23 July, 2010

ကျူရှင်ပေးမည်

တစ်ရက်က ကိုလူပျိုကြီးဆီက message တစ်ခုလာပါတယ်။ သူနဲ့ ကျွန်တော်က MZ မှာသိကြတာပါ။ အဲဒီတုန်းက Latex မှာ မြန်မာလိုရိုက်တဲ့ကိစ္စ သူစမ်းနေကြောင်း ကျွန်တော်ကိုပြောပါတယ်။ အခုတော့ ဘယ်လိုဆိုရတယ်ဆိုတဲ့အကြောင်း သူ့ဘလော့မှာ ရေးထားပါတယ် ဆိုလို့ ကျွန်တော် သွားဖတ်ပါတယ်။

ကျွန်တော်က သင်္ချာရိုက်ရင် Latex သုံးလေ့ရှိပါတယ်။ အဲဒါဖတ်ရင်နဲ့ ဆရာအော်ပီကျယ် ရဲ့ကာတွန်း တစ်ပုဒ် တွေ့တာ သဘောကျလို့ ကူးထားရင်းပြန်ဖော်ပြလိုက်တာပါ။

ကျွန်တော်လည်း ရေသောက်နည်း သင်ပေးချင်ပါတယ်။ မတတ်မချင်း သင်ပေးပါ့မယ်။ ရေသောက်တယ် ဆိုတော့ ဟာလွယ်လွယ်လေးပဲလို့ အထင်မစောစေချင်ပါဘူး။

No comments: