13 November, 2009

ပွင့်ဖြူမြို့သို့

မနေ့ကကျောင်းရောက်တော့ ကျွန်တော်တို့ဌာနက တွဲဖက်ပါမောက္ခဆရာကြီး ဦးခင်မောင်ဌေး ရဲ့ မိခင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒါနဲ့ပဲ နာရေးသွားမေးဦးမယ်ဆိုပြီး ဘယ်မှာနေကြတာလဲ မေးကြည့်တော့ ပွင့်ဖြူမြို့ မှာတဲ့။ ကျွန်တော်က နာရေးကိစ္စ ကိုယ်လက်လှမ်းမှီတဲ့နေရာမှာဆိုရင် ကိုယ်တိုင်သွားလေ့ ရှိပါတယ်။ ဘယ်နှစ်မိုင်လောက်ဝေးလဲ စုံစမ်းတော့ ၂၇ မိုင်ဝေးတယ်တဲ့။ ၂၇ မိုင်ဆိုရင် သိပ်မဝေးဘူးလေ။ သွားမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပြီးသကာလ ဆရာကြီးရဲ့ အမေနာမည်၊ လိပ်စာ ဆက်စုံစမ်းပါတယ်။ ဘယ်လိုမှ မသိရဘူးဗျာ။ ဘယ်သူ့သွားမေးမေး ယောင်ဝါးဝါးပဲ။ သိသိ မသိသိ ရောက်အောင်သွားဖို့တော့ ဆုံးဖြတ်ပြီးသားပါ။ ဟိုရောက်မှ ရအောင်စုံစမ်းမယ်ပေါ့။ ညရောက်တော့ တစ်ခုသတိရလိုက်တယ်ဗျ။ တပည့်မ တစ်ယောက် ပွင့်ဖြူကလို့ထင်တာပဲ။ သူကရန်ကုန်မှာအခု။ ဒါနဲ့ပဲ သူ့ဆီဖုန်းဆက်တော့ ဟုတ်သဗျာ။ သူက အဲဒီက။ သူ့ဆီက နာမည်ရော လိပ်စာပါရသဗျာ။ သူ့အိမ်ပါ ၀င်လည်သွားပါဦး၊ သူအိမ်ကိုဖုန်းဆက်ထားပါ့မယ် လို့ဆိုပြီး သူ့အိမ်လိပ်စာပါ ပေးပါတယ်။ သူ့ဆီလှမ်းဆက် သွယ်တာ မှန်သွားတာပေါ့ဗျာ။ ဒါနဲ့ပဲ ဆိုင်ကယ်လေချိန်၊ အင်ဂျင်ဝိုင်လဲ ဆောင်ရွက်ဖွယ်ရှိသည်များကို ဆောင်ရွက်လိုက်တာ ည ၂နာရီခွဲသွားပါတယ်။ TV ဖွင့်ကြည့်တော့ ESPN က U17 ပွဲလာနေသဗျ။ စပိန် နဲ့ အိမ်ရှင် နိုက်ဂျီးရီးယားပွဲ။ စပိန်ကလည်း ရှုံးနေလိုက်တာဗျာ။ ၃ - ၁ တဲ့။ ဘောပွဲလေးပြီးမှ အိပ်ရာဝင်။

မနက် ဆရာဝင်းသိန်းဦးက လာနှိုးပါတယ်။ ၆ နာရီမှာပါ။ မုန့်ဆိုင်ဝင် မနက်စာစားပြီး ၆ နာရီ ၄၅ မိနစ် လောက်မှာ မကွေးကစထွက်လာပါတယ်။ မင်းဘူးရောက်တော့ ။ အဲဒီကမှ စကု၊ နောက် ကျောင်းတော်ရာ နဲ့ ပွင့်ဖြူကို လမ်းခွဲ လယ်ကိုင်းရွာ။ လယ်ကိုင်းကနေ ကျောင်းတော်ရာကို ၄ မိုင်ပါ။ ကျွန်တော်တို့သွားမယ့် ပွင့်ဖြူကိုက ၇ မိုင်ဗျ။ မှာ ပွင့်ဖြူကိုရောက်ပါတယ်။ ဆရာကြီးအိမ်ဝင်၊ စကားပြော၊ ဌာနကလူကြုံပါး လိုက်တဲ့ အကူငွေပေး၊ ကျွန်တော်တို့က အကူငွေလို့ ခေါ်တာ။ ကျွန်တော်တို့ဆီကို တောင်ကြီးပြောင်းလာတဲ့ ဆရာမကြီး ဒေါက်တာနန်းအေးဆွေက သွေးသောက်ကြေး တဲ့။ ခနနေပြီးသကာလ ၀ါဝါတို့အိမ်ဝင် ပြီးတော့ မကွေးကိုပြန်လာကြတာ  မှာ မကွေးကိုပြန်ရောက်ပါတယ်။ အပြန်လမ်းမှာ ဆိုင်ကယ်က ခနခန ထိုးရပ်တာ ကလွဲရင် အားလုံးအဆင်ပြေတဲ့ ခရီးပါ။

No comments: