18 October, 2012

ဆရာကြီး ဦးနက် နှုတ်ဆက်ပွဲ ဓါတ်ပုံ

မနေ့ညက ဆရာကြီးဦးနက် နှုတ်ဆက်ပွဲဓါတ်ပုံ အင်တာနက်မှာ တင်ထားတာရှိတယ် . . . ဘယ်လိုကြည့်ရမလဲဆိုပြီးဖုန်းဆက်မေးလာပါတယ်။ တင်ထားတာက Facebook Page တခုမှာပါ။ Facebook Page က Facebook Account ရှိမှ ကြည့်လို့ရမှာပါ။ မရှိသူတွေအတွက် ဒီမှာ တင်လိုက်တာ ဖြစ်ပါတယ်ခင်ဗျား။

Facebook Account ရှိပြီး မူရင်းနေရာကကြည့်လိုသူများ အောက်ပါလင့်မှာ ကြည့်နိုင်ပါကြောင်း။

http://www.facebook.com/photo.php?fbid=292044420884007&set=a.121224377966013.31994.121178721303912&type=3&src=http%3A%2F%2Fsphotos-h.ak.fbcdn.net%2Fhphotos-ak-ash4%2F457334_292044420884007_459090237_o.jpg&smallsrc=http%3A%2F%2Fsphotos-h.ak.fbcdn.net%2Fhphotos-ak-ash3%2F523052_292044420884007_459090237_n.jpg&size=1800%2C1200

07 October, 2012

iOS 6

ဒီနေ့မနက် မနေ့ညကဒေါင်းထားတဲ့ iOS 6 ရနေတာတွေ့လိုက်ပါတယ်။ ဒါနဲ့ပဲ တင်တယ်ပေါ့ဗျာ။ စတင်ခါစကတော့ ဟုတ်တိပတ်တိပဲ။ အဆင်ပြေနေတယ်ဗျ။ တော်တော်ကြာမှ တင်လို့မရပါဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီး restore mode ခေါ်လားမသိပါဘူးဗျာ။ အဲဒီရောက်သွားတယ်။ ဘာမှတော့သိပ်မစိုးရိမ်ဘူး။ အဆင်ပြေရင် ဆိုင်ပို့မယ်ဟလို့ စိတ်ကူးလေးနဲပေါ့။ အစိုးရိမ်ဆုံးကတော့ မိတ်ဆွေတွေရဲ့ ဖုန်းနံပတ် မှတ်ထားတာတွေ ပျောက်သွားမှာကိုပါ။

နောက်ဆုံးတော့ ဟိုလုပ်ဒီလုပ်နဲ့ပဲ အဆင်ပြေစွာ iOS 6 တင်ပြီးသွားပါတယ်။ ဖုန်းနံပတ်တွေလည်း အကုန်ပြန်ရပါတယ်ဗျာ။

06 October, 2012

World Teachers' Day


ကမ္ဘာ့ ဆရာများနေ့ ကျွန်တော်တို့ကျောင်းမှာ ဘာမှ မလုပ်ဖြစ်ပါဘူး။ မလုပ်ဖြစ်ဆို ဒီအချိန်က Day ကျောင်းသားကလည်း စာမေးပွဲပြီးလို့ မရှိတော့။ အဝေးသင်ပထမအသုတ်ကလည်း စာမေးပွဲဖြေနဲ့ပါ။ ညနေ သမီးလေးကို မူကြိုသွားကြိုတော့ မူကြိုရှေ့မှာ ဆိုင်းပုဒ်ထောင်ထားပါတယ်။ ကမ္ဘာ့ ဆရာများနေ့၊ ဆရာကန်တော့ပွဲ တဲ့။ ကလေးတွေက ဆရာတွေကို ကန်တော့၊ ဆရာတွေက မုန့်ပြန်ကျွေးနဲ့ပါ။ မြင်ခဲ့ရတာ တော်တော်ကြည်နူးမိပါတယ်ဗျာ။

21 July, 2012

သင်္ချာ ဘာနဲ့ ရိုက်မလဲ

တကမ္ဘာလုံးမှာ အများစုက သင်္ချာရိုက်ရန် Latex ကိုအသုံးပြုပါတယ်။ Latex ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ သင်္ချာရိုက်ရန်လည်း အင်မတန် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ Latex နဲ့ သင်္ချာ Thesis ကို မရိုက်ဖို့ တရားဝင် တားဆီးခြင်း ခံခဲ့ရဖူးပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်တဲ့အကြောင်း အစွမ်းကုန် ငြင်းပါတယ်။ ကျွန်တော့်ဖက်က ရပ်တည်ပေးကြတဲ့ မုံရွာတက္ကသိုလ် ပါမောက္ခ ဌာနမှူး ဆရာကြီး ဒေါက်တာဇော်မြင့်၊ မန္တလေးတက္ကသိုလ်က ပါမောက္ခ ဆရာမကြီး ဒေါက်တာဥမ္မာ တို့ကို အထူး ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ဖြစ်သင့်ဖြစ်ထိုက်တဲ့ မိမိ နှစ်သက်ရာသုံး ရိုက်နိုင်သည်ဟု ဆုံးဖြတ်ပေးခဲ့သော မန္တလေးတက္ကသိုလ်က ပါမောက္ခ ဌာနမှူး ဆရာကြီး ဒေါက်တာသက်ခိုင် ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပါ။


ပြဿနာအစမှာ Thesis ရိုက်လျှင် Microsoft Word နှင့်ရိုက်ပါဟု စတင်ပြောဆိုချိန်က စပါသည်။ ကျွန်တော်ကတော့ Microsoft Word အခမဲ့ Software မဟုတ်ကြောင်း သာမာန်စာစီစာရိုက်အတွက် အသုံးဝင်သော်လည်း သင်္ချာရိုက်ဖို့ အဆင်မပြေလှကြောင်း၊ နောက် မိမိတို့သည် Microsoft ၏ ကြော်ငြာ ကိုယ်စားလှယ်များမဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။ ဆရာကြီးတဦးက Wordသည်ကွန်ပျူတာ ဝယ်လျှင် တခါတည်းပါလာမည်ဖြစ်ကြောင်း သူ့အမြင်ကို ပြောဆိုပါတယ်။


နောက်ဆုံး အနှစ်ချုပ်ရမည်ဆိုပါက အဓိကပြဿနာမှာ ကွန်ပျူတာစဝယ်ကတည်းက ပါလာသော Softwareများသည် အလကားရသော Software များဟု ထင်နေကြသောကြောင့်လည်းဖြစ်ပါသည်။

10 April, 2012

အလုပ်များသော မတ် လ

မတ်လဟာ ပုံမှန်နှစ်တွေမှာလည်း အလုပ်များလေ့ရှိပါတယ်။ ဒေးကျောင်းသားတွေ စာမေးပွဲ၊ တက္ကသိုလ်ဝင် စာမေးပွဲ၊ မဟာသုတေသနသင်တန်းသားတွေအတွက် ကျမ်းခုခံပွဲ ရှိပါတယ်။ ဒီနှစ်က ပိုအလုပ်များခဲ့ကြပါတယ်။ ကျူတာခေါ်မယ်လို့ သတင်းတွေက ထွက်နေတော့ မဟာသိပ္ပံသင်တန်းသားတွေအတွက်လည်း ကျမ်းခုခံပွဲကို အပြီးလုပ်ကြဖို့ စိုင်းပြင်းရပါတယ်။
မဟာသင်တန်းသားတွေရဲ့ ကျမ်းခုခံပွဲကို ဧပြီနဲ့မေလတွေမှာ လုပ်ခွင့်ရှိတာကြောင့် ဧပြီ ၁ မှာလုပ်ဖို့ ဆင်ရပါတယ်။ ကျူတာခေါ်ရင် အဆင်သင့်ဖြစ်နေအောင်ပါ။ အဲဒီကျောင်းအလုပ်တွေအပြင် ကိုယ်က ဓါတ်ပုံရိုက်တာဝါသနာပါတော့ ကိုယ့်မြို့ကထူးထူးခြားခြားဖြစ်ရပ်တွေအတွက် ဓါတ်ပုံလည်း လိုက်ရိုက်မိပါသေးတယ်။
 ကျေနပ်မိတာတခုက အလုပ်တွေများနေတဲ့ကြားထဲက မတ်လ ၃၁ ရက်နေ့မှာ ရွှေစက်တော်ကို ရောက်အောင်သွားလိုက်ရတာပါပဲ။ မောခဲ့ရသမျှတွေ အမောပြေခဲ့ပါတယ်။
ဝမ်းနည်းမိတာက မတ်လတလလုံး Post တခုမှ မတင်လိုက်နိုင်တာပါပဲ။

18 February, 2012

MRes သင် တန်း သား များ ဘာ ကြောင့် လျော့ နည်း လာ သ နည်း ?

ဒီနှစ် မန်းမှာစာတမ်းသွားဖတ်တော့ MRes လို့ခေါ်တဲ့ မဟာသုတေသန သင်တန်းသားအရေအတွက် မနှစ်ကရဲ့ ထက်ဝက်လောက်သာရှိတာကို တွေ့ရပါတယ်။
မဟာသုတေသန လုပ်ဖို့ဆိုရင် မဟာတန်းမှာ အထူးအောင် (Credit) ရခဲ့ရမှာဖြစ်ပါတယ်။ ကျောင်းသက်ကိုပြန်ကြည့်ကြရအောင်ပါ။
ဂုဏ်ထူးတန်းသမားက ဂုဏ်ထူးတန်းဘွဲ့အတွက် (၄) နှစ်၊ မဟာဘွဲ့က (၂) နှစ် စုစုပေါင်း (၆) နှစ်ကျောင်းသက်ရှိပြီးသူတွေပါ။
ရိုးရိုးဘွဲ့သမားဆိုရင် ရိုးရိုးဘွဲ့က (၃) နှစ်၊ မဟာအရည်အချင်းစစ်တန်းက (၁) နှစ်၊ မဟာတန်းက (၂) နှစ်။ သူတို့လည်း ကျောင်းသက် (၆) နှစ်ရှိပြီးသူတွေဖြစ်ပါတယ်။
အဲလိုကျောင်းသက်ရှိပြီးသူတွေအဖို့ မဟာသုတေသနအတွက် (၁) နှစ်ဆိုတဲ့အချိန်ဟာ ဘာမှမပြောပလောက်တော့ပါဘူး။ အချိန်အတွက် မဟုတ်ရင် ဘာဖြစ်လို့ ဒီ(၁)နှစ်ထဲနဲ့ ဘွဲ့ ၁ ဘွဲ့ရမယ့်ကိစ္စကို ဆက်မလုပ်ကြတာပါလဲ။ မဟာတန်းကို ပြီးအောင်တက်ကြတဲ့သူတွေဟာ ကျွန်တော်တို့ဖက်ကို တော်တော်ပါလာပြီးသားသူတွေပါ။ ဆရာ ဆရာမလုပ်ပြီး ကျောင်းထဲပြန်ဝင်ဖို့ကြိုးစားမယ့်သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကိုယ့်ဖက်ပါအောင် ဆွဲခေါ်ကြရမှာဖြစ်ပါတယ်။
တခုမေးစရာရှိမှာပါ။ မဟာမှာ အထူးအောင် မရကြလို့လား။ အဲဒါလည်းမဟုတ်ဘူးဗျ။ ဒီတခေါက်မန်းမှာ မုံရွာက သင်္ချာပါမောက္ခ ဌာနမှူး ကိုမေးကြည့်တော့ သူတို့ အထူးအောင်ပေးထားတာ ၂၀ ကျော်တယ်တဲ့။ တယောက်မှ မလုပ်ကြတာပါတဲ့။ ကျွန်တော်တို့မကွေးမှာလည်း ၂၀ လောက်အထူးအောင်တာ ၈ ယောက်ပဲလုပ်ပါတယ်။ တကယ်က ၇ ယောက်ပါ။ တယောက်က မနှစ်ကတည်းကလုပ်ခွင့်ရတာ မလုပ်ဘဲ ဒီနှစ်မှ လုပ်လို့ပါ။
ဒီလိုလူတွေကို ဘာတွေက အတားအဆီးဖြစ်နေလို့ မဟာသုတေသန ဆက်မတက်ကြတာလဲဆိုတာ ကျွန်တော်တို့ အဖြေရှာကြရမှာဖြစ်ပါတယ်။ စာလုပ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့ သူတို့လုပ်နိုင်အောင် တွန်းအားပေးကြရမှာပါ။

16 February, 2012

ဒေါင်း

မေမြို့ရောက်တော့ ရုက္ခဗေဒဥယျာဉ်(ကန်တော်ကြီး) ဆီသွားဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ဒေါင်း တွေကို သမီးကြီးရိုက်ထားတာပါ။ ကျွန်တော်ကတော့ မောမောနဲ့ မြက်ခင်းပေါ်မှာ လဲလျောင်းရင်းကျန်ခဲ့ပါတယ်။ အသက်အရွယ်က စကားပြောလာပီလေ။ စိတ်သွားတိုင်း ရုပ်ကသိပ်မပါချင်တော့ဘူးဗျ။



07 February, 2012

စက္ကိန်းတဲ နဂါးပွက်တောင် ရှင်မင်းပူး

စိတ်ပြေလက်ပျောက် ဟိုနားဒီနားသွားဖြစ်ခဲ့ပါတယ်။ မင်းဘူးက စက္ကိန်းတဲစေတီတော်မြတ်ကြီးဆီပါ။



စက္ကိန်းတဲစေတီတော်မြတ်ကြီးဟာ မကွေးဖက်က မြသလွန်စေတီတော်မြတ်ကြီးနဲ့ တည့်တည့်လို့ ဆိုကြပါတယ်။




အဲဒီကမှတဆင့် နဂါးပွက်တောင်ဆီသွားကြပါတယ်။




ပွက်နေတဲ့ ရွှံတွေကအေးအေးလေးပါ။ မပူပါဘူး။

နောက် ရှင်မင်းပူးစေတီတော်မြတ်ကြီးဆီ ခရီးဆက်ပါတယ်။


ဒေသခံများပြောပြတာကတော့ ရှင်မင်းပူးစေတီတော်မြတ်ကြီးကို တည်ခဲ့သူက မမင်းပူးလို့ဆိုပါတယ်။ ဘုရင်စလေငခွေးဖြစ်မယ့် မင်းလောင်း လှေထိုးသားဘဝနဲ့ အဲဒီဒေသရောက်တော့ မမင်းပူးက အကြော်သည်ပါတဲ့။ အကြော်စားရင်း ဗေဒင်ဟောတော့ စလေငခွေးကို ဘုရင်သေချာပေါက်ဖြစ်မယ်လို့ဟောပါသတဲ့။ ဘုရင်ဖြစ်ရင်သူ့ကို မမေ့ဖို့လည်းပြောတယ် ဆိုပါတယ်။ အတိုချုပ်ရရင် စလေငခွေး ဘုရင်ဖြစ်တယ်ပေါ့ဗျာ။ မမင်းပူးကို မေ့တယ်ပေါ့။ အဲဒါနဲ့ စိတ်နာပြီး စေတီတည်၊ လုပ်ကြံဖို့ ယန္တယားဆင်ပြီး ဘုရင်စလေငခွေးကို ဖိတ်သတဲ့။ ဘုရင်စလေငခွေးကလည်း ဖုန်းကံကြီးတဲ့အလျှောက် စေတီသွားတဲ့လမ်းမှာ ညောင်ကိုင်းက ခေါင်းပေါ်က အဲဒါဘာခေါ်ရမလဲ။ ဘုရင်ဆောင်းတဲ့ ခေါင်းပေါ်ကဟာကိုညိသတဲ့။ အဲလိုဖြစ်တာကို ပညာရှိတွေကိုမေးတော့ စေတီထဲကို အဝင်ပဲတွေ့ပြီး အထွက်မတွေ့ပါဘူးလို့ဟောပါတယ်။ အဲဒါနဲ့ ဆိတ်ကိုစေတီတော်ထဲစမ်းလွှတ်ကြည့်တာ အပိုင်းပိုင်းပြတ်ပြီးသေတယ်တဲ့။ ဘုရင်က မမင်းပူးနဲ့ အမျိုးတော်တဲ့သူတွေအားလုံး သူကောင်းပြုမယ်ဆိုပြီး ခေါ်ပါတယ်။ အရင်းရော အဖျားရော အကုန်လာကြတယ်။ ကျင်းတူးခိုင်းပါတယ်။ ကျင်းနဲ့အပြည့် ရတနာပေးမယ်လို့ပြောပြီးတော့ပါ။ ကျင်းတူးပြီးကြချိန်မှာတော့ အားလုံးကျင်းထဲဆင်းခိုင်း ခေါင်းပဲဖော်ခိုင်းထားပြီး သံဂျစ်နဲ့ဆွဲပြီး သတ်ပစ်တယ်လို့ ပြောပြပါတယ်။ တချို့ပြောတာက မမင်းပူးကို မိဘုရားမြှောက်ဖြစ်တယ်။ စေတီထီးအတင်မှာ ဘုရင်မလာလို့ အညှိုးထားပြီးလုပ်ကြံဖို့လုပ်တာလို့ ဆိုကြပါတယ်။ ဘယ်ဟာမှန်လဲ ကျွန်တော်လည်းမသိပါ။ ကြားခဲ့ရတာတွေကို ပြန်ပြောပြခြင်းသာဖြစ်ပါတယ်။ အဲဒီကနေမှ မကွေးကိုပြန်ခဲ့ကြပါတယ်။

31 January, 2012

message လေးတခု

ဒီနေ့ ဖုန်းထဲကို အောက်ပါအတိုင်း message တခုဝင်လာပါတယ်။ ပို့တဲ့နံပါတ်က 18813 ပါတဲ့။
If you use GSM repeater without licence, remove immediately. Omitting shall dealt with according to law. (MCPT)
အဲလိုဖော်ပြထားတဲ့ message ပါ။

29 January, 2012

ကြေညာတာအဲလိုလုပ်ရသလား

ဒီနေ့အင်တာကိုင်ဖို့ရာ Browser ဖွင့်တော့ Home Page ထားတဲ့ Google ကတက်မလာဘဲ ဒီအသိပေး တင်ပြချက်ဆို တာကြီးက အရင်တက်လာတယ်။



ဒါ နမူနာအနေနဲ့ ပြလိုက်တာပါ။ စာကအောက်မှာ အရှည်ကြီးကျန်သေးတယ်။ Accept နှိပ်ကာမှ ကိုယ့် Home Page ကိုရောက်တယ်။ ဘာလဲဗျာ။ အသိပေးချင်ရင် တခြားနည်းနဲ့ အသိပေးပါလား။ စိတ်ဝင်စားတဲ့သူတွေအတွက် အသိပေးချက်က အကျိုးရှိကောင်းရှိနိုင်ပေမယ့်  စိတ်မဝင်စားတဲ့ ကျွန်တော်တို့လိုလူများအတွက် အင်မတန် အနှောင့်အယှက်ဖြစ်ရပါတယ်။ စိတ်လေတယ်ဗျာ။

23 January, 2012

Win - Win တဲ့လား

Win - Win ဆိုတာ Game Theory မှာ John Nash သေချာလုပ်ခဲ့တဲ့အပိုင်း ဖြစ်ပါတယ်။ သူမနာ ကိုယ်မနာပေါ့ဗျာ။ အရင် Von Nuemann တို့ အများကြီးလုပ်ခဲ့တာက zero sum အပိုင်းပါ။ zero sum ဆိုတာက 1 - 0 ဆိုရင် ကိုယ်ကအပြည့်နိုင်ပြီး 0 - 1 ဆိုရင်တော့ ကိုယ်က အပြည့်ရှုံးတဲ့ပုံစံပါ။ နောက်ပိုင်းမှာ John Nash လုပ်ခဲ့တဲ့ Win - Win အိုင်ဒီယာဟာ အင်မတန် develop ဖြစ်လာပြီး ၂ ဦး ၂ ဖက် ဆက်ဆံတဲ့ နယ်ပယ်တွေမှာ အလွန်အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါကလည်း 2 person game ပေါ်မှာ အခြေခံပြောတာပါ။ 2 person ထက်ပိုတဲ့ နေရာမှာလည်း သုံးကြပါတယ်။ သုံးတာက အရေးမကြီးပါဘူး။ ကျွန်တော်တို့က Win - Win ပဲ စဉ်းစားတာပါလို့ပြောရင် နားထောင်လို့ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် နောက်ကွယ်က ဘယ်သူက ဘယ်လောက် Win မှာလည်းဆိုတာ ဒီနေရာမှာ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်က ၉၉.၉၉၉၉ Win ဗျာ။ ခင်ဗျားတို့က ဝ.၀၀၀၁ Win ပေါ့ လို့ ဖြစ်နေရင် ဘယ်လိုလုပ်ကြမှာတုန်း။ Win - Win ကတော့ ဖြစ်နေတာပဲလေ။

အမှားကြီးထဲမှာ

အမှားကြီးထဲမှာ အမှန်လေးတွေ ရှိနေနိုင်ပါသလား။

သက်သေပြချက်။

မရှိနိုင်ပါ။ ဘာဖြစ်လို့လဲဆိုရင် X ကို အမှားတွေစုထားတဲ့အစုလို့ ဆိုပါစို့။ အမှားတွေစုထားတဲ့အစု ဖြစ်နေတာကြောင့် X ထဲက ဘာကိုယူယူ (ဘယ်element ကိုယူယူ) အမှားတွေပါ။ ထို့ကြောင့် အမှားကြီးထဲမှာ အမှန်လေးတွေ ရှိနေနိုင်မှာ မဟုတ်ပါဘူး။

အမှားကြီးထဲမှာ အမှန်လေးတွေရှိဦးမယ်ထင်ပြီး ရှာချင်သူများသို့ ရည်ရွယ်ပါတယ်။

20 January, 2012

ဆိုင်ကယ်စီးသူများ ဦးထုပ်ဆောင်းကြပါ

၁၆-၁-၂၀၁၂ နေ့ည ၇-၀၀ နာရီ 

မနက်ဖြန် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဂုဏ်ပြုလက်မှတ်တွေ အပြီးသတ်ဖို့ လုပ်နေချိန် ဖုန်းသတင်းတခုဝင်လာပါတယ်။ ညနေက ပထမနှစ် သင်္ချာကျောင်းသူတယောက် ဆိုင်ကယ် မတော်တဆဖြစ်ပြီး ဆေးရုံပေါ်ရောက်နေတယ်၊ ပါမောက္ခချုပ်ရော သင်္ချာ ပါမောက္ခဌာနမှူးပါ ဆေးရုံမှာတဲ့။ သတိမရဘူး၊ မန္တလေးကိုပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ထပ်ပြီးသိရတာက အဲဒီနေ့ညနေမှာ GTU ကဆရာတယောက် လည်း ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဆေးရုံရောက်နေသတဲ့။ သူလည်း သတိမရလို့ မန္တလေး ပို့မယ်ပြောပါတယ်။ နှစ်ယောက်လုံး မန္တလေးကိုပို့ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့သတင်းကြားရတာ နှစ်ယောက်လုံး ဆုံးပြီတဲ့။ နှစ်ယောက်လုံးက ခေါင်းမှာ ဒဏ်ရာရကြတာပါ။ ဆိုင်ကယ်စီးဦးထုပ်သာပါရင် ဆိုတဲ့အတွေးတခု ကျွန်တော့်ရင်ထဲ ဝင်ရောက်လာပါတယ်။ စိတ်မကောင်းလည်း တော်တော်ဖြစ်မိပါတယ်။ စိတ်မကောင်းလို့ ဘာဆက်ရေးရမှန်းလဲ မသိတော့ဘူးဗျာ။ အားလုံး ယာဉ်အန္တရာယ်ကင်းဝေးကြပါစေဗျာ။

10 January, 2012

Scribd

အရင်တခါ ပိတ်သွားပြီလို့ ပြောဖူးတဲ့ scribd.com ဒီနေ့ပြန်ပွင့်နေတာတွေ့ရပါတယ်။ ကျွန်တော်တို့တွေ စာအုပ်နဲ့ပတ်သက်လို့ အားကိုးအားထားလုပ်နေတဲ့ site ပါ။ တယောက်နဲ့တယောက် ဖိုင်တွေ share လုပ်ရာမှာလည်း အင်မတန်အသုံးဝင်တဲ့ site ဖြစ်ပါတယ်။

03 January, 2012

ဖုန်းတလုံး ၅၀၀၀ တဲ့လား

ဖုန်းတလုံး ၅၀၀၀ တဲ့လား။ ဝါးဟားဟား။ ဆရာတာရဲ့ လက်သုံးစကားယူသုံးတာပါ။ ဖုန်းတလုံး ဘယ်လောက်ဆိုတာကလည်း သူ့ဟာနဲ့သူ အရေးပါသလို ကွန်နက်ရှင် ဘယ်လောက်ကောင်း မကောင်းဆိုတာကလည်း အရေးပါသဗျ။ ၅ သိန်းတန် GSM အဖေ ရဖူးတယ်။ ၁၀ သိန်းတန် GSM အမေနဲ့ ညီမတွေရဖူးတယ်။ ၁၅ သိန်းတန် GSM ကိုယ်တိုင်ရဖူးတယ်။ မိဘများက ဝယ်ပေးလို့ ကိုင်နိုင်တာပါ။ ကိုယ်ဟာနဲ့ကိုဆို စားဝတ်နေရေးအတွက် လုံးချာလည်လိုက်နေတာ ၁၅ သိန်းတန်ဘယ်လိုလုပ် ကိုင်နိုင်မှာတုန်း။ ဘာထူးလဲဆိုတော့ ဈေးပဲထူးပါတယ်။ ပိုတော့ ကောင်းလာတယ်လို့မတွေ့ရပါ။ ကွန်နက်ရှင်မှ မကောင်းရင် ဘယ်ဈေးနဲ့ဝယ်ထားတဲ့ဖုန်းဖြစ်နေပါစေ ဘယ်လိုမှ သုံးမကောင်းပါဘူး။ ဖုန်းလာရင် လွင်ပြင်ထွက်ပြီး ကြားရပီလား ကြားရပီလား အော်ရတဲ့ဒုက္ခ ကင်းနိုင်ကြပါစေ။

မလိုတာတွေလုပ်ရင်

ကိစ္စတော်တော်များများမှာ ကျွန်တော်တို့က စပါတယ်ဆိုတဲ့ကိစ္စ တော်တော်နည်းခဲ့ပါတယ်။ သူများတွေ လုပ်ပြီးသား၊ သွားပြီးသားလမ်းကြောင်းတွေကို ကျွန်တော်တို့ လျှောက်နေကြတာပါ။ အဲဒီနေရာမှာ သူတို့လုပ်ရပ်တွေကိုကြည့်ပြီး ကောင်းတာယူ မကောင်းတာပယ် ဖြည့်သင့်တာဖြည့် အသာလေး ဖောလိုလိုက်ရမှာကို ဘာဖြစ်လို့ လျှောက်စမ်းနေတယ်ဆိုတာ နားလည်ဖို့တော်တော်ခက်တဲ့ ကိစ္စပါ။ အစမ်းသပ်ခံဘာ အစမ်းသပ်ခံညာ လာမလုပ်ကြပါနဲ့။ စမ်းရအောင် ကျွန်တော်တို့တတွေက ယုန်လေးတွေ ပူးလေးတွေမဟုတ်ပါဘူး။ ဆေး ဆိုရင် ဆင်ပယ် မသောက်ပါဘူး။ ဆော့ဝဲလ် ဆို ဘီတာမသုံးဘူး။ (တကယ်ထွက်မှ ခိုးသုံးပါတယ်) စမ်းစရာမဟုတ်တဲ့ကိစ္စကို စမ်းနေရင် ဘယ်တော့မှရှေ့ရောက်မှာ မဟုတ်ပါဘူး။ မလိုတာတွေလုပ်နေရင် လိုတာလုပ်ဖို့ အချိန်ရှိမှာမဟုတ်ပါဘူး။

01 January, 2012

Happy New Year

New Year ညကို နှစ်တိုင်းလိုပဲ ပါမောက္ခချုပ်ဆရာကြီး၊ လုပ်ဖော်ကိုင်ဖက်ဆရာဆရာမများ၊ မဟာသုတေသနကျမ်းပြု၊ မဟာဘွဲ့ကျမ်းပြုတပြည့်များနဲ့ တစုတဝေး ကျော်ဖြတ်ခဲ့ကြပါတယ်။

ခေါက်ဆွဲကျော်၊ အသားချောင်းကျော်၊ တုန်ယန်ဟင်းချို၊ ဝိုင်၊ ကော်ဖီ တို့ကို ချက်ပြုတ်စားသောက်ရင်းနဲ့ပါ။

နေ့ခင်းဖက်မှာတော့ မဟာဘွဲ့ကျမ်းပြုမျိုးဝင်းထွေးချက်တဲ့ ကြက်သားနဲ့ ဘူးသီးဟင်းစားရင်း ဆောင်ရွက်ဖွယ်ရှိသည်များကို ကြိုတင်ပြင်ဆင်ကြပါတယ်။



တုန်ယန်ဟင်းချိုကို ကျွန်တော်ချက်ပါတယ်။ ခေါက်ဆွဲကျော်ကတော့ မဟာသုတေသနကျမ်းပြုကျောင်းသူ ငွေသော်တာအေး လက်ရာပါ။ အသားတုချောင်းတွေကိုတော့ ကျွန်တော့်ညီမကျော်ပါတယ်။




ဆရာထိန်လင်းအောင်ရဲ့သီဆိုဟန်ဖြစ်ပါတယ်။

ဒါကတော့ ဆရာအောင်မင်းပါ။

ပါမောက္ခချုပ်လည်း မအားတဲ့ကြားက လာသွားပါတယ်။

ပျော်ပျော်ပါးပါးစားသောက်နေကြချိန်မှာ မပျော်နိုင်တဲ့သူတွေလည်းရှိပါတယ်။ သူတို့အသင်း မန်ယူက ဘလက်ဘန်းကို ရှုံးနေလို့ပါ။ စိတ်ဖြောင့်ဖြောင့်မစားနိုင်ကြပါဘူး။ စားရင်းဘောလုံးပွဲကို လှမ်းငေးကြပါတယ်။



ဆရာလှကျော်မင်းလည်းရောက်လာပါတယ်။ မောမောပန်းပန်းနဲ့ ဘာမှမစားနိုင်ရှာပါဘူး။ ပွင့်ဖြူအထိ ဖွန်သွားကြောင်ရာက ပြန်ရောက်လာလို့ပါ။

တပျော်တပါးဂိမ်းဆော့ကြပါသေးတယ်။


သူတို့ဂိမ်းဆော့ချိန်မှာတော့ ကျွန်တော်က အာဆင်နယ်ပွဲ သွားငေးပါတယ်။ ဂိမ်းဆော့အပြီးမှာ သီချင်းတွေဆို ည ၁၂ နာရီထိုးချိန်မှာ ABBA အဖွဲ့ရဲ့ Happy New Year သီချင်းဖွင့်ပြီး Happy New Year လို့အော်ကြပါတယ်။ ဆက်ပြီးသီချင်းဆိုတဲ့သူကဆို ဗိုက်ဆာတဲ့သူက ထပ်စားနဲ့ ၁နာရီ ခွဲလောက်မှာ နားကြပါတယ်။ ကလေးတွေကိုပျော်အောင်လုပ်ပေးတဲ့ပွဲဆိုပေမယ့် သူတို့အပျော်တွေ ကိုယ့်ကိုကူးစက် ကိုယ်လည်းပျော်ရပါတယ်။