ဒီနေ့ဟာ အမျိုးသားနေ့ဖြစ်ပါတယ်။ အမျိုးသားနေ့ဆိုတော့ ရုံးပိတ်တာပေါ့ဗျာ။ ရုံးပိတ်တော့ ကျောင်းလည်း မသွားရဘူးဗျ။ စောစောထပြီး မြက်ဆက်ရှင်းဖို့ ချိန်းထားတယ်။ သူတို့ကတော့ မေးရှာပါတယ်။ ဘယ်အချိန် လာရမလဲတဲ့။ ကျွန်တော်လည်း နိုးတဲ့အချိန်လာခဲ့ကွာ လို့ပြောလိုက်မိတယ်။ သူတို့လာရင်တော့ ကိုယ့်ကို နှိုးမှာပဲလို့ စိတ်အေးလက်အေးအိပ်တာပေါ့ဗျာ။ ကျွန်တော် မနက် ၉ နာရီမှာနိုးပါတယ်။ ဒီကောင်တွေ မနှိုးဘဲ သူတို့ဟာသူတို့များ ချနေကြပြီလားလို့ ထင်မိတာပေါ့ဗျာ။ ကိုယ်တော်ချောများက မလာသေးဘူးဗျ။ မနေ့က ငါနိုးတဲ့အချိန်လာခဲ့လို့ ပြောမိတာ မှားပြီနဲ့တူတယ်လို့ တွေးမိပါတယ်။ အကြော်နဲ့ ထမင်းစား၊ ကော်ဖီသောက် နေတုန်း ၉ခွဲလောက်မှ ရောက်လာကြတယ်။ မြက်တွေဆက်ရှင်း မီးပုံရှို့ ချကြတာပေါ့ဗျာ။ မြက်တွေကလည်း တော်တော်သန်တယ်ဗျ။ မသိတဲ့သူဆိုရင် မြက်စိုက်ထားသလားလို့ အထင်မှား လောက်တယ်။
တနေ့ညက အ၀တ်လျော်စက် ရေထုတ်တုန်း မြွေတစ်ကောင်တွေ့လို့ လှမ်းရိုက်လိုက်ပါတယ်။ သေသေချာချာ မထိတော့ မသေဘူးဗျ။ ရှုး ရှုးနဲ့ မှုတ်ပြီး ပြေးပါတယ်။ ကြားဖူးနားဝအရ ဒါမြွေဟောက် ဖြစ်နိုင်တယ်လို့တော့ စိတ်မှာ ထင်မိတယ်ဗျ။ တုတ်ကလည်းအမာဆိုတော့ ရိုက်လို့မကောင်းဘူးဗျ။ ထောက်နေတယ်။ ရိုက်လို့မကောင်းတော့ သိပ်လည်း အနားမကပ်ရဲတာနဲ့ တုတ်နဲ့လှမ်းပြစ်ပါတယ်။ အဲဒီကျမှ နောက်တစ်ခါရှုးပြီး ပါးပြင်းထောင်ပြတယ်ဗျ။ တိရိစ္ဆာန်ရုံမှာပဲ မြွေဟောက်မြင်ဖူးတာပါ။ အပြင်မှာ အခုလို နဖူးတွေ့ဒူးတွေ့ကြုံရတော့ လန့်တော့သွားတာပေါ့ဗျာ။ မြွေဆိပ်ဖြေဆေးကလည်း ရှား ဆိုလားပဲ။ တလောက မကွေးမှာအတုလုပ်လို့ ဖမ်းတဲ့သတင်း ပါလာတဲ့ဂျာနယ် ရောင်းမလောက်ဘူးဗျာ။ ရောင်းကောင်းမှ ကောင်းဆိုပဲ။ အဲ မြွေအကြောင်း ဆက်ရဦးမယ်။
လက်ထဲလည်းတုတ်မရှိတော့လို့ ကိုယ်ကတုတ်ပြေးယူတုန်း သူကလည်းပြေးပါတယ်။ လွတ်သွားတယ် ပေါ့ဗျာ။ အဲဒါနဲ့ပဲ ဒီနားကမြက်တွေတော့ ရှင်းရဦးမယ်လို့ စိတ်ကူးရင်း မနေ့ညနေကစရှင်းကြပါတယ်။ တော်တော်တော့ လုပ်ရဦးမှာပါ။ အဲဗျာ အမျိုးသားနေ့လို့ ခေါင်းစဉ်တတ်ပြီး မြက်ရှင်းတဲ့ အကြောင်းရောက် သွားတယ်။ အမျိုးသားနေ့ဆိုတာက အားလုံးသိပြီးသားပဲဗျာ။ ဟုတ်တယ် မဟုတ်လား။
ကျွန်တော်နဲ့အတူ မြက်ကူရှင်းပေးကြသော မကွေးတက္ကသိုလ် သင်္ချာဌာန မှ နည်းပြများဖြစ်ကြတဲ့ ဦးရာဇာဝင်း၊ ဦးဝင်းသိန်းထွန်း၊ ဦးဇော်မျိုးထက် တို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း။
No comments:
Post a Comment