ဒီနေ့ ဘလော့လေးပြင်ဖို့လုပ်ရင်း ကြည့်လိုက်တော့ Blogspot ကိုပြန်ဖွင့်ပေးထားတာတွေ့ရတယ်ဗျ။ ဒါနဲ့ပဲ ကျွန်တော်စာအုပ်တွေဒေါင်းလုပ် လုပ်နေကြဆိုဒ်ဖြစ်တဲ့ 4shared.com ကိုဖွင့်ကြည့်တော့ ဒီအတိုင်းပဲရတယ်ဗျ။ ဘာအတွက်ပြန်ဖွင့်ပေးတာလဲတော့မသိဘူး။ ဘာအတွက်ပဲဖွင့်ပေး ဖွင့်ပေး ကျွန်တော်တို့အတွက်ကတော့ ကောင်းတယ်ဗျ။ နို့မို့ရင်ကျော်ရတာနဲ့တင် စာအုပ်တွေလည်း ဒေါင်းလို့မရ၊ ဘလော့ထဲလည်း ခက်ခက်ခဲခဲ ၀င်ရနဲ့ပါ။ ကျွန်တော်တို့သုံးတာ MPT iPStar ပါ။ ပြန်ဖွင့်ပေးတာကို ကြိုဆိုပါတယ်ဗျာ။
၁၄-၇-၂၀၁၀ နံနက် ၁၀ နာရီလောက်မှာ ပြန်ပိတ်သွားပါတယ်။
၁၄-၇-၂၀၁၀ နံနက် ၁၀ နာရီလောက်မှာ ပြန်ပိတ်သွားပါတယ်။
No comments:
Post a Comment