲ့ရတဲ့ အခက်အခဲလေးတခုအကြောင်း ရေးမှာပါဗျာ။


ကျွန်တော်တို့ ကွန်ပျူတာသင်တန်းမှာ Internet & Email ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာနက် website တွေ ဘယ်လိုရှာဖွေကြည့်ရမယ်၊ email ဘယ်လိုပို့မယ် ဘယ်လိုလက်ခံမယ်၊ gtalk ဘယ်လိုသုံးတယ် ဆိုတာတွေကို သင်တဲ့သင်ခန်းစာ ပါပါတယ်။ တခြားသင်ခန်းစာတွေဖြစ်တဲ့ OS တို့ Office တို့သင်ရာမှာ ဘာပြဿနာမှ မပေါ်ပေမယ့် အဲဒီ email အကြောင်းသင်ရာမှာ ပြဿနာတက်ပါတယ်။

မနှစ်ကအခုလို emil အကြောင်းသင်စဉ်မှာ သင်တန်းသားတွေအတွက် သူတို့နာမည်နဲ့ email account တခုစီဖွင့်ပေးပြီး သင်ခဲ့တာပါ။ သင်တန်းသားတွေကို အဲဒီအကောင့်တွေ ပေးနိုင်ခဲ့ပါတယ်။ အခုနှစ်ပိုင်းမှာ gmail အကောင့်ဖွင့်ရာမှာ မရတော့ဘဲ ပြဿနာတစ်ခုစတက်ပါတယ်။ ကျွန်တော်တို့ဖက်က Query တွေပါလာတယ်။ အဲဒါက User တွေရဲ့ Privacy ကိုထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြန်ချက်နဲ့အတူ အကောင့်အသစ်ဖွင့်လို့ မရပါဘူး။ အောက်မှာပြထားတဲ့ပုံထဲက အတိုင်းပါပဲ။



အဲဒီလိုဖြစ်နေတာနဲ့ ကျွန်တော်တို့ ဒီကြားထဲ အကောင့်အသစ်ဖွင့်လို့ မရခဲ့ပါဘူး။ အခုနောက်ပိုင်းမှာတော့ အဲဒီလို မတွေ့တော့ပြန်ဘဲ၊ Activate လုပ်ဖို့ ဖုန်းနံပါတ်တောင်းတာတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံက ဖုန်းနဲ့ Activate လုပ်နိုင်တဲ့ စာရင်းထဲမှာ မပါတော့ ဘယ်လိုမှ အကောင့်အသစ် မဖွင့်နိုင်ခဲ့ပါဘူး။ သင်တန်းသားတွေကိုလည်း ကျွန်တော်တို့သင်ပေးချင်တယ်။ အကောင့်ကလည်း ဖွင့်မရတော့ ဘယ်လိုလုပ်မလဲ စဉ်းစားရပါတယ်။ ဒီနေရာမှာပြောစရာတခုရှိပါတယ်။ mail တွေက အများကြီးရှိတာပဲ။ gmail မရတော့ Yahoo က ymail ၊ Microsoft က hotmail အဲတာတွေနဲ့သင်ပေါ့လို့ပါ။ mail တွေအများကြီးရှိတာ မှန်ပါတယ်။ သင်လို့လည်းရပါတယ်။ အခုအပြင်မှာ gtalk နဲ့ပဲ talk နေကြတာလေ။ သူတို့ကလည်း gtalk နဲ့ Chatting လုပ်တာသင်ချင်ကြပါတယ်။


အဲဒီလိုဖြစ်နေချိန်မှာတော့ ကျွန်တော်က နိုင်ငံခြားရောက်နေတဲ့ မိတ်ဆွေတွေကို မျက်စိထဲပြေးမြင်ပါတယ်။ သူတို့ကို ကူကြပါဦးလို့ အပူကပ်ရပါတယ်။ သင်တန်းသားတွေနာမည်နဲ့ မဟုတ်ဘဲ နောင်လည်း သင်တန်းအတွက် ရေရှည်သုံးရအောင် chrd001.mgu@gmail.com ဆိုပြီး အကောင့်တွေ ဖွင့်ခိုင်းရပါတယ်။ ကျွန်တော်တို့သင်တန်းက သင်တန်းဆရာတွေဖြစ်တဲ့ ဦးခိုင်ဝါထန် က India ကမိတ်ဆွေဆီ၊ ဦးလှကျော်မင်းက Russia ကမိတ်ဆွေတွေဆီ ၊ ကျွန်တော်က London က မိတ်ဆွေဆီလှမ်း အကူအညီ တောင်းပါတယ်။ သူတို့တွေလည်း သူတို့တတ်နိုင်သလောက် ဝိုင်းကူကြပါတယ်။ အဲဒီကအကောင့်လေးတွေ ရှယ်ယာလုပ်သုံးကြရင်း သင်တန်းခရီးဆက်ခဲ့တာပါ။


တက်ညီလက်ညီ ကူညီခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်ဗျာ။

ပွင့်ပုံပွင့်နည်း ပြောင်းသွားခြင်း

ပြီးခဲ့တဲ့လလောက်က proxy setting ပြောင်းသွားပါတယ်။ ISP ကပြောင်းတာပါ၊ ပြောင်းသွားလို့ အရင်လိုပဲ ပိတ်ထားတဲ့ site တွေပြန်ပွင့်နေလောက်တယ်ဆိုပြီး စမ်းကြည့်မိပါတယ်။ ဟုတ်ပါတယ်။ အရင်လိုပဲ အကုန်ပြန်ပွင့်ပါတယ်။ အရင်အတွေ့အကြုံအရ မကြာခင်ပြန်ပိတ်မယ်လို့ ထင်နေမိပါတယ်။ အဲဒါလည်းဟုတ်နေပါတယ်။ တပတ်လောက်အကြာ အကုန်ပြန်ပိတ်ပါတယ်။ တနေ့ကတော့ ကိုယ့်ဘလော့ထဲကို အ၀င်မှာ ဘလော့က ပြန်ပွင့်နေတာတွေ့ရပါတယ်။ ဒီတခါပိတ်ပုံကို ကြည့်ရတာ blogspot နဲ့လုပ်တဲ့ဘလော့တွေကို အကုန်ပိတ်တာမဟုတ်ဘဲ ရွေးပိတ်တာကိုတွေ့ရပါတယ်။ အရင်ကတော့ ပိတ်ပြီဟေ့ဆိုရင် blogspot.com တွေအကုန်ပိတ်တာဗျ။ အခုဟာက နမူနာပြောရမယ်ဆိုရင် ပိတောက်မြေ ကပွင့်တယ်ဗျာ။ ဒေါက်တာလွမ်းဆွေ ကိုတော့ပိတ်ထားတာတွေ့ရပါတယ်။ ကျွန်တော့်ဘလော့လေးလည်း ပွင့်သဗျ။

25 April, 2011

Phzilla Addon


ကျွန်တော်တို့ ကိုယ်ကြည့်ချင်တဲ့ Site ကြည့်လို့မရခဲ့ရင် ဘယ်လိုကြိုးစားကြည့်ကြပါသလဲ။ ကျွန်တော် အရင်က Software တချို့နဲ့ Proxy ကျော်ပေးတဲ့ Page တချို့ကနေကြိုးစားကြည့်ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အခုပြောမယ့် Addon လေးကိုသဘောကျလို့ အဲဒါကိုပဲ သုံးဖြစ်ပါတယ်။ တော်တော် အဆင်ပြေပါတယ်။ သုံးရတာလည်းလွယ်ပါတယ်။ အောက်မှာပြထားတဲ့နေရာကနေ download လုပ်၊ ပြီးရင် install လုပ်ပြီး အလွယ်တကူသုံးယုံပါပဲ။










ကိုယ်သွားချင်တဲ့နေရာ သွားလို့မရရင် အဲဒီမျှားအစိမ်းလေးပြထားတဲ့နေရာမှာနှိပ်ပြီး ဆက်သွားနိုင်ပါတယ်။