မတ်လဟာ ပုံမှန်နှစ်တွေမှာလည်း အလုပ်များလေ့ရှိပါတယ်။ ဒေးကျောင်းသားတွေ စာမေးပွဲ၊ တက္ကသိုလ်ဝင် စာမေးပွဲ၊ မဟာသုတေသနသင်တန်းသားတွေအတွက် ကျမ်းခုခံပွဲ ရှိပါတယ်။ ဒီနှစ်က ပိုအလုပ်များခဲ့ကြပါတယ်။ ကျူတာခေါ်မယ်လို့ သတင်းတွေက ထွက်နေတော့ မဟာသိပ္ပံသင်တန်းသားတွေအတွက်လည်း ကျမ်းခုခံပွဲကို အပြီးလုပ်ကြဖို့ စိုင်းပြင်းရပါတယ်။
မဟာသင်တန်းသားတွေရဲ့ ကျမ်းခုခံပွဲကို ဧပြီနဲ့မေလတွေမှာ လုပ်ခွင့်ရှိတာကြောင့် ဧပြီ ၁ မှာလုပ်ဖို့ ဆင်ရပါတယ်။ ကျူတာခေါ်ရင် အဆင်သင့်ဖြစ်နေအောင်ပါ။ အဲဒီကျောင်းအလုပ်တွေအပြင် ကိုယ်က ဓါတ်ပုံရိုက်တာဝါသနာပါတော့ ကိုယ့်မြို့ကထူးထူးခြားခြားဖြစ်ရပ်တွေအတွက် ဓါတ်ပုံလည်း လိုက်ရိုက်မိပါသေးတယ်။
ကျေနပ်မိတာတခုက အလုပ်တွေများနေတဲ့ကြားထဲက မတ်လ ၃၁ ရက်နေ့မှာ ရွှေစက်တော်ကို ရောက်အောင်သွားလိုက်ရတာပါပဲ။ မောခဲ့ရသမျှတွေ အမောပြေခဲ့ပါတယ်။
ဝမ်းနည်းမိတာက မတ်လတလလုံး Post တခုမှ မတင်လိုက်နိုင်တာပါပဲ။
10 April, 2012
18 February, 2012
MRes သင် တန်း သား များ ဘာ ကြောင့် လျော့ နည်း လာ သ နည်း ?
ဒီနှစ် မန်းမှာစာတမ်းသွားဖတ်တော့ MRes လို့ခေါ်တဲ့ မဟာသုတေသန သင်တန်းသားအရေအတွက် မနှစ်ကရဲ့ ထက်ဝက်လောက်သာရှိတာကို တွေ့ရပါတယ်။
မဟာသုတေသန လုပ်ဖို့ဆိုရင် မဟာတန်းမှာ အထူးအောင် (Credit) ရခဲ့ရမှာဖြစ်ပါတယ်။ ကျောင်းသက်ကိုပြန်ကြည့်ကြရအောင်ပါ။
ဂုဏ်ထူးတန်းသမားက ဂုဏ်ထူးတန်းဘွဲ့အတွက် (၄) နှစ်၊ မဟာဘွဲ့က (၂) နှစ် စုစုပေါင်း (၆) နှစ်ကျောင်းသက်ရှိပြီးသူတွေပါ။
ရိုးရိုးဘွဲ့သမားဆိုရင် ရိုးရိုးဘွဲ့က (၃) နှစ်၊ မဟာအရည်အချင်းစစ်တန်းက (၁) နှစ်၊ မဟာတန်းက (၂) နှစ်။ သူတို့လည်း ကျောင်းသက် (၆) နှစ်ရှိပြီးသူတွေဖြစ်ပါတယ်။
အဲလိုကျောင်းသက်ရှိပြီးသူတွေအဖို့ မဟာသုတေသနအတွက် (၁) နှစ်ဆိုတဲ့အချိန်ဟာ ဘာမှမပြောပလောက်တော့ပါဘူး။ အချိန်အတွက် မဟုတ်ရင် ဘာဖြစ်လို့ ဒီ(၁)နှစ်ထဲနဲ့ ဘွဲ့ ၁ ဘွဲ့ရမယ့်ကိစ္စကို ဆက်မလုပ်ကြတာပါလဲ။ မဟာတန်းကို ပြီးအောင်တက်ကြတဲ့သူတွေဟာ ကျွန်တော်တို့ဖက်ကို တော်တော်ပါလာပြီးသားသူတွေပါ။ ဆရာ ဆရာမလုပ်ပြီး ကျောင်းထဲပြန်ဝင်ဖို့ကြိုးစားမယ့်သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကိုယ့်ဖက်ပါအောင် ဆွဲခေါ်ကြရမှာဖြစ်ပါတယ်။
တခုမေးစရာရှိမှာပါ။ မဟာမှာ အထူးအောင် မရကြလို့လား။ အဲဒါလည်းမဟုတ်ဘူးဗျ။ ဒီတခေါက်မန်းမှာ မုံရွာက သင်္ချာပါမောက္ခ ဌာနမှူး ကိုမေးကြည့်တော့ သူတို့ အထူးအောင်ပေးထားတာ ၂၀ ကျော်တယ်တဲ့။ တယောက်မှ မလုပ်ကြတာပါတဲ့။ ကျွန်တော်တို့မကွေးမှာလည်း ၂၀ လောက်အထူးအောင်တာ ၈ ယောက်ပဲလုပ်ပါတယ်။ တကယ်က ၇ ယောက်ပါ။ တယောက်က မနှစ်ကတည်းကလုပ်ခွင့်ရတာ မလုပ်ဘဲ ဒီနှစ်မှ လုပ်လို့ပါ။
ဒီလိုလူတွေကို ဘာတွေက အတားအဆီးဖြစ်နေလို့ မဟာသုတေသန ဆက်မတက်ကြတာလဲဆိုတာ ကျွန်တော်တို့ အဖြေရှာကြရမှာဖြစ်ပါတယ်။ စာလုပ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့ သူတို့လုပ်နိုင်အောင် တွန်းအားပေးကြရမှာပါ။

16 February, 2012
ဒေါင်း
မေမြို့ရောက်တော့ ရုက္ခဗေဒဥယျာဉ်(ကန်တော်ကြီး) ဆီသွားဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ဒေါင်း တွေကို သမီးကြီးရိုက်ထားတာပါ။ ကျွန်တော်ကတော့ မောမောနဲ့ မြက်ခင်းပေါ်မှာ လဲလျောင်းရင်းကျန်ခဲ့ပါတယ်။ အသက်အရွယ်က စကားပြောလာပီလေ။ စိတ်သွားတိုင်း ရုပ်ကသိပ်မပါချင်တော့ဘူးဗျ။
07 February, 2012
စက္ကိန်းတဲ နဂါးပွက်တောင် ရှင်မင်းပူး
စိတ်ပြေလက်ပျောက် ဟိုနားဒီနားသွားဖြစ်ခဲ့ပါတယ်။ မင်းဘူးက စက္ကိန်းတဲစေတီတော်မြတ်ကြီးဆီပါ။
စက္ကိန်းတဲစေတီတော်မြတ်ကြီးဟာ မကွေးဖက်က မြသလွန်စေတီတော်မြတ်ကြီးနဲ့ တည့်တည့်လို့ ဆိုကြပါတယ်။
အဲဒီကမှတဆင့် နဂါးပွက်တောင်ဆီသွားကြပါတယ်။
ပွက်နေတဲ့ ရွှံတွေကအေးအေးလေးပါ။ မပူပါဘူး။
နောက် ရှင်မင်းပူးစေတီတော်မြတ်ကြီးဆီ ခရီးဆက်ပါတယ်။
ဒေသခံများပြောပြတာကတော့ ရှင်မင်းပူးစေတီတော်မြတ်ကြီးကို တည်ခဲ့သူက မမင်းပူးလို့ဆိုပါတယ်။ ဘုရင်စလေငခွေးဖြစ်မယ့် မင်းလောင်း လှေထိုးသားဘဝနဲ့ အဲဒီဒေသရောက်တော့ မမင်းပူးက အကြော်သည်ပါတဲ့။ အကြော်စားရင်း ဗေဒင်ဟောတော့ စလေငခွေးကို ဘုရင်သေချာပေါက်ဖြစ်မယ်လို့ဟောပါသတဲ့။ ဘုရင်ဖြစ်ရင်သူ့ကို မမေ့ဖို့လည်းပြောတယ် ဆိုပါတယ်။ အတိုချုပ်ရရင် စလေငခွေး ဘုရင်ဖြစ်တယ်ပေါ့ဗျာ။ မမင်းပူးကို မေ့တယ်ပေါ့။ အဲဒါနဲ့ စိတ်နာပြီး စေတီတည်၊ လုပ်ကြံဖို့ ယန္တယားဆင်ပြီး ဘုရင်စလေငခွေးကို ဖိတ်သတဲ့။ ဘုရင်စလေငခွေးကလည်း ဖုန်းကံကြီးတဲ့အလျှောက် စေတီသွားတဲ့လမ်းမှာ ညောင်ကိုင်းက ခေါင်းပေါ်က အဲဒါဘာခေါ်ရမလဲ။ ဘုရင်ဆောင်းတဲ့ ခေါင်းပေါ်ကဟာကိုညိသတဲ့။ အဲလိုဖြစ်တာကို ပညာရှိတွေကိုမေးတော့ စေတီထဲကို အဝင်ပဲတွေ့ပြီး အထွက်မတွေ့ပါဘူးလို့ဟောပါတယ်။ အဲဒါနဲ့ ဆိတ်ကိုစေတီတော်ထဲစမ်းလွှတ်ကြည့်တာ အပိုင်းပိုင်းပြတ်ပြီးသေတယ်တဲ့။ ဘုရင်က မမင်းပူးနဲ့ အမျိုးတော်တဲ့သူတွေအားလုံး သူကောင်းပြုမယ်ဆိုပြီး ခေါ်ပါတယ်။ အရင်းရော အဖျားရော အကုန်လာကြတယ်။ ကျင်းတူးခိုင်းပါတယ်။ ကျင်းနဲ့အပြည့် ရတနာပေးမယ်လို့ပြောပြီးတော့ပါ။ ကျင်းတူးပြီးကြချိန်မှာတော့ အားလုံးကျင်းထဲဆင်းခိုင်း ခေါင်းပဲဖော်ခိုင်းထားပြီး သံဂျစ်နဲ့ဆွဲပြီး သတ်ပစ်တယ်လို့ ပြောပြပါတယ်။ တချို့ပြောတာက မမင်းပူးကို မိဘုရားမြှောက်ဖြစ်တယ်။ စေတီထီးအတင်မှာ ဘုရင်မလာလို့ အညှိုးထားပြီးလုပ်ကြံဖို့လုပ်တာလို့ ဆိုကြပါတယ်။ ဘယ်ဟာမှန်လဲ ကျွန်တော်လည်းမသိပါ။ ကြားခဲ့ရတာတွေကို ပြန်ပြောပြခြင်းသာဖြစ်ပါတယ်။ အဲဒီကနေမှ မကွေးကိုပြန်ခဲ့ကြပါတယ်။

31 January, 2012
message လေးတခု
ဒီနေ့ ဖုန်းထဲကို အောက်ပါအတိုင်း message တခုဝင်လာပါတယ်။ ပို့တဲ့နံပါတ်က 18813 ပါတဲ့။
If you use GSM repeater without licence, remove immediately. Omitting shall dealt with according to law. (MCPT)
အဲလိုဖော်ပြထားတဲ့ message ပါ။

29 January, 2012
ကြေညာတာအဲလိုလုပ်ရသလား
ဒီနေ့အင်တာကိုင်ဖို့ရာ Browser ဖွင့်တော့ Home Page ထားတဲ့ Google ကတက်မလာဘဲ ဒီအသိပေး တင်ပြချက်ဆို တာကြီးက အရင်တက်လာတယ်။
ဒါ နမူနာအနေနဲ့ ပြလိုက်တာပါ။ စာကအောက်မှာ အရှည်ကြီးကျန်သေးတယ်။ Accept နှိပ်ကာမှ ကိုယ့် Home Page ကိုရောက်တယ်။ ဘာလဲဗျာ။ အသိပေးချင်ရင် တခြားနည်းနဲ့ အသိပေးပါလား။ စိတ်ဝင်စားတဲ့သူတွေအတွက် အသိပေးချက်က အကျိုးရှိကောင်းရှိနိုင်ပေမယ့် စိတ်မဝင်စားတဲ့ ကျွန်တော်တို့လိုလူများအတွက် အင်မတန် အနှောင့်အယှက်ဖြစ်ရပါတယ်။ စိတ်လေတယ်ဗျာ။
23 January, 2012
Win - Win တဲ့လား
Win - Win ဆိုတာ Game Theory မှာ John Nash သေချာလုပ်ခဲ့တဲ့အပိုင်း ဖြစ်ပါတယ်။ သူမနာ ကိုယ်မနာပေါ့ဗျာ။ အရင် Von Nuemann တို့ အများကြီးလုပ်ခဲ့တာက zero sum အပိုင်းပါ။ zero sum ဆိုတာက 1 - 0 ဆိုရင် ကိုယ်ကအပြည့်နိုင်ပြီး 0 - 1 ဆိုရင်တော့ ကိုယ်က အပြည့်ရှုံးတဲ့ပုံစံပါ။ နောက်ပိုင်းမှာ John Nash လုပ်ခဲ့တဲ့ Win - Win အိုင်ဒီယာဟာ အင်မတန် develop ဖြစ်လာပြီး ၂ ဦး ၂ ဖက် ဆက်ဆံတဲ့ နယ်ပယ်တွေမှာ အလွန်အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါကလည်း 2 person game ပေါ်မှာ အခြေခံပြောတာပါ။ 2 person ထက်ပိုတဲ့ နေရာမှာလည်း သုံးကြပါတယ်။ သုံးတာက အရေးမကြီးပါဘူး။ ကျွန်တော်တို့က Win - Win ပဲ စဉ်းစားတာပါလို့ပြောရင် နားထောင်လို့ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် နောက်ကွယ်က ဘယ်သူက ဘယ်လောက် Win မှာလည်းဆိုတာ ဒီနေရာမှာ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်က ၉၉.၉၉၉၉ Win ဗျာ။ ခင်ဗျားတို့က ဝ.၀၀၀၁ Win ပေါ့ လို့ ဖြစ်နေရင် ဘယ်လိုလုပ်ကြမှာတုန်း။ Win - Win ကတော့ ဖြစ်နေတာပဲလေ။
အမှားကြီးထဲမှာ
အမှားကြီးထဲမှာ အမှန်လေးတွေ ရှိနေနိုင်ပါသလား။
သက်သေပြချက်။
မရှိနိုင်ပါ။ ဘာဖြစ်လို့လဲဆိုရင် X ကို အမှားတွေစုထားတဲ့အစုလို့ ဆိုပါစို့။ အမှားတွေစုထားတဲ့အစု ဖြစ်နေတာကြောင့် X ထဲက ဘာကိုယူယူ (ဘယ်element ကိုယူယူ) အမှားတွေပါ။ ထို့ကြောင့် အမှားကြီးထဲမှာ အမှန်လေးတွေ ရှိနေနိုင်မှာ မဟုတ်ပါဘူး။
အမှားကြီးထဲမှာ အမှန်လေးတွေရှိဦးမယ်ထင်ပြီး ရှာချင်သူများသို့ ရည်ရွယ်ပါတယ်။

20 January, 2012
ဆိုင်ကယ်စီးသူများ ဦးထုပ်ဆောင်းကြပါ
၁၆-၁-၂၀၁၂ နေ့ည ၇-၀၀ နာရီ
မနက်ဖြန် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဂုဏ်ပြုလက်မှတ်တွေ အပြီးသတ်ဖို့ လုပ်နေချိန် ဖုန်းသတင်းတခုဝင်လာပါတယ်။ ညနေက ပထမနှစ် သင်္ချာကျောင်းသူတယောက် ဆိုင်ကယ် မတော်တဆဖြစ်ပြီး ဆေးရုံပေါ်ရောက်နေတယ်၊ ပါမောက္ခချုပ်ရော သင်္ချာ ပါမောက္ခဌာနမှူးပါ ဆေးရုံမှာတဲ့။ သတိမရဘူး၊ မန္တလေးကိုပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ထပ်ပြီးသိရတာက အဲဒီနေ့ညနေမှာ GTU ကဆရာတယောက် လည်း ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဆေးရုံရောက်နေသတဲ့။ သူလည်း သတိမရလို့ မန္တလေး ပို့မယ်ပြောပါတယ်။ နှစ်ယောက်လုံး မန္တလေးကိုပို့ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့သတင်းကြားရတာ နှစ်ယောက်လုံး ဆုံးပြီတဲ့။ နှစ်ယောက်လုံးက ခေါင်းမှာ ဒဏ်ရာရကြတာပါ။ ဆိုင်ကယ်စီးဦးထုပ်သာပါရင် ဆိုတဲ့အတွေးတခု ကျွန်တော့်ရင်ထဲ ဝင်ရောက်လာပါတယ်။ စိတ်မကောင်းလည်း တော်တော်ဖြစ်မိပါတယ်။ စိတ်မကောင်းလို့ ဘာဆက်ရေးရမှန်းလဲ မသိတော့ဘူးဗျာ။ အားလုံး ယာဉ်အန္တရာယ်ကင်းဝေးကြပါစေဗျာ။
10 January, 2012
Scribd
အရင်တခါ ပိတ်သွားပြီလို့ ပြောဖူးတဲ့ scribd.com ဒီနေ့ပြန်ပွင့်နေတာတွေ့ရပါတယ်။ ကျွန်တော်တို့တွေ စာအုပ်နဲ့ပတ်သက်လို့ အားကိုးအားထားလုပ်နေတဲ့ site ပါ။ တယောက်နဲ့တယောက် ဖိုင်တွေ share လုပ်ရာမှာလည်း အင်မတန်အသုံးဝင်တဲ့ site ဖြစ်ပါတယ်။
Subscribe to:
Comments (Atom)