24 April, 2014

ချစ်သူ သူ့ကိုပစ်ခွာသွားလေပြီ။

(November 18, 2011 at 11:29 pm) က ရေးထားခဲ့တာပါ။ Facebook Note ထဲကနေ ဘလော့ထဲ ရွေ့ထားတာပါခင်ဗျား။
ဒီနေ့မနက် အိမ်ကထွက်လာတော့ စိတ်တော်တော်လေးနေမိပါတယ်။ ဖြစ်တော့မယ်ဆိုတာလည်း သိနေတယ်။ ဘေးတီးသံတွေ တောခြောက်သံတွေ ချော့မြှူသံတွေနဲ့အတူ ... ၊ အမြဲမခွဲစတမ်း အတူလျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ မဝံ့မရဲ ယုံကြည်ထားတာတွေ...။
အင်တာနက်မကိုင်ချင်ဘူး... မတွေ့ချင်မမြင်ချင် မကြားချင်တာတွေ ကြားရတော့မယ် မြင်ရတော့မယ်ဆိုတာ သေချာတယ်။
မျှော်လင့်စိတ်လေး တည်းတည်းလေးနဲ့ပဲ Facebook ကိုဖွင့်ပါတယ်။ ချစ်သူရဲ့ Facebook ကိုသွားကြည့်တော့ In a relationship with ဆိုတဲ့နေရာမှာ တခြားသူနာမည်ဖြစ်သွားပါပြီ။
ချစ်သူ သူ့ကိုပစ်ခွာသွားလေပြီ။
စိတ်မပျက်ပါဘူး။ စိတ်မကောင်းအတော်ဖြစ်မိပါတယ်။
ချစ်သူစွန့်ခွာသွားခြင်းခံရသူ တဦးရဲ့ ရင်ဖွင့်သံကို တင်ထားတာပါ။

No comments: