28 November, 2009

ဒီနှစ်ဆောင်း

ဒီနှစ်ဆောင်းက တစ်မျိုးတော့ တစ်မျိုးပဲဗျ။ မကွေးမှာပြောတာနော်။ အဲလိုပြောတော့ ကိုယ်ကပဲ မကွေးအကြောင်း နောကြေနေသယောင်ယောင်။ အနေကြာနေသလိုဖြစ်နေလား မသိဘူး။ ကျွန်တော် မကွေးရောက်တာ ၂ နှစ်ပြည့်တော့မယ်ဗျ။ ရောက်တုန်းက ၂၀၀၇ ဖေဖော်ဝါရီဆိုတော့ ဆောင်းကုန်ခါနီး ရောက်လာတာလေ။ ၂၀၀၈ ဆောင်းကောင်းကောင်းကြုံရပါတယ်။ အခုရေးမှာက ၂၀၀၉ ဆောင်းပေါ့ဗျာ။ ကျွန်တော် ငယ်ငယ်ကတည်းက သိထားတာလေး တစ်ခုရှိတယ်ဗျ။ ရာသီဥတု တစ်ခုနဲ့ တစ်ခုအပြောင်းမှာ မိုးရွာပြီးမှ ပြောင်းလေ့ရှိပါတယ်။ ဒီနှစ် မကွေးမှာ မိုးမရွာဘဲ ဗြုန်းဆို ထအေးပါတယ်။ ဆောင်းတန်းရောက် တာကိုပြောတာပါ။ နိုဝင်ဘာ ပထမပတ်ထဲမှာ အေးစပြုလာလို့ အေးတော့မှာပဲလို့ ထင်တာ ဘယ်ဟုတ်မှာတုန်း ပြန်ပူတယ်ဗျာ။ အခု နိုဝင်ဘာ နောက်ဆုံးပတ်မှာမှ မပြောမဆို ထအေးပါတော့တယ်။ ကျွန်တော်ပြောခဲ့တဲ့ ရာသီဥတုပြောင်းတဲ့မိုးလည်း မရွာပါဘူး။ ရာသီဥတုတွေလည်း ဘာဖြစ်ကုန်ပြီလဲ မသိပါဘူးဗျာ။ အဲလိုဖြစ်တော့ တချို့ကပြောပါတယ်။ နွေမှာ ပိုပူလိမ့်မယ်တဲ့။ ကျွန်တော်တို့ မကွေးက ဒီနှစ်ဆောင်း ဖြစ်ပုံလေးပါ။

No comments: