တက္ကသိုလ်ဆရာ၊ ဆရာမများ ဘာတွေလုပ်ကြရသလဲ။ ကျွန်တော်အခုရောက်နေတဲ့ မကွေးတက္ကသိုလ်ကို အခြေခံပြီး ရေးမှာပါ။
ဧပြီလ -
၁ ရက်နေ့မှစတင်ကာ Code ပြုလုပ်ထားသော တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို စစ်ဆေးနေကြပါတယ်။ စစ်ဆေးအပြီး Coded Mark စာရင်းများကို ပါမောက္ခချုပ်ထံသို့ ပေးပို့ကြရပါသည်။ ထိုလုပ်ငန်းစဉ်မှာ ခန့်မှန်းချေ သြင်္ကန်အကြိုနေ့ထိ ဆောင်ရွက်ရတတ်ပါသည်။ ပါမောက္ခချုပ်နှင့် အောင်စာရင်းပြုစုရေးအဖွဲ့က ထိုအမှတ်စာရင်းများအားလုံးကို စုစည်းပြီး ညွှန်ကြားရေးမှူးချုပ်ထံ ဆက်လက်ပို့ကြရပါသည်။ ကုဒ်မခွာခင် မတ်လအတွင်း စစ်ဆေးခဲ့သော Day စာမေးပွဲ ရလဒ်များကို စစ်ခဲ့ကြရပါသည်။
၂၀ ရက်ကျော်ရက်များတွင် Code ခွာသည့်လုပ်ငန်းကို လုပ်ကြရပါသည်။ နောက်ဆုံးအပတ်အတွင်း အမှတ်များကို ပါမောက္ခချုပ်ထံသို့ ပေးပို့ကြရပါသည်။ ထို့ကြောင့် ဧပြီလတွင် တက္ကသိုလ်ဆရာ၊ ဆရာမများသည် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးသည့်ကိစ္စ ၊ Day စာမေးပွဲ ရလဒ်များကို စစ်သည့် ကိစ္စ များနှင့် ပတ်သက်ပြီး အချိန်ပေးကြရပါသည်။ ဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီ၊ သမိုင်း၊ စီးပွားရေးပညာ ဌာနများမှ ဆရာ၊ ဆရာမများအားလုံး အကြုံးဝင်ပါသည်။ ကျန် ဘာသာရပ်များဖြစ်သည့် စိတ်ပညာ၊ အရှေ့တိုင်ပညာ၊ ဥပဒေပညာ၊ မှ ဆရာ ဆရာမများသည် Day စာမေးပွဲ ရလဒ်များကို စစ်သည့် ကိစ္စ များနှင့် ပတ်သက်ပြီး အချိန်ပေးကြရပါသည်။
မေလ -
ဇွန်လ -
ဇူလိုင်လ -
သြဂုတ်လ -
စက်တင်ဘာလ -
အောက်တိုဘာလ -
နိုဝင်ဘာလ -
ဒီဇင်ဘာလ -
ဇန်နဝါရီလ -
ဖေဖော်ဝါရီလ -
မတ်လ -
No comments:
Post a Comment